Lorem Ipsum

အာပြဲခြောက်ကင်နဲ့ မျှစ်နဲ့ချဉ်ပေါင်ဟင်း

 Sunday, February 06, 2011



ငါးနှပ်ခြောက်ကင်ပါ။ ငါးနှပ်အစိမ်းကို တခါမှမစားဘူး မမြင်ဘူးပေမဲ့၊ ငါးနှပ်ခြောက်ကိုတော့ ခဏခဏ စားတယ်။ ကချင်မှာတော့ အာပြဲခြောက်တဲ့။ တပေါင်ကို ၈ဒေါ်လာပေးရပေမဲ့ စားဖြစ်ပါတယ်။ သွေးတိုးသာ ရှိတာ ငါးခြောက် ငါးပိကလွဲရင် ကျန်တာ မစားချင်ဘူး :)






ငါးနှပ်ကို အရွယ်တော် အတုံးလေးတွေ တုံးပြီး ရေခဏစိမ်ထားတယ်။ ပြီးမှ ရေဆေး ရေစစ်ထား။ ရေခြောက်ရင်။ အိုဗဲန်ကို ၄၅၀ Fံ ၅မိနစ် ကြိုလုပ်ထားပြီး၊ ငါးခြောက်တွေ ဆီထည့်ပါတယ်။ (မီးနဲနဲနဲ့ ကင်ရင် ကြွပ်သွားမှာစိုးလို့ များများနဲ့ မြန်မြန် ကင်တာပါ) ငါးခြောက်ရလောက်ရင်၊ သေချာထု ဆီကိုပူ အောင်လုပ်ထားပြီး ငါးခြောက်ပေါ် ဆမ်းလိုက်ပါတယ်။






ချဉ်ပေါင်နဲ့မျှစ်ကို ထမင်းနဲ့ နယ်စားလို့ရအောင် ပြစ်ပြစ်လေးချက်တယ်။ အစပ်ချက်လေးပါ။





ဘိုစားပဲသီး တထုတ်ကျန်နေတာနဲ့ ကြက်သွန်ဖြူ၊နီပါးပါးလှီးပြီး ကြက်သားမှုန့်လေးထည့်ကြော်တယ်။




ခင်မင်စွာဖြင့်
Baby taster







Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP