Lorem Ipsum

ကောက်ညှင်းပေါင်းနဲ့ အကြော်စုံ

 Saturday, January 29, 2011





ဒီနေ့မနက်တော့ ကောက်ညှင်းပေါင်းနဲ့ အကြော်စားပါတယ်။ ကောက်ညှင်းဆန်နဲ့ပဲကို ညကတည်းက ရေဆေးပြီး စိမ်ထားလိုက်တယ်။ မနက် ထမင်းပေါင်းအိုးထဲမှာ ပေါင်းပါတယ်။ ၄၅မိနစ်ဆိုရပါပြီ။ သူနဲ့စားဖို့ တိုဖူးကြော်ပါတယ်။ တိုဖူးကြော်နေတုန်း စိတ်ကူးရတာနဲ့ ကြက်သွန်နီတလုံး ပါးပါးလှီးပြီး တန်ပူရာမုန့်နဲ့ ရောနယ်ကြော်လိုက်တယ်။ ကြက်သွန်တလုံးက အကြော်၃ခု ရတယ် :) ပဲကြမ်းကြော်ကတော့ အကျန်ပါ။







ကော်ဖီကကုန်မှ တိရလို့ အထဲမှာ သိတ်မမြင်ရဘူး :)




တိုဖူးကျိုနည်းကို ညီမလေးရိုစ့် မေးထားတာကြာလှပါပြီ။ တိုဖူးကို ပဲမှုန့် ၁ဆ ရေ ၅ဆ ထည့်ကျိုပါတယ်။ ရေနဲရင် တိုဖူးက ပဲစိမ်းနံ့ရနေတတ်လို့ပါ။ ပြီးတော့ အနည်းဆုံး ၁၀မိနစ်တော့ ကျိုပါတယ်။ ပဲနှစ်အရမ်း ပြစ်ပြီး ဇွန်းနဲ့ခပ်ကြည့်တဲ့အခါ အနှစ်ပြစ်ပြီခဲနေပါစေ။  ဗန်းမှာ လောင်းထည့် အအေးခံပါတယ်။ နောက်နေ့ အေးသွာတဲ့အခါ တိုဖူးထဲက ရေထွက်နေရင် ကျိုတဲ့အခါမှာ ရေမကုန်လို့ဖြစ်ပါတယ်။ တိုဖူးကို ကုလားပဲခြမ်း ကြိတ်ပြီးလည်း ကျိုနိုင်ပါတယ်။ ပဲကိုကြိတ်ပြီး အရည်ညစ်ယူရမှာ ဖြစ်ပါတယ်။ ရတဲ့ အရည်ကို ဆားနဲနဲခပ်ပြီး ကျိုပါ။ ပြီးမှ ဗန်းထဲလောင်းထည့် အအေးခံရင်ရပါပြီ။ 

တိုဖူးပေါ်မှာ အမဲစက်လေးတွေ မြင်နေတာဟာ ကိုယ်က ဗိုက်နာမှာစိုးလို့ ငရုတ်ကောင်းမှုန့်ထည့်ထား တာပါ :) ထည့်စရာမလိုပါဘူး။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP