Lorem Ipsum

ခေါက်ဆွဲများ

 Sunday, February 20, 2011

နေမကောင်းဖြစ်နေလို့ ပုံတွေ တင်နိုင်အုံးမယ်မထင်ဘူး။ ဆရာဝန်ညွန်ကြားချက်အရ ကျန်းမာရေးကြောင့် ခဏလောက်တော့ နားပါ့မယ်။ မကြာခဏတော့ တင်ပါ့မယ်။ အခုလည်း စားတာလေးတွေ တင်ပေးထား ပါတယ်။


ထိုင်းခေါက်ဆွဲပါ။ မုံညှင်းရွက်နဲ့ ဖက်ထုတ်လေးတွေ ထည့်ရောင်းတယ်။ ၀က်သားကင်ထည့်ပေးသလို ငါးဆုပ်လုံးတွေလည်း ထည့်ပေးတယ်။ စားလို့အရမ်း ကောင်းတယ်ပြောရမယ်။ မြန်မာခေါက်ဆွဲတွေလို ဆီတွေမများဘူးပေါ့။ အရိုးတမျိုးမျိုးပြုပ်ပြီး ငါးဆုပ်၊ ဖက်ထုပ်၊ ကြက်သားပြုပ်ထည့်၊ မုံညှင်းရွက်ထည့်၊ အချဉ်အတွက်၊ ဗီနီကာနဲ့ ငရုတ်သီးစိမ်ထားတာ ထည့်ကြသလို (ငရုတ်သီးနဲ့ ဗီနီကာ ကြိတ်ပြီးလည်း ထည့်ကျပါတယ်) ကြက်သွန်ဖြူဆီကျက်၊ ငရုတ်သီးအကြမ်းမှုန့်၊ မြေပဲလှော်ထောင်း၊ သကြာနဲ့ ငံပြာရည်ရှိ ရင်ရပါပြီ။



ကိုယ်ကတော့ ကြက်သားပြုတ်ရယ်၊ တိုဖူးနဲ့ ကြက်သားလုံးရယ်၊ ငါးဆုပ် ၂မျိုးရယ်၊ ကြက်သားဖက်ထုပ်ရယ်၊ ငါးမှုန့်ခြောက်ကြော် ထည့်စားပါတယ်။




ညနေတော့ ဆီကျက်ပုံဆံလေး အခြောက်ပဲ စားလိုက်တယ်။ ကြာညို့ပဲ ပိုထည့်ပြီးစားပါတယ်။





အမဲခြေထောက် စတူးလုပ်တုန်းက ခေါက်ဆွဲဖတ်ပြုတ်ပြီး ရေားစားပါတယ်။




ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP