Lorem Ipsum

ကြက်သားနဲ့သီးစုံဟင်း၊ ပုစွန်ငါးပိကြော်နဲ့ ခရမ်းသီးဟင်း

 Monday, April 25, 2011


ကြက်သားကို ကြော်ပြီ၊ ဆူခီနီရယ်၊ ခဲရောတ့်ရယ်၊ အာလူးရယ်၊ စတော်ပဲစိမ်းရယ်နဲ့ ရောချက်လိုက်တယ်။ ပထမဆုံး ကြက်သားကို ရေဆေး အရွယ်တော် တုံးပြီ ဆားဆနွင်းနယ်ပြီ ကြော်လိုက်တယ်။ အပေါ်ရေ လေးတင်းအောင် ကြော်တာပါ။ ကြက်သားကို ဆယ်ထားပြီ ကျန်တဲ့ဆီမှာ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း ထောင်းပြီ ဆီသတ်ပါတယ်။ အနှစ်ရရင် အာလူး၊ ဘေဘီခဲရောတ့်နဲ့ ကြက်သားထည့်၊ ဆား၊ အချိုမှုန့်နဲ့ မဆလာ မှုန့်ထည့်၊ ရေဆူမြုပ်အောင်ထည့်၊ ကြက်သားနဲ့ ခဲရောတ့်နူးလာရင် ဆူခီနီနဲ့ ပဲစိမ်းလုံးထည့် ဆူခီနိ နူးရင် ရပါပြီ။




အိုးလိုက် ရိုက်တယ်ကွာ :)



ပုစွန် အသေးစားလေး အခွံခွါပြီးသားရလို့ ၀ယ်လာတယ်။ ကြက်သွန်နီ၊ ဖြူ ပါးပါးလှီးကြော်၊ ဆယ်ထားပြီး ကျန်တဲ့ဆီမှာ ပုစွန်နဲ့ငါးပိ တခါတည်း ထည့်ကြော်တယ်။ အချိုမှုန့်ထည့်၊ ငရုတ်သီးလှော်ထောင်းထည့်၊ ခုန က ကြော်ပြီး ဆယ်ထားတဲ့ ကြက်သွန်ကြော်ရော ရပါပြီ ငါးပိကြော်။











ခရမ်းသီး ၀ယ်ထားတာ တပတ်လောက်ရှိပြီ။ သုပ်စားမလို့ပါ။ မသုပ်ဖြစ်ဘူး ငါးသေတ္တာဗူးတွေ့တာနဲ့ ရောချက်လိုက်တယ်။ ခရမ်းသီးကို ပါးပါးလွှာလှီးပြီ ရေစိမ်ထားပါတယ်။ ကြက်သွန်နီ၊ ဖြူနဲ့ငရုတ်သီး ခြောက်ကို ထောင်းပြီ ဆီသတ်ပါတယ်။ ကြက်သွန်နီဝါရောင်လေးရရင် ဆနွင်းနဲ့ အရောင်တင် နဲနဲထည့်၊ ခရမ်းချဉ်သီး တလုံးပါးပါးလှီးထည့်၊ ခရမ်းချဉ်သီး အနှစ် ရရင် ငါးသေတ္တာခြေပြီထည့်ပါတယ်( အကောင် လိုက် မကြိုက်လို့ပါ) ငံပြာရည်နဲ့ အချိုမှုန့်လေးပါထည့်။ ရေခမ်းပြီ အနှစ်ဆီပြန်မှ ခရမ်းသီးထည့် ခရမ်းသီး နှပ်ရင် နံနံပင်နဲ့ ငရုတ်သီးကြော်တောင့်ထည့်ပြီး အဖုံးအုပ်ထားလိုက်တယ်။ ရပါပြီ ခရမ်းသီးဟင်း။



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP