Lorem Ipsum

ရခိုင်မုန့်တီ

 Saturday, February 05, 2011

ရခိုင်မုန့်တီ လုပ်စားတယ်။ ညနေပိုင်းဆိုတော့ သိပ်မစားနိုင်ဘူး။ အသုပ်နဲနဲပဲ စားဖြစ်တယ်။ ဒီနေ့မနက် အရည်နဲ့ သောက်ဖြစ်တယ်။ ဘယ်လိုချက်စားသလဲ ပြောပြမယ်နော်။

ပထမဆုံး ရေနွေးတည်ပြီး ရေဆူရင် ပတဲကော၊ ဂျင်း၊ ငါး၊ ငါးပိစိမ်းစားထည့်ပြုတ်ပါတယ်။ ငါးကိုဆယ်ပြီး အရိုးနွင်ပါတယ်။ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို လှော်ပြီး အရိုးနွင်ထားတဲ့ ငါးနဲ့ရောထောင်းပါတယ်။ ပြီးမှ ငါးပြုတ်ရည် နဲနဲထည့်ပြီး လှော်ပါတယ်။

ငါးပြုတ်ထားတဲ့ အရည်ထဲကို ငါးခေါင်းနဲ့ အရိုးတွေထည့်ပြီ၊ ငရုတ်ကောင်းမှုန့်ထည့်၊ အချိုမှုန့်ထည့်ဆက် ပြုတ်ထားပါတယ်။

မုန့်ဖတ်ကို ပြုပ်ပြီး ရေအေးစိမ် ရေစစ်ထားပါတယ်။

နံနံပင်နဲ့ ကြက်သွန်မိတ် ပါးပါးလှီးထားတယ်။

ငါးဆုပ်ကို မကြော်ချင်တာနဲ့ ငါးပြုပ်ရည်ထဲထည့်ပြီး ပြုပ်ထားလိုက်ပါတယ်။

မန်ကျည်းမှည့်ကို ရေနွေးစိမ်ပြီး အနှစ်ရအောင်ယူ၊ ငရုတ်ဆီနဲ့ရောထားတယ်။

ကြက်သွန်ဖြူ ဆီချက်ချက်ထားပါတယ်။

ပဲကြော်ကြော်ထားပါတယ်။ တချို့က ၀က်ဆီဖတ် ထည့်ပြီးသုပ်ပေးတာ မြင်ဖူးလို့ ကိုယ်တွေလည်း ကြက်နဲ့ ငါးအရေခွံကို တန်ပူရာမှုန့်နဲ့ ဆန်မှုန့်ရောကြော်လိုက်တယ်။







ဒါက ဒီနေ့မနက်မှ စားတဲ့ ရခိုင်မုန့်တီ အရည်ပေါ့။ ငါးဆုပ်၊ ပဲကြော်၊ ကြက်အရေခွံနဲ့ ငါးအရေခွံကြော်၊ ငရုတ်သီးနဲ့ငါးထောင်း၊ မန်ကျည်းမှည့်ရည်၊ အကုန်ထည့်ပြီး စားပါတယ်။ အရမ်းကောင်းပေါ့း)



း)




အစုံပလုံပေါ့။ ပဲကြော်၊ ငါးနဲ့ ကြက်အရေခွံကြော်၊ ငါးဆုပ်ပြုပ်၊ ငါးနဲ့ ငရုတ်သီးလှော်ထောင်း၊ မန်ကျည်းရည်၊ ဆီကျက်၊ နံနံပင်နဲ့ ကြက်သွန်မိတ်၊ မုန့်ဖတ်၊ ဟင်းရည်တွေပေါ့။




ငရုတ်သီးစိမ်၊ ကြက်သွန်ဖြူကို လှော်ပြီး ငါးပြုပ်နဲ့ ရောထောင်းပြီး ထပ်လှော်ထားတာပါ။



ကြက်အရည်ခွံ၊ ငါးကျည်းအရေခွံ (ဟိုနေ့က ငါးသုပ်လုပ်တဲ့ အရေခွံအကျန်တွေပါ) ကို တန်ပူရာနဲ့ ဆန်မှုန့် ရောပြီး ကြော်ထားတာပါ။ ကြွပ်ကြွပ်လေးနော်။




ဒါက ညကသုပ်စားတဲ့ ချဉ်ငံစပ် ရခိုင်မုန့်တီသုပ်လေးပေါ့း)




ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP