Lorem Ipsum

ရှမ်းခေါက်ဆွဲနဲ့ စမူဆာ

 Saturday, June 11, 2011

ရှမ်းခေါက်ဆွဲ ချက်စားတယ်။ ဆန်ပြားနဲ့ပေါ့။ အရင်တခါကလည်း ရေးဖူးပါတယ်။ ပီကာဆာမှာ ပုံတွေဖျက် တော့ ပါသွားတာ တပုံလောက်ပဲကျန်တယ်။ အဲ့ဒီတုန်းကတော့ ဆီတိုဖူးနဲ့ ကြက်သားကို ချက်ထားတာပါ။ ခု တော့ ပဲငပိနဲ့ ချက်ထားပါတယ်။






ကြက်သွန်မိတ်၊ နံနံပင်၊ ကြာညို့၊ ဆီမွှေး၊ ငရုပ်သီးကြော်ထောင်း၊ ကော်ရည်၊ တရုတ်မုံညှင်းချဉ်၊ အမဲသား ချက်တွေပါ။



ဆန်ပြားပဲ အိမ်မှာ အဆင်သင့်ရှိနေတာနဲ့ ရေ ၂နာရီစိမ်ပြီး ပြုပ်ထားပါတယ်။


ကြက်သွန်နီနဲ့ ဖြူကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါတယ်။ဆီသတ်တဲ့အခါ နာနတ်ပွင့် တပွင့်ထည့်လိုက်တယ်။ ကြက်သွန်အရောင်လှလာရင် အရောင်တင်နဲနဲထည့်၊ ခရမ်းချဉ်သီး နုပ်နုပ်စဉ်းထည့်၊ ခရမ်းချဉ်သီး ကြေပြီး ဆီပြန်လာရင် အမဲသားကို တောက်တောက်စဉ်းထည့်၊ ပဲငပိ လိုအပ်မယ် ထင်သလောက်ထည့်၊ ရေဆူ ထည့်ပြီး ရေခမ်းဆီပြန်လာအောင် ချက်ထားတာပါ။



မုံညှင်းချဉ်


 စားရန်အသင့်


ပုဇွန်ခြောက် ဟင်းခါးလုပ်တယ်။


ဟုမ်းမိတ် စမူဆာလေးပါ။ အခွံမရှိတော့လို့ ၁၂ခုပဲရပါတယ်။ နောက်နေ့ ပလာတာအခွံနဲ့ လုပ်ပါအုံးမယ်ပြီးမှ တင်ပါ့မယ် :)





ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP