Lorem Ipsum

မျှစ်ချဉ်နဲ့ကြက်ရိုးဟင်း၊ ငါးပိသုပ်၊ အာလူးနဲ့ကြက်ဥမွှေကြော်

 Sunday, June 12, 2011

စိမ်းစာငပိ သုပ်တယ်။ ငွေငါးပေါက်လေးတွေနဲ့ပေါ့။ ဒီငါးမျိုးက ဒီထက်ကြီးတဲ့ ငါးသလဲထိုး အရွယ်လည်း ရ တတ်ပါတယ်။ ပိုကြီတာလည်း ရမှာပါ။ ဂျပန်မှာနေတဲ့လူတွေ စားဖူးကြပါလိမ့်မယ်။ ချက်လိုက်ရင် မာနေ တတ်တယ်။ ကိုယ်ကတော့ သံပုရာသီးနှစ်လုံး ညစ်ပြီး နှပ်ထားလိုက်တယ်။ ငါပိနဲ့ ရောသုပ်မှာမို့ပါ။

ငါးကို ရေဆေးပြီး သံပုရာသီး ၂လုံးညစ်ပြီး နှပ်ထားတယ်။ ကြက်သွန်နီကို ပါးပါးလှီး ဆားနယ်ပြီး ရေဆေး ထား။ စိမ်းစားငါးပိကို မီးကင်ထား။ ငါးရုပ်သီးစိမ်း ပါးပါးလှီးထား၊။ ကြက်သွန်ဖြူ ထောင်းထားပါ။ အားလုံးပြီးရင် ဆီစိမ်းနဲနဲထည့်ပြီး ရောနယ်လိုက်ပါ။ စိမ်းစားငါးပိသုပ် ရပါပြီ။ အရင်ကလည်း စိမ်းစားငပိကို ပုဇွန်ဆိတ်နဲ့ သုပ်ဘူးပါတယ်။


ဒါမသုပ်ခင်ကပေါ့။ ငါးနဲ့ ကြက်သွန်နီကို ကြက်သွန်မိတ်နဲ့ တံတိုင်းခြားထားပါတယ်။ ရောမြင်မှာ စိုးလို့ပါ :)


ငွေငါးတဲ့လေ မျက်လုံးပဲ မဲတယ်။


သုပ်ပြီး စားဖို့အဆင်သင့်




ဒီလို ပက်ကင်နဲ့လာပါတယ်။




မျှစ်ချဉ်နဲ့ ကြက်ရိုးချက်တယ်။ ကိုယ်က မျှစ်ချဉ် အရမ်းကြိုက်တယ်။ ဒါပေမဲ့ မတည့်ဘူး :( ကြက်အမာ ၃ကောင်ဝယ်လာတော့ လည်ပင်းနဲ့ခြေထောက် အတောင်ပံစုလိုက်တာ အရိုးဟင်းတအိုးစားရတယ်။ မျှစ် ချဉ်နဲ့ ရောချက်လိုက်တယ်။ ကိုယ်နေတဲ့နေရာမှာ အရိုးကဈေးကြီပြီ အသားကဈေးပေါတယ်။ ဒါကြောင့် အရိုးစားရခဲတယ် :)

ကြက်ရိုးကို ငံပြာရည်၊ အချိုမှုန့် ဆနွင်းမှုန့်နဲ့ အရောင်တင် ထည့်ပြီးနယ်ထားတယ်။ ဆီအိုးတည်၊ ကြက်သွန်နီနဲ့ ဖြူကိုရောဆီသတ်၊ ငရုပ်သီးစိမ်း ထက်ပိုင်းချိုးထည့်၊ နှပ်ထားတဲ့ကြက်သားထည့်ပြီး ၅မိနစ် ချက်လိုက်တယ်။ နောက်မှ မျှစ်ချဉ်ထည့်၊ ရေမြုပ်အောင်ထည့်ပြီး နူးမြည့်နေအောင်တည်ထားတယ်။ ကိုယ် ကပေါင်းအိုးနဲ့ အကြာကြီးတည်ထားလိုက်တယ်။ အရိုးတောင်နူးတယ်။ မျှစ်ချဉ် အရသာကြက်ရိုးထဲ စိမ့်မှ ပိုစားလို့ကောင်းတယ်။ မြန်မာပြည်အိမ်မှာဆို အရိုးတွေနဲ့ မျှစ်ချဉ်ကို တနေကုန်ချက်ထားတတ်တယ်။ မီး သွေးမီးဖိုနဲ့ တနေကုန် ပြစ်ထားတာ။ အရမ်းစားလို့ကောင်းတယ်။





အာလူးကိုပြုပ်ပြီး ခြေထားလိုက်တယ်။ ကြက်သွန်ဖြူကို ဆနွင်းနဲနဲထည့်ပြီး ဆီသတ်၊ အာလူးထည့်ကြော်၊ ငံပြာရည်နဲ့ အချိုမှုန့်နဲနဲထည့်၊ ကြက်ဥ ထည့်ချင်သလောက်ကို ခလောက်ပြီးထည့်မွှေ၊ ကြက်ဥနဲ့ အာလူး သမသွားရင်၊ ကြက်သွန်မိတ်နဲ့ ငရုပ်ကောင်းမှုန့်ဖြူး စားလို့ရပါပြီ။




ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP