Lorem Ipsum

ခေါက်ဆွဲများ (၂)

 Saturday, April 02, 2011

နေမကောင်းတုန်းက ဒါတွေ လှိမ့်ပိန့်ပြီး တနေ့တမျိုး မရိုးအောင် စားပလိုက်တယ်း) ဆန်ခေါက်ဆွဲပေါ့။ ကိုယ်က ကြက်ရိုး အမဲရိုး အမြဲပြုပ်ထားလေ့ရှိတော့ စားခါနီ လွယ်ကူတာပေါ့။ ဘာမှမရှိလည်း ဆီကျက်လေးပဲ ထည့်ပြီး စားတာပဲ။ ခေါက်ဆွဲကြော်ထက် ခေါက်ဆွဲပြုပ်တွေ ပိုနှစ်သက်တယ်။




ဆန်ခေါက်ဆွဲပေါ့။ ခေါက်ဆွဲကို ရေကြိုစိမ်ထားတယ်။ ပြီးမှ ပြုပ်လိုက်ယုံပဲ။ တကယ့်မြန်မာပြည်က ဆန်ခေါက်ဆွဲ အတိုင်းပဲ။ မြေပဲ၊ နှမ်း၊ ကြက်သွန်ဖြူ၊ တရုတ်မဆလာကိုရောပြီး ဆီကျက်ချက်ထား တာထည့်တယ်။ ဆီကြော် မစား ရဘူး ပြောပေမယ့် ပဲကပ်ကြော်တော့ ထည့်လိုက်သေးတာပဲ။ နံနံပင်ရယ်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီး စိမ်း ကြိတ်ထားတာထည့်၊ ငရုပ်ကောင်းမှုန့်ထည့်၊ အရိုးပြုပ်ရည် ထည့်ပြီး စားတာပေါ့။


စားဖို့ အဆင်သင့်ပေါ့း)







ဆန်ခေါက်ဆွဲဖတ် အများကြီးပြုပ်ထားတော့၊ ကျန်တဲ့ ခေါက်ဆွဲကို အဆာပလာတွေထည့်၊ သုမ့်မြန်အမှုန့် နဲနဲထည့်၊ အရိုးပြုပ်ရည်ထဲ ကြက်ဥတလုံးဖောက်ထည့်၊ ပုဇွန်ထည့်ပြီး စားလိုက်တာပဲ။


ဒီခေါက်ဆွဲဖတ်ကိုပဲ ကြက်သားအကြေသားတွေ လုံးထည့်ပြီး အဆာပလာထည့်စားပြန်တယ်း) ကျေးဇူး ရှင်က ဒီလိုခေါက်ဆွဲတွေ သိတ်မစားဘူးလေ။ ခေါက်ဆွဲတထုပ်က အများကြီးရပါတယ်။




ဒါကတော့ ခေါက်ဆွဲ အ၀ါထုတ်မျိုးပါ။ ခေါက်ဆွဲသုပ်လုပ်စားမလို့ပါ။ ဒါပေမယ့် အသုပ်ထက် အရည် ပိုကြိုက် တဲ့ကိုယ်က မှိုရှည်ရှည်နဲ့ ငါးဆုပ်လုံးတွေ ပြုပ်ပြီး ဒီတိုင်းစားဖြစ်တယ်။ ကောင်းပါ၏




တိုဖူးပျော့စားပြန်တယ်။ အရင်ကရေးဖူးတော့ ထက်မရေးတော့ဘူးနော်။




ဒါက ဂျူံခေါက်ဆွဲပါ။ ပြုပ်ထားလိုက်တယ်။ ဘာလုပ်စားရမှန်း မသိတာနဲ့ ဂဏန်းသားရယ်၊ ကင်းမွန်ရယ်၊ မှိုရယ်၊ ခဲရောတ့်နဲ့ ကညွတ်တို့ကို ပါးပါးလှီးပြီး ခရုဆီနဲ့ကြော် အရိုးပြုပ်ရည်လေးထည့်၊ ငရုပ်ကောင်းဖြူးပြီး စားလိုက်တယ်။



ဂျူံခေါက်ဆွဲ ကျန်နေတော့ ပဲကပ်ကြော်ရယ်၊ ကြက်ဥပြုပ်ရယ်၊ ဆီကျက်၊ ပဲမှုန့်၊ မန်ကျည်းမှည့် ငံပြာရည်၊ ထည့်ပြီး သုပ်စားပါတယ်။





ဒါလည်း ဂျူံခေါက်ဆွဲပါပဲ ပဲပြားနဲ့သုပ်ထားတာပါ။







ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP