Lorem Ipsum

အမဲအူချက်နဲ့ အစိမ်းကြော်

 Monday, April 04, 2011







အမဲအူချက်ပါတယ်။ ဗီယက်နာမ် ဆိုင်မှာ လတ်လတ်ဆတ်ဆတ် ရတယ်။ ဒါပေမဲ့ ကိုယ့်ဟာကို သန့်ရှင်းအောင် လုပ်ရတာက တမနက်လုံးပဲ။ ခြေထောက်ပါ ညောင်းတယ်။ ပထမဆုံး အားလုံးကို လိုသ လောက်အတုံးလေးတွေ လုပ်ထားပါတယ်။ အဆုတ်နဲ့ ကြောက်ကပ်ကလွဲရင်ပေါ့ (မစားလို့ပါ) ဆား၊ ဆနွင်း၊ အရောင်တင်၊ မဆလာ၊ ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ငရုတ်သီးခြောက်၊ စပါးလင်တို့ကို ကြိတ်ပြီး အူစုံထဲ ထည့်ပြီး နယ်ပါတယ်။ ဆီ အဆင်သင့်ဖြစ်ရင်၊ သစ်ဂျပိုးခေါက်နဲ့ ကရဝေးရွက်ထည့် ဆီသတ် ကြက်သွန်နီ ပါးပါးလှီး ထည့် ဆီသတ်ပါတယ်.( အနှစ်များအောင်လို့ပါ) ကြက်သွန်ရရင် နှပ်ထားတဲ့ အမဲအူထည့်ပြီး ဆီပြန် လာအောင် ကြော်ပါတယ်။ ဆီပြန်လာရင် ရေမြုပ်အောင်ထည့်ပြီး အမဲအူနူးတဲ့ အထိ ချက်ပါတယ်။ ( အမဲအ သဲကိုတော့ ဟင်း ကျက်ခါနီးမှထည့်ပါတယ်။ မာသွားတတ်လို့ပါ) အနှစ် အနေတော် လိုချင် သလောက် ဖြစ်ရင် မဆလာနဲနဲ အုပ်ပြီး ချလို့ရပါပြီ။






 
ဒါကရုံးပတေသီးကြော်ပါ။ ဒီလို သေးသေးပုပုလေးတွေ တခါမှမတွေ့ဖူးဘူး။ ကုလားဆိုင်ကရလို့ ယူလာ တာ။ ခရုဆီနဲ့ ကြက်သွန်ဖြူ ဆီသတ်ပြီး ကြော်ထားပါတယ်။



မုန့်ညှင်းဖူးနဲ့ ငါးဆုပ်ကို ဘဲဥဆားငန်ပြုပ်ပြီး ကြော်ထားတာပါ။ ကြက်သွန်ဖြူနဲ့၊ ငရုတ်သီးစိမ်းဆီသတ်၊ ငါးဆုပ်ထည့်၊ ဘဲဥဆားငံခြေထည့်( ပြုပ်ပြီးသား) မုံညှင်းထည့်ကြော်၊ ငံပြာရည်ထည့်စရာမလိုဘူး။ ဘဲဥက ငံနေလို့။ ဒါတွေနဲ့စားတယ်။ ငရုတ်သီးကြော် ရှိနေတာနဲ့ သရက်သီးသနပ် ကုလားဆိုင်က ၀ယ်ထားတာနဲ့ တွဲစားတယ်။ ငရုပ်သီးကြော်ကတော့ တင်ပြီးသားမို့လို့ မတင်တော့ပါဘူး။



ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP