Lorem Ipsum

ကိုကြီးကျောက်ကို ချစ်ခင်ကြသော မောင်နှမများ အားလုံးအတွက်

 Wednesday, June 01, 2011

အနယ်နယ်အရပ်ရပ်က ကိုကြီးကျောက်ကို ချစ်ခင်ကြတဲ့ မောင်နှမတွေ ကြည့်လို့ရအောင်ပါ။ ကိုကြီး ကျောက်ဆုံးတော့ သူ့ဖုန်းနံပတ်ကို ဖုန်းခေါ်ကြည့်ပါတယ်။ ကိုဝင်းဦးက ကိုင်ပြီး ဘယ်တော့င်္သဂြိုလ်မလဲ မေး တော့ အတိအကျမသိသေးဘူး။ ဆေးရုံက မိသားစုဝင် မရှိလို့ အလောင်းကို မပေးဘူးလို့ ပြောပြပါတယ်။ ဒါနဲ့ ကိုဝင်းဦးကို ကျေးဇူးရှင်ကပဲ ကိုကြီးကျောက်ရဲ့ နောက်ဆုံးချိန်တွေမှာ ဓါတ်ပုံလေးရိုက်ထားရင် ပေးပါ လားလို့ တောင်းတော့ ကိုဝင်းဦးက ခုတော့ အလုပ်တွေ ရှူပ်နေတယ်ညီလေး ပို့ပေးလိုက်မယ်နော်လို့ ပြော ခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ကိုဝင်းဦးလည်း အလုပ်မအား ကျေးဇူးရှင်နဲ့ကိုယ်လည်း ကျေးဇူးရှင်ရဲ့ ညီလေး အရင်းဆုံးသွားတော့ စိတ်တွေကညစ် မာမီတို့နဲ့ ညီလေးအမျိုးသမီးကို နေ့တိုင်းဖုန်းဆက်ဆိုတော့ စိတ်က အဲ့ဒီဖက်ကို မရောက်ဖြစ်ခဲ့ဘူး။ ဒီနေ့မနက် ကျေးဇူးရှင်ကပြောတယ် ကိုဝင်းဦး ကိုကြီးကျောက်ပုံတွေ ပို့လာ တယ်ဆိုတော့ ကြည့်ပြီး စိတ်မကောင်းလိုက်တာ။ ဘာပဲဖြစ်ဖြစ် မမြင်ဖူး မတွေ့ဘူကြပေမဲ့ သူ့နောက်ဆုံး အချိန်တွေကိုတော့ မမြင်လိုက်ရသူတွေ ကြည့်ချင်မှာပဲလေနော်။ ဒါကြောင့် မျှဝေလိုက်ပါတယ်။ ကိုဝင်းဦး ကလည်း ခုလိုရေး လာတယ် Nyi Lay Zaw Zaw, Please forgive for my late reply.  These attached photos are the last travel of Ko Gyi Kyauk's. Please share with others.  Thanks.
Ko Win Oo & Ma Htike
ကျေးဇူးရှင်က မအားတာနဲ့ ကိုယ်ပဲတင်ပေးလိုက်တာပါ။ ကိုကြီးကျောက် ကောင်းရာ မွန်ရာ ဘုံဘ၀မှာရောက်ပါစေလို့ ဆုတောင်းပေးလျှက်ပါ။ ခုလို ကိုကြီးကျောက်ရဲ့ နောက်ဆုံးပုံလေးတွေကို ကြည့်ခွင့်ရ အောင် ပုံပို့ပေးတဲ့ ကိုဝင်းဦးနဲ့ မထိုက်ကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်ရှင်။




















ပုံတွေက နဲနဲတော့ မှုံနေတယ်။ ပုံကြီးချဲ့ကြည့်ကြပါ။




ကိုဝင်းဦးနဲ့ မထိုက်ရေ ထပ်ပြီးကျေးဇူးပါနော်။




ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP