Lorem Ipsum

ရွှေကြည်ကိတ် ဘယ်လိုဖုတ်မလဲ

 Tuesday, May 31, 2011


ရွှေကြည်ကိတ်လုပ်နည်း မေးထားလို့ ရေးပေးလိုက်ပါတယ်။ ကိုယ်က မုန့်တွေတော့ မလုပ်တတ်ပါဘူး။ အမှန်တိုင်းဝန်ခံရရင် ကြက်ကန်းတိုးလို့ ဖြစ်သွားတာနေမှာ ဟီ ဟီ။ ပြီးတော့ ရွှေကြည်ဆနွင်းမကင်းက လည်း လုပ်နေကျမို့လို့နေမှာပါ။


ရွှေကြည်မှုန့်  150g
All-purpose flour 115g
ထောပတ်  225g  (Butter)
ထောပတ် 2 teaspoon(Ghee)
ကြက်ဥ 5လုံး
သကြား 170g
1 teaspoon vanilla extract
1/2 teaspoon baking powder
Food color (ပန်းရောင်)
နွားနို့ 1/2 Cup

ထောပတ်( Ghee) ကို အပူပေးပြီး ရွှေကြည်ထည့်လှော်ပါ။ ရွှေဝါရောင်ဖြစ်လာရင် အအေးခံထားပြီး ထောပတ်( Butter) ထည့်ပြီးမွှေပါ။ ရေခဲသေတ္တာထဲ ၂နာရီထားပါ။ ကြက်ဥကို စက်နဲ့ချေပါ။ ကြက်ဥချေနေ တုန်း သကြားထည့်ပါ။ နို့ထည့်ပါ။ vanilla extractနဲ့ baking powder ထည့်ပါ။ အရောင်ထည့်ပါ (မထည့်လည်းရပါတယ်) ဂျူံမှုန့်ကို ဖြေးဖြေးချင်းလောင်းထည့်ပါ။  အားလုံးရပြီဆို နှပ်ထားတဲ့ ရွှေကြည်ကို တဖြည်းဖြည်းချင်းထည့်ပြီးမွှေပါ။ ရွှေကြည်သားညှက်လာရင် ဖုတ်မဲ့ဗန်းထဲ ထောပတ်သုတ် ရွှေကြည် အနှစ်လောင်းထည့် ဘိန်းစေ့ဖြူးပါ။ Ovenကို 150ံC ၁၀မိနစ်ကြိုဖွင့်ထားပြီး ရွှေကြည်ဗန်းထည့်လိုက်ပါ။ မိနစ် ၅၀ ကျော် ၆၀လောက်ဖုတ်ရပါ့မယ်။ ဒုတ်ချွန်လေးနဲ့ ထိုးကြည့်ပါ။ ကိုယ်လုပ်တုန်းက သတိမထား မိဘူး။ ပြီးတော့ စနစ်တကျဖုတ်တာလည်း မဟုတ်တော့ အတိအကျမပြော ပြနိုင်ဘူးဖြစ်နေတယ်။ အဆင် ပြေကြပါစေ။

ရွှေကြည်ကို ကုလားဆိုင်က အထုတ်မှာတော့ Sooji လို့ရေးထားတတ်တယ်။ Suji လို့လည်းရေး တတ်သေး တယ်။ Selimona ဆိုရင်တော့ နေရာတိုင်းမှာ ရှာလို့ရမယ်ထင်တယ်။




vanilla extract


                                                  All-purpose flour





                                                       Food color


တချို့ပုံတွေကို Google ယူထားပါတယ်။








Boiled Salt Duck Egg

သတိရတုန်း တင်ပေးလိုက်တာ တခါက ဘဲဥဆားငံမေးတဲ့ ညီမလေးတယောက်ရှိတယ်။ ဓါတ်ပုံရိုက်လာ တာ ခုမှသတိရလို့ တင်ပေးလိုက်တယ်။ နောက်ကျသွားတဲ့အတွက် ဆေားရီးပါ :)


ခင်မင်စွာဖြင့်
Baby taster





Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP