Lorem Ipsum

Kari Ikan (မလေးရှား ငါးဟင်း)

 Tuesday, May 03, 2011

ဟင်းချက်တဲ့ ဘလောဂ့်တွေလည်ပြီး တနေ့တနေ့ ချက်စားချင်တာတွေက မနည်းဘူး။ မလေးမတွေ တရုတ်မတွေက ဟင်းချက်အရမ်းတော်တာပဲ။ ကိုယ်နဲ့များတခြားစီပေါ့။ မလေးဘလောဂ့်တွေ ရောက်ရင် သူတို့ ချက်ထားတဲ့ ငါးဟင်းကို သိပ်စိတ်ဝင်စားတာပဲ။ ဒါနဲ့ အကောင်ထည်ဖော်ပြီး ချက်ကျွေးတယ်။ ကြာလှပြီ အခုမှပုံတွေ့လို့ ပြန်တင်တာပါ။

ကိုယ်သုံးတဲ့ငါးကတော့ မြန်မာလိုဘယ်လိုခေါ်လည်းမသိဘူး။ ငါးမဲလုံး (ကိုယ်တို့အခေါ်ပေါ့) သူကတပေါင် ကို ၅ဒေါ်လာပဲ ဈေးပေါတယ်ခေါ်ရမယ်။

ငါး
ရုံးပတေသီး
ခရမ်းချဉ်သီး
မဆလာ
ပျဉ်းတော်သိမ်ရွက်
ဆနွင်းစိမ်း
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
အုန်းနို့
ငံပြာရည်
အချိုမှုန့်
မန်ကျည့်းမှည့်ရေဖျော်


ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ဆနွင်းစိမ်းတို့ကို ကြိတ်ပြီးဆီသတ်၊ ပျဉ်းတော်သိမ်ရွက်ထည့်၊ ကြက်သွန်ရရင်၊ ငါးထည့်၊ ငံပြာရည်၊ အချိုမှုန့်ထည့်။ ငါးထဲက ရေခမ်းသွားရင်၊ အုန်နို့ထည့်၊ မန်ကျည်းမှည့်ထည့်၊ ငါးကျက်ခါနီးမှ ရုံးပတေသီးနဲ့ ခရမ်းချဉ်သီးထည့်၊ မဆလာခတ် ရုံးပတေသီး ကျက်ရင် ရပါပြီ။











အိုးလိုက်ချတယ်ကွယ် :)



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP