Lorem Ipsum

ဟင်းနုနွယ်ရွက်ကြော်၊ ငါးကြော်၊ ကြက်သားနဲ့မုန့်ညှင်းချဉ်ကြော်

 Thursday, July 21, 2011




ဟင်းနုးနွယ်ရွက် ရလာလို့ ကြော်လိုက်တယ်။ တခါက ကိုယ်ဟင်းနုးနွယ်ရွက် သုပ်တော့ ပေါက်က မမြင်ဖူးလို့ အရွက်လေးပြပါလားလို့ ပြောဖူးပါတယ်။ အဲ့ဒီချိန်ကနေ မစားဖြစ်တာ ခုချိန်ထိ ဆိုပါတော့ :ခုတော့ အ ရွက်လေး ရိုက်ပြလိုက်ပါတယ်။ အရွက်မှာ ခရမ်းရောင် မရှိတာမျိုးလည်း ရတတ်ပါတယ်။ ဗြောင်အစိမ်း ရောင်ပေါ့။ မြန်မာပြည်အိမ်မှာဆို ၀က်စာပေါ့ ;P ဒီမှာတော့ဝယ်စားနေရတယ်။




ဟင်းနုးနွယ်ရွက်


ဒီထက်ကြီးတဲ့ အရွက်လည်းရှိတတ်ပါတယ်။


ဟင်းနုးနွယ်ရွက်ကြော်



ကြက်သွန်ဖြူဓါးပြာရိုက်၊ ငရုတ်သီးခြောက်နဲ့ ကြက်သွန်ဖြူဆီသတ်ပြီး ဟင်းနုးနွယ်ထည့်၊ ပဲငံပြာရည်နဲနဲ ထည့်ပြီး ကြော်ထားတာပါ။



ကြက်သားနဲ့ မုံညှင်းချဉ်ကြော်


ကျေးဇူးရှင်က ကြက်သားအပျော့တွေဆို အကြွပ်ကြော်မှစားတယ်။ ဒါကြောင့် ကြက်သားကို ခရုဆီ၊ ငရုတ် ကောင်းမှုန့်၊ အချိုမှုန့်ဆနွင်းလေးနဲ့နယ်။ အာလူးမှုန့်လေးကပ်ပြီး ကြော်လိုက်တယ်။ ကြက်သားကြွပ်ရင် ဆယ်ထား။ ကြက်သွန်နီနဲ့ ဖြူ၊ ငရုတ်သီးစိမ်းတွေကို ခပ်ကြမ်းကြမ်းလှီးဆီသတ်၊  မုံညှင်းချဉ်ထည့်၊ ငံပြာရည် နဲ့ အချိုမှုန့်ထည့်၊ မုန့်ညှင်းချဉ်က အရည်မခမ်းခင်မှာ ကြက်သားထည့်ကြော်၊ ကြက်သွန်မိတ်လေးအုပ်၊ ငရုတ်ကောင်းဖြူး ရပါပြီ ကြက်သားနဲ့ မုံညှင်းချဉ်ကြော်။





ငပိထောင်းကျန်နေတာနဲ့ သခွါးသီးနဲ့ တို့စားတယ်။


ငါးကြော်

ဒီငါးက အလကားဖမ်းလာတာ ဟဟ စိတ်ဝင်စားကြလား နောက်ပို့စ်မှာ ရေးပြမယ်။





ခင်မင်စွာဖြင့်
Baby taster





Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP