Lorem Ipsum

ဂဏန်းဘဲဥမွှေကြော်၊ ပန်းသီးငပိချက်၊ ပုဇွန်မဆလာချက်နဲ့ မိဆိုဟင်းရည်

 Wednesday, July 13, 2011

ပုဇွန်ကို မဆလာနဲ့ ခြောက်ခြောက်လေးချက်တယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းနဲ့ ငရုပ်သီးအခြောက်ကို ရောပြီး ကြိတ်လိုက်ပါတယ်။ ဆီအိုတယ် ဆီပူလာရင် ကြိတ်ထားတဲ့ အနှစ်ထည့် နီဝါရောင်သန်းလာရင် ခရမ်းချဉ် သီး ၃လုံးပါးပါးလှီးထည့်၊ ဆားနဲ့ အချိုမှုန့်ထည့်ပြီး အဖုံးအုပ်ထား။ အနှစ်ဆီပြန်ပြီး ခရမ်းချဉ်သီးလည်း ကြေပြီ ဆိုမှ ပုဇွန်သန့်ဆင်ထားတာထည့် ရေဆူနဲနဲထည့်၊ ငရုပ်သီးစိမ်း ထက်ခြမ်းခြမ်းထည့် မဆလာအုပ်ပြီး ဆီပြန် လာရင်ရပါပြီ။





ပုဇွန်မဆလာကြော်ချက်

ပန်းသီးငပိချက်


အိမ်ကအပင်မှာ ပန်းသီးတွေ အများကြီးသီးနေတယ်။ ချဉ်စုတ်နေတာပဲပေါ့။ လွန်ခဲ့တဲ့ ၈နှစ်လောက် ကဆိုရင် ပန်းသီးကို ဆားရေစိမ်ပြီး စားကြတာမြင်တော့ တော်တော်အံသြမိခဲ့ဖူးတယ်။ ကိုယ်တွေဆို မြစ် ကြီးနားမှာ ဈေးကြီးလွန်းလို့ တခါတလေမှ ၀ယ်ကျွေးတယ်။ ဒီမှာက ချက်စား သုပ်စား ပြုပ်စား တို့စား ထောင်းစား အမလေး မြန်မာတွေနဲ့တွေ့ရင် ပန်းသီးတောင် အငြိမ်မနေရပါဘူးး)။ပန်းသီးနဲ့ အမဲသားရောပြီး ငါးပိချက်ချက်ပါတယ်။ အမှတ်တကယ်တော့ ယိုးဒယား ငပိချက်မလို့ပါ အုန်းနို့နဲ့ပါ။ ဒါပေမဲ့ ပန်းသီးမြင်တာနဲ့ စိတ်ကူးက ပြောင်းသွားတယ်။

ပန်းသီးတွေကို ရေဆေးအခွံနွါပြီး ပေါက်ထားလိုက်တယ်။ အမဲသားကို ပါးပါးလှီးထားပါတယ်။ ဆီအိုတည် ကြက်သွန်နီနဲ့ အဖြူကို ထောင်းပြီးဆီသတ်၊ ကြက်သွန်နီဝါရောင်လေး သန်းလာရင် ဆနွင်းမှုန့်နဲ့ အရောင် တင်မှုန့်ထည့်၊ ခရမ်းချဉ်သီး ပါးပါးလှီးထည့်၊ အနှစ်ဆီပြန် ခရမ်းချဉ်သီးကြေလောက်ရင်၊ အမဲသားထည့် ကြော်၊ စိမ်းစားငပိရေဖျော်ထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ပါတခါတထည်းထည့်၊ ရေဆူနဲနဲထည့်ပြီး အဖုံးအုပ် ထား။ အမဲသားကျက်ပြီး ဆီပြန်လာရင် ပေါက်ထားတဲ့ ပန်းသီးအဖတ်တွေထည့်။ မီးငွေ့ငွေ့လေးနဲ့ ဆီပြန် လာတဲ့အထိထား။ နောက်ဆုံးမှ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်း ကို မညှက်တညှက်ထောင်းပြီးထည့်။ ချဉ်ငံစပ် လေးပေါ့။



ဂဏန်းသားနဲ့ ဘဲဥကြော်ထားတာပါ။ တခါက မလုလုဆီမှာ ဖတ်ဖူးပေမယ့် ပြန်မရှာချင်တော့တာနဲ့ ကိုယ် နည်းနဲ့ပဲ ကြော်လိုက်တယ်။ ကြက်သွန်နီနဲ့ ဖြူကို ပါးပါးလှီးဆီသတ်၊ ငရုတ်သီး အခြောက်တွေကိုလည်း လေး ငါးတောင့် ဖဲ့ပြီး ဆီသတ်တဲ့ထဲ ထည့်ပါတယ်။ ပြီးမှ ဆနွင်းနဲနဲထည့် ဂဏန်းသားထည့် ခရုဆီ နဲနဲနဲ့ ပဲငံပြာ ရည်နဲထည့်၊ ဂဏန်သားကျက်ပြီး ဆီပြန်လာရင် ဘေးဖယ်ထားပြီး ဘဲဥခလောက်ပြီးထည့်မွှေ၊ ဘဲဥရရင် ဂဏန်းသားနဲ့ရော တရုတ်မဆလာနဲ့ ငရုတ်ကောင်းမှုန့်နဲနဲဖြူးပြီး နံနံပင်အုပ်လိုက်ရင် ရပါပြီ။ တော်တော် စားကောင်းပါတယ်။



 ဒီလို အထုတ်နဲ့လာပါတယ်။ ဇီယက်နာမ်ဆိုင်က ၀ယ်လာတာပါ။


အတွင်းသားတွေပါ။




မိဆိုစွပ် လုပ်မလို့ပါ။ တိုဖူးနဲ့ Bok Choy အသေးစားလေးတွေ ရှိနေတာနဲ့ မိဆိုနဲ့ ရောပြီး ကြက်သွန်ဖြူ ထောင်းထည့် အရည်သောက်လေး ချက်လိုက်ပါတယ်။


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP