Lorem Ipsum

တိုဖူးဂျူဖူးကြော်၊ ပုဇွန်ပဲငပိကြော်၊ ဆူးပုတ်နဲ့ ကြက်ဥ၊ ပုဇွန်ဆိတ်သုပ်၊ ပဲလိပ်ပြာနဲ့ ဆူးပုတ်ဟင်းချို

 Wednesday, June 08, 2011

 ခေါင်းစဉ် ရှည်တယ်နော် မောသွားကြမလားပဲ ရေပုလင်းကိုင်လာပေါ့ :P



ဂျူးဖူး(ကျူးဖူး)နဲ့ ကြက်ဥတိုဖူးကို ရောကြော်ထားပါတယ်။ ကြက်ဥတိုဖူးကို ပါးပါးလှီး ဆီပူပူမှာထည့်ကြော် နီဝါရောင်လေးဖြစ်လာရင် ဆယ်ထား။ ဂျူးဖူးကို အရွယ်တော်ဖြတ်၊ ရေဆေး ကြက်သွန်ဖြူ ဆီသတ် ဂျူးဖူးထည့်၊ မှိုဆီနဲနဲထည့်၊ ငံပြာရည်နဲနဲထည့်ကြော် တိုဖူးထည့်ပြီးရောကြော် ရပါပြီ။



ဂျူးဖူးတိုဖူးကြော်



ပုဇွန်ပဲငပိကြော်။ ပုဇွန်ကို အခွံခွါ အမြှီးချန်ထားပြီး ရေဆေးထား။ ကြက်သွန်ဖြူ ငရုတ်ကောင်းစေ့ ဆီသတ်၊ ပုဇွန်ထည့်၊ ပဲပုပ်စေ့ ၂ဇွန်းထည့်၊ အချိုမှုန့်နဲနဲထည့်၊ ရေဆူနဲနဲထည့်ပြီး ၂မိနစ်လောက်ဆို ကြက်သွန်မိတ် ခပ်များများ ရိတ်ရိတ်လှီးထည့်ကြော်။



ကြက်ဥနဲ့ဆူးပုပ်ကြော်။ ဆူးပုတ်ကို အရွက်ခြွေ ရေးဆေးပြီစစ်ထား။ ကြက်ဥဖောက်ပြီး ငံပြာရည်နဲ့ အချိုမှုန့် အနည်းငယ်ထည့်ခလောက်၊ ဆူးပုတ်ထည့် ဒယ်ပြားတည်ပြီး ဆီနဲနဲထည့်၊ ကြက်ဥနဲ့ဆူးပုတ် ရောထားတာ ကိုထည့်။ ခပ်ထူထူလေး ဖြစ်နေပါစေ။ နှစ်ဖက်ကြော်ပြီး လိုချင်သလို တုံးပါ။



ပုဇွန်ဆိတ်လေးတွေ့လို့ သုပ်စားဖို့ဝယ်လာတာပါ။ အိမ်ရောက်တော့ စိမ်းစားငပိမရှိနေတာနဲ့ ရေကျိုငပိနဲ့ပဲ သုပ်ပေးလိုက်တယ်။ အစပ်လွန်တော့ ကိုယ်ငတ်သွားတာပေါ့ကွယ် ;)

ပုဇွန်ဆိတ်၊ ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို အခွခွါ ရေဆေးပြီးလှော်ထား။ ငါးပိရေကျိုကို ဆနွင်းနဲနဲထည့်၊ အချိုမှုန့်ထည့်ပြီး ကျိုထား။ လှော်ထားတဲ့ ငရုပ်သီးနဲ့ ကြက်သွန်ဖြူကိုထောင်း၊ ပုဇွန်ဆိတ်လှော်ထည့်၊ ကျို ထားတဲ့ ငပိရေကျိုထည့်၊ သံပုရာသီးတလုံးညစ်ထည့်ပြီးရင်ရောနယ် အရမ်းစပ်ပြီး အရမ်းစားကောင်း ဆိုပဲ :)





ပုဇွန်ဆိတ်သုပ်လို့ ခေါ်လိုက်မယ်ကွာနော် :P



ပဲလိပ်ပြာနှပ် ရှိနေတာနဲ့ ကြက်သွန်ဖြူဆီသတ် နှပ်ထားတဲ့ ပဲလိပ်ပြာထည့် ငံပြာရည်နဲနဲထည့်၊ အချိုမှုန့် ထည့် ပုဇွန်ခြောက်မှုန့်ထည့်ပြီး ပွတ်ပွတ်ဆူလာရင် ဆူးပုတ်ရွက်ခပ်လိုက်တယ်။  




ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP