Lorem Ipsum

အမဲနံရိုးကင်၊ မှိုကန်စွန်းကြော်၊ အမဲသားသုပ်နဲ့ ငါးဆုပ်ဟင်းချို

 Sunday, June 05, 2011

အမဲနံရိုးကင်ပါ။ စားထားတာတော့ ကြာလှပေါ့။ ခုမှတင်ဖြစ်တယ်:) ပထမဆုံး အမဲနံရိုးတွေကို အရွယ်တော် တုံးလိုက်ပါ။(ကိုယ်ကတော့ တုံးပြီးသား ၀ယ်ခိုင်းလိုက်တာပါ)

အမဲနံရိုးကို ရေသေချာဆေး၊ ကြက်သွန်ဖြူ ထောင်းထည့်၊ Rice Wine ၃ဇွန်း(မူးချင်ရင် များများထည့်ပေါ့ :) ငရုတ်ကောင်းမှုန့်(အဖြူမျိုး)ထည့်၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ထည့်၊ ပြောင်းဖူးမှုန့်(corn starch) ၃ဇွန်း ထမင်းစားဇွန်းထည့်ပြီး နှပ်ထားလိုက်ပါ။ ၂နာရီကြာအောင် နှပ်ထားပြီးတဲ့ အမဲရိုးကို အိုဗင်မှာ ၃၅၀ံF နဲ့ 45မိနစ်ကင်ရင်ရပါပြီ။

Sauce အတွက်ကတော့ ဆီနဲနဲပူအောင်တည်၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းထောင်းထည့်၊ မန်ကျည်းသီးမှည့် ဖျော်ထည့်၊ ဆား၊ ငံပြာရည်၊ သကြားနဲနဲထည့်ရေဆူထည့်ပြီးကျို၊ နောက်ဆုံးမှ အမဲရိုးနှပ်ထားတဲ့ အနှစ်ကို ရောထည့်ပြီး စောစ့်လုပ်ထားပါတယ်။



အမဲနံရိုးကင်


ဘုရားစူး အမဲနံရိုးပါ :) အဆီတွေပါနေတော့ ကိုယ်တောင် ၀ယ်လာပေးတဲ့လူကို မယုံချင်သလိုပဲ :D ဒါပေမဲ့ သူအလုပ်လုပ်တဲ့ နေရာက အမဲသားတမျိုးထဲ ရောင်းတာပါတဲ့ :)



ဒီလိုအဆာပလာတွေထည့်ပြီး နှပ်ထားတယ် ၂နာရီနော်။


စကားကောင်းနေတာနဲ့ နဲနဲကျွမ်းသွားတယ် :D


တ၀က်ကို ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်စိမ်းတွေကို ပါးပါးလှီးပြီးထည့်၊ သံပုရာသီးညစ်ထည့်၊ ငံပြာရည်နဲ့ ငရုပ်ဆီ(မြန်မာပြည်ဖြစ် )ထည့်ပြီး သုပ်တယ်။





မှိုကန်စွန်ကြော်တယ်။ ဒီအကြော်လေးတပွဲ ဖြစ်မြောက်လာဖို့ $9 ကျသွားတယ် :(အဲ့ဒါကြောင့် အသီးအရွက် မစားချင်တာ :) ကြက်သွန်ဖြူနဲ့ ငရုပ်သီးကို ဓါးပြာရိုက် ခရုဆီနဲ့ပဲပုပ်စေ့ထည့် ကြော်ထားတယ်။


ဒါက မှိုဖက်ကရိုက်ထားတား)


ကန်စွန်းရွက်ဖက် အခြမ်းကရိုက်တား)



အမဲရိုးပြုပ်ရည်ထဲ ငါးဆုပ်နဲ့ ကြက်ဥ ဖောက်ထည့်ထားတာတဲ့ ဟင်းချို။



                                  ဒီအနှစ်နဲ့လည်း တခါတလေ နှပ်ပြီး ကင်စားတယ်။

     


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP