Lorem Ipsum

မာလာဟင်း

 Sunday, January 30, 2011


မာလာဟင်းတဲ့။ တခါမှ မစားဖူးဘူး။ မြန်မာပြည်မှာနေတုန်းက မပေါ်သေးတာလား? ဒါမှမဟုတ်ကိုယ်က နယ်ကဆိုတော့ နယ်မှာမရတာများလား? သေချာတော့မသိဘူး။ ခုတလောမှပဲ ကြားဘူးတာပါ။ တခါလောက်တော့ စမ်းလုပ်စားကြည့်မယ်လို့ စိတ်ကူးရတာလဲကြာလှပေါ့။ မာလာဟင်း အနှစ်ထုပ်က ဘယ်မှာမှ မရနိုင်ပြန်ဘူး။ ဒါနဲ့ မြန်မာပြည်ကနေပဲ မှာလိုက်ပါတယ်။ ပို့ပေးလာတာက အနှစ်ထုပ်ပဲ မဟုတ် ဘူး။  " အမှတ်တရ '' ဆိုတဲ့ သတ်သတ်လွတ် မာလာဟင်းထုပ် ပို့ပေးလာတယ်။ ပစ္စည်းသိမ်းလိုက်တဲ နေ့ကနေ မနေ့ကအထိ မာလာဟင်းကို မေ့သွားပြန်ရော။ ချောဆီမှာ မာလာကြက်သားဟင်း ဆိုမှ ကိုယ့်မှာ ရှိတဲ့အ ထုပ်ကို သတိရသွားတယ်။

မာလာဟင်း အထုပ်လေးကို ဖောက်ကြည့်တော့ မာလာ ခေါက်ဆွဲညို၊ ဖြူ၊ စိမ်း၊ မှို၊ ပန်းခြောက်၊ ပဲချောင်း၊ ကျောက်ပွင့်၊ အသားတုတွေပါတာတွေ့ရတယ်။ ဒါတွေ အားလုံးက ဒီမှာ ပေါပေါလောလောကိုရနိုင်တာပေါ့။

အနှစ်က ပဲငပိ၊ ငရုတ်သီး၊ ဆီတိုဖူး၊ ရှမ်းမုန့်ညှင်းချဉ်၊ ကြက်သွန်ဖြူနီ၊ ဂျင်း၊ ပဲငံပြာရည်၊ ပဲဆီသန့်၊ ဆား၊ သကြားတွေ ပါသတဲ့။

အမှုန့်ထဲမှာတော့ မြေပဲ၊နှမ်း၊ ကြက်သားမှုန့်၊ ငြုတ်ကောင်းမှုန့်၊ နာနတ်ပွင်း မှုန့်တွေ ပါသတဲ့။

ဒါလေးများ နောက်တခါမမှာတော့ဘူး။ဒီကိုရောက်တဲ့အထိ ၁၀ထုပ်ကို ၃၅ဒေါ်လာ ကုန်သွားတယ် :D ကိုယ့်ဖာသာပဲ လုပ်စားတော့မယ်။

မှတ်ချက်။   ။ တခုသတိထားမိတာက အမှတ်တရ၊ မြန်မာ့ရိုးရာစားဖွယ်စုံ၊ သတ်သတ်လွတ်စားဖွယ်များတဲ့။ သတ်သတ်လွတ်လို့ ရေးပြီး၊ ကြက်သားမှုန့်ပါသတဲ့။ ကြက်သားမှုန့်ပါဆို သတ်သတ်လွတ်မလား။ မြန်မာပြည်က လူတွေကရော သတိမထားသမိကြဘူးလား။ ထုတ်လုပ်တဲ့ လူတွေကရော သတိမထားမိကြတာလား။ ဒီသဘောဆို ၀ယ်စားတဲ့လူတွေက ဘာမှ ဂရုမစိုက်ပဲ ၀ယ်စားနေကြသလိုပဲ။













ကိုယ်ကတော့ ပါလာတဲ့ ခေါက်ဆွဲထုပ်နဲ့ မလောက်လို့ ခေါက်ဆွဲအ၀ါဖတ်၊(အကြီးမျိုး)၊ ကြာစွယ်၊ ရေညှိစို၊ ငုံးဥ၊ ပြောင်းဖူးအသေး၊ ခါဂျယ်ဥ၊ ပဲလိပ်ခြောက်၊ ပန်းခြောက်ထပ်ဖြည့်ပါတယ်။ တခြား အစိမ်းရောင် အရွက်တွေ မရှိဘူး။ သူ့မှာပါတဲ့ အဆာတွေ ထည့်ပြီးနယ်တော့ အရသာကမရှိသလိုပဲ ဒါနဲ့ပဲဒီလိုအနှစ် ပြန်လုပ်လိုက်တယ်။




ပဲငပိ၊ ငရုတ်သီး( တရုတ်ငရုတ်သီးကြော် နှမ်းဆီပဲဆီနဲ့ စိမ်ထားတာ) ၊ ဆီတိုဖူး၊ ရှမ်မုန့််ညှင်းချဉ်၊ ကြက်သွန် ဖြူနီ၊ ဂျင်း၊ ပဲငံပြာရည်၊ ပဲဆီ၊ အချိုမှုန့်၊ တရုတ်မုန့်ညှင်းချည်အရည်၊  ဆီတိုဖူး၊ မြေပဲနဲ့ နှမ်းလှော်ထောင်း၊ တရုတ်မဆလာရောပြီး လုပ်လိုက်တယ်။ ဒါမှ ပိုစားကောင်းလာသလိုပဲ :) အစပ်မစားတာ ၅လကြာလာ တော့ တော်တော်စပ်လို့ မစားနိုင်ဘူး။





ရှေ့ ဖက်မျက်နှာစာမှာ သတ်သတ်လွတ်စားဖွယ်များတဲ့


အနှောက်ဖက်မျက်နှာစာမှာ မြေပဲ၊ နှမ်း၊ ကြက်သားမှုန့် ဆိုတော့ ကိုယ်ကပဲ နားလည်မှု လွဲတာလား? ဒါကြောင့် ပုံတင်ပေးလိုက်တာပါ။




အစပ်ပြေ၊ ငါးမုန့်ကြော်စားတယ်။ ဒီငါးမုန့်က စားလို့ကောင်းတယ်။ နှမ်းနဲ့ ပုဇွန်ခြောက် အကောင်သေး လေးတွေပါတယ်။



ဒါက အာရှဆိုင်က ကောက်ညှင်းလုံးပါ၊ အထဲမှာ ပဲဝါလေးနှပ်ထားတာ ပါတယ်။ သိတ်တော့မကြိုက်ဘူး။




ဒါက ကျောက်ကျော လုပ်ထားတာပါ။ အရောင်စုံ သာဂူချောင်းလေးတွေကို ညကတည်းက ရေစိမ်ထားပါတယ်။ မနက်မှ နို့နဲ့ရေ ရောကျို၊ ဗီနီလာ အမွှေးရည်လဖက်ရည် တဇွန်းးထည့်၊ သကြာထည့်၊ ကျောက်ကျော၊ အထုပ်သေး တ၀က်ထည့်၊ သာဂူချောင်းလေးတွေ ထည့်ပြီး အအေးခံ ထားလိုက်တာပါ။


ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP