Lorem Ipsum

နံနက်စာများ (၂)

 Sunday, September 04, 2011


အားလုံး မင်္ဂလာပါရှင်..... ခုတလော မအားလို့ ပို့စ်မတင်ဖြစ်သလို၊ စာတွေ လိုက်ဖတ်ဖြစ်ပေမဲ့ ခြေရာ မချန် ဖြစ်ခဲ့ဘူး။ ဘလောဂ့်ဒေးပို့စ်ကို သတိတရ တဂ်တဲ့ ညီမလေးရိုစ့်ကိုလည်း အထူးကျေးဇူးပါလို့ ..... ရေးဖို့ အချိန်မရလိုက်တဲ့အတွက် ဆေားရီးပါနော်း)




                                            ပူရီး လုပ်စားဖြစ်တယ်။



ဂျူံနယ်ထားပြီးသားပါ

ဂျူံကြမ်း (Aatta) နဲ့ All Purpose Flour နှစ်မျိုးရောပြီး နယ်ထားတာပါ။ All Purpose Flour တမျိုးထဲနယ် ပြီး လုပ်ရင်လည်း ရပါတယ်။ ဒါပေမဲ့ သူ့တမျိုးထဲလုပ်ရင် မုန့်လှိမ့်တဲ့အခါ အပြားက ကျူံ့သွားတတ်ပါတယ်။ အဲ့ဒါဆို မုန့်ကထူသွားတတ်ပါတယ်။ ထူသွားရင် ပူရီး မဖောင်းလာဘူး။ မုန့်လှိမ့်တဲ့အခါ ပါးလွန်းပြန်ရင်လည်း ကြော်တဲ့အချိန် အပေါက်ပေါက်ပြီး ပူရီး မဖောင်းလာတော့ဘူး။ မထူမပါးလေးတော့ လှိမ့်ဖို့ လိုပါလိမ့်မယ်။ ဂျူံကြမ်းနဲ့ ဂျူံနု ၂မျိုးရောရင် ပူရီးကို ကြာကြာထားလည်း မမာသွားဘူး နုးညံ့ပြီး စားလို့ ကောင်းပါတယ်။

ဂျူံ ၂မျိုးရောပြီး ဇကာလေးနဲ့ ခါချလိုက်ပါ။ ဆားအနည်းငယ်( လ္ဖက်ရည်ဇွန်း ၁/၃)ထည့်၊ ဆီ (လ္ဖက်ရည်ဇွန်း ၂ဇွန်းထည့်၊ ရေဖျန်းပြီး နယ်သွားပါ။ မုန့်သားညက်လာရင်၊ အ၀တ်စိုလေးတခုနဲ့ အုပ်ထားပါ( ၂နာရီ) ကြော် ခါနီးမှာ ဂျူံကို အလုံးလေးတွေလုပ် ဆီလေးနဲနဲတို့ပြီး ပုလင်းလေးတလုံးနဲ့ (သို့) မုန့်လှိမ့်တဲ့ ဒလှိမ့်နဲ့ လိပ်ပြီး မီးမှန်မှန်နဲ့ ကြော်ပါ(မီးမှန်မှန်ဆိုတာ မီးများသွားရင် အပေါ်ယံပဲ နီပြီတူးသွားပါလိမ့်မယ်။ အတွင်းမှာ မကျက်ပါဘူး။ မီးနဲသွားရင်လည်း မုန့်မဖောင်းလာပဲ ပျင်တွဲတွဲကြီး ဖြစ်နေမှာမို့လို့ပါ)





ကြော်နေစဉ် မုန့်သားစပြီး ဖောင်းလာရင် ဇွန်းကြီးနဲ့အသာလေး ပူရီပေါ်ကဖိပေးပါ။ ပိုပြီးဖောင်းကြွလာ မှာဖြစ်ပါတယ်။





အာလူးမရှိတာနဲ့ ကုလားပဲ ရေစိမ်ပြီး နူးနေအောင်ပြုပ်ပါတယ်။ ပြီးမှ ခြေလိုက်ပြီး ဆား၊ အချိုမှုန့်၊ ဟင်းခတ် မဆလာထည့်၊ ခြောက်နေအောင်မွှေအပြီး၊ ကြက်သွန်ဖြူနဲ့ ငရုပ်ခြောက် ဆီသတ်လောင်းလိုက် ပါတယ်။ ကော်ဖီနဲ့ မနက်စာပေါ့။




ခေါက်ဆွဲကို ကြက်သား၊ ကြက်ဥနဲ့ အသီးအရွက်တွေထည့်ပြီး နံနက်စာကြော်စားပါတယ်။



ခေါက်ဆွဲနဲ့ စားဖို့ သခွါးသီး ချဉ်စပ်သုပ်


မုန့်တီဖတ် ရှိနေတာနဲ့ အစပ်မစားရတဲ့ကိုယ်၊ တိုဖူးနဲနဲကျိုပြီး စားလိုက်တယ်။



ပုဇွန်ခြောက်ဟင်းခါး လုပ်ပြီး မုန့်တီနဲ့ပေါ့


အရောင်မှုန့်



Saffron (ကုံကုမံ) ဒီပုံ ၂ခုကို ဂူဂဲလ်က ယူထားတာပါ။

တခါက ဒန်ပေါက်မှာ ထည့်တဲ့အရောင်ကို ညီမလေးတယောက် မေးဖူးပါတယ်။ မအားလို့ရော မေ့သွားလို့ရော မတင်ဖြစ်ခဲ့ပါဘူး။ ဆေားရီပါ။ ခုတင်ပေးလိုက်တယ်။ ဒီအရောင်မှုန့်ကို သုံးကြသလို Saffron( ကုံကုမံ)ကို နွားနို့နဲ့စိမ်ပြီးလည်း အရောင်အတွက်ထည့်ကြပါတယ်။ အဆင်ပြေပါစေ။



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP