Lorem Ipsum

ကြက်သားပေါက်စီ

 Sunday, April 03, 2011

ပေါက်စီ လုပ်စားမယ်ဆိုပြီး ဂျူံဖောက်ပြီး နယ်ဖို့ အသင့်ဖြစ်တော့ နွားနို့ကမရှိဘူး။ နို့မရှိတော့လည်း ရေနဲ့ နယ်ကာရှိသေးတယ် ဖုန်းဝင်လာတယ် အရမ်းအရေးကြီးလို့ ခဏလောက် လာပေးပါလားတဲ့။ ဂျူံကို ကောင်းကောင်းတောင် မနယ်နိုင်ဘူး။ ပြစ်ထားပြီးသွားလိုက်တာ ညနေမှ ပြန်ရောက်တော့တယ်။ ဂျူံကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်တာ ဒီမနက်တော့ မာကတောင်နေပြီ :) နဂိုကတည်းက မလုပ်တတ်ရတာ ခုလိုဆိုတော့ ပိုဆိုးပေါ့ကွယ် :P



လကမ္ဘာလိုပဲ ချိုင့်တွေ ၀ှမ်းတွေနဲ့ မလှပေမဲ့ စားကောင်း၏း)



ဒီဂျူံထုပ်နဲ့လုပ်တာပါ။ နို့၊ ဆီ(အနည်းငယ်) ၊ သကြား လိုအပ်သလောက်ကို (အချိန်အဆ နောက်ကျောဖက် မှာ ပါပါတယ်) ရောနယ်ပြီး ၁၅မိနစ်နှပ်ထားရပါတယ်။ ၁၅မိနစ်ပြည့်ရင် နောက်ထပ်နယ်ပြီး မိနစ်၃၀ နှပ် ထားရပါ့မယ်။ ပြီးမှ တထုပ်စာကို အတုံး ၁၂ခုဖြတ်ပြီး အဆာသွပ်ရပါ့မယ်။




ကိုယ်ကတော့ တ၀က်လောက်ပဲ လုပ်တာဆိုတော့ ၅တုံးပဲ ယူလိုက်တာပါ။ ဒါကို တလှိမ့်တုံးနဲ့လှိမ့်ရ ပါတယ်။ ကိုယ့်မှာတော့ ဂျူံက သိပ်မနှပ်လိုက်ရဘူး။ နောက်တခုက နို့လည်းမရှိဘူး။




အဆာအတွက်ကို ကြက်သားကို နုပ်နုပ်စဉ်းပါတယ်။ ပြီးမှ ကြက်သွန်နီများများနဲ့ ကြော်ပါတယ်။ ကြက်သွန်ဖြူ  တမွှာနဲ့ ဂျင်းလက်တဆစ်စာကို ထောင်းထည့်၊ ငရုပ်ကောင်းမှုန့်၊ သကြား၊ ပဲငံပြာရည်အ ကြည်၊ တရုတ်မဆလာ အနည်းငယ်ထည့်။ နောက်ဆုံးမှာ ဂျူံမှုန့် တဇွန်းထည့်ပါတယ်။ ကြက်ဥကိုပြုပ်ပြီး လေးစိတ်စိတ်ထားပါတယ်။





ကိုယ်က သူများလိုတော့ အပွင့်မဖော်တတ်ဘူး။ ဒီလိုပဲ အသားထည့်၊ ကြက်ဥပြုပ်တစိတ်ထည့်ပြီး လုံးလိုက်တယ်။ စက္ကူခံပေါ်တင်ပြီး အပေါ်ကနေ ကတ်ကျေးနဲ့ ကြက်ခြေခတ်လေးလုပ်လိုက်တယ်။ ပြီးရင် ပေါင်းပေတော့ ၄၅မိနစ်။ ရပါပြီ ပေါက်ဆီ။












ဒီအထုတ်က မြန်မာပြည်က ပေါက်ဆီအနံ့လေးနဲ့ပါ။ မြန်မာမှာဆို ရေထဲကို မီးသွေးတခဲနဲ့ ယမ်းစိမ်းနဲနဲ ထည့်တယ်ပြောတာပဲ အဲ့လိုအနံ့မျိုးရပါတယ်။


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP