Lorem Ipsum

ငါးပတ်ဆီပြန်၊ ဂေါ်ရခါးသီးအစိမ်းကြော်နဲ့၊ စံမြိတ်နဲ့ ငါးဆုပ်လုံးဟင်းချို

 Friday, May 06, 2011

အာရှဆိုင်မှာ ငါးတွေပတယ် တပေါင် ၇.၅၀တဲ့။ ဘေးက အသိတယောက်ကို ဘာငါးလည်းသိလားဆိုတော့ ငါးပတ်လေ အရမ်းချိုတယ် အပြောကောင်းတာနဲ့ မလာတာ။ အိမ်ရောက်တော့ ကြက်သွန်နီဖြူ၊ ဂျင်း၊ ငရုတ်သီးခြောက် အကုန်ထောင်းပြီးဆီသတ်။ ခရမ်းချဉ်သီး ၂လုံးပါးပါးလှီးထည့်၊ အရောင်တင်နဲ့ ဆနွင်းပါနဲနဲထည့်ပြီ ခရမ်းချဉ်သီးကြေရင် ငါးထည့်၊ မန်ကျည်းမှည့်အရည်ဖျော်ထည့်ပြီး ဆီပြန်လာအောင် အဖုံးအုပ်ထားလိုက်တယ်။ ဟင်းအိုးဆီပြန်လာရင် မဆလာနဲနဲ ငရုတ်သီးစိမ်ခြမ်းထည့် နံနံပင်အုပ် ချဉ်စပ် ငါးပတ်ဆီပြန်ရပါပြီ။



ငါးပတ်ဆီပြန်

ငါးပတ်သား





ဂေါ်ရခါးသီး၊ ပဲပြားကြော်နဲ့ ကြက်ဥတို့ကို ရောပြီး အစိမ်းကြော် ကြော်လိုက်တာ။





စံမြိတ်( စမုံစပါးအရွက်)ကို ငါးဆုပ်လုံးနဲ့ ဟင်းချိုချက်တယ်။( စံမြိတ်ဟင်းချိုကို အရင်ကလည်းရေးဖူးပေမဲ့ ပီကာစာမှာ ပုံတွေဖျက်လို့ ပျက်သွားပါတယ်။



ဒါက မုန့်ဟင်းခါး ပဲကြော်နဲ့ (ချက်နည်းကတော့ အရင်ကလည်းရေးဖူးတယ်)


ဒါက ငရုတ်ဆီနဲ့ ကြော်ထားတဲ့ထမင်းကြော်။ ပဲသီး၊ မုံလာဥနီ၊ ကြက်သား၊ ကြက်ဥပါတယ်။


ဒါက ခရုဆီနဲ့ ကြက်သား၊ ပဲစိမ်းလုံး၊ မုံလာဥနီနဲ့ အချိုကြော်။


နန်းကြီးသုပ်( ကချင်ပြည်နယ်မှာဆို ဒါက နန်းလတ်သုပ်ပါ။ နန်းကြီးသုပ်က အရင်ကရေးဖူးပါ နန်းကြီးက ပိုတုတ်ပါတယ်) ကြက်ဥပြုပ်၊ ကြက်သားဆီလည်ရေလည်ချက်၊ ပဲပြားကြော်နဲ့သုပ်ပါတယ်။



သုပ်ပြီး


ကြက်ဥ၊ ပဲစ်မ်း၊ မုံလာဥနဲ့ထမင်းကြော်


မြန်မာပြည်က ရွှေဥဒေါင်း ဂျူံခေါက်ဆွဲထုပ် ရှိနေတာကို ပဲပြားကြော်နဲ့ ရောသုပ်တယ်။


ခေါက်ဆွဲသုပ်ပါ





ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP