Lorem Ipsum

နံနက်စာများ(၃)

 Wednesday, September 07, 2011


ခေါက်ဆွဲကို သခွါးသီး၊ ပဲပြားကြော်နဲ့ ပဲမှုန့်များများထည့်ပြီး စေးစေးလေးဖြစ်အောင် သုပ်စားပါတယ်။


ဂေါ်ပီထုပ်ဟင်းခါးနဲ့ပေါ့း)



ခေါက်ဆွဲခြောက်ကိုပြုပ်၊ ကြက်သွန်ဖြူဆီကျက်များများနဲ့ ကြာညို့၊ ပဲငံပြာရည်၊ အချိုမှုန့်၊ ငရုပ်ကောင်းမှုန့်နဲ့ နယ်လိုက်ပြီး ဂဏန်းသားကို ဆီနဲ့လှိမ့်ပြီး ရောထည့်လိုက်တယ်။ ဂဏန်းဆီကျက်ခေါက်ဆွဲပေါ့။





ဂဏန်းငါးဆုပ်လုံးဟင်းချိုနဲ့ တွဲစားတယ်။



ဗူးသီကြော်နဲ့ တွဲးစားတဲ့ အချဉ်ရည်




ဗူးသီးအကြီးမျိုး ရလာတာနဲ့ တရက်ကြိုပြီး စိတ်ထားလိုက်တယ်။ နောက်နေ့မနက် တန်ပူရာမှုန့်မှာ ရွှေကြည် မှုန့် နဲနဲထည့်ပြီး ရောကြော်လိုက်တယ်။


ဒါကတော့ ၉.၁.၂၀၁၁မှာ ကိုယ်တို့ရဲ့မေမေ အသက် ၆၃ပြည့်ပါတယ်။ မေမေ့မွေးနေ့မှာ ဘုန်းကြီးဆွမ်း ကပ်ဖြစ်တယ် နေ့ဆွမ်းပေါ့။ အိမ်မှာ အပေါင်းအသင်းတွေကို အုန်းနို့ခေါက်ဆွဲ ချက်ကျွေးမယ်လို့ စိတ်ကူးပြီး သူ့ဖက် ကိုယ့်ဖက် ပေါင်းလိုက်တော့ အယောက် ၁၅၀နီးပါးဖြစ်သွားရော။ တခြားလူတွေ ကိုလည်း အကူမခေါ်ချင်တာနဲ့ မေမေ့အတွက် ကိုယ်တို့ပဲ ပင်ပန်းခံ လိုက်တယ်။ မနက် ၃နာရီမှ အိပ်ရတယ်း)


ဒါကနောက်နေ့ ကျန်တဲ့ခေါက်ဆွဲကိုပဲ ရိုက်ထားတာ။ အစုံတော့မရှိတော့ဘူး။ ကြက်သွန်နီလည်း ကုန်တော့ ထပ်မထည့်တော့ဘူးး)



ဒါက ရွှေကြည်ဆနွင်းမကင်းထိုးတယ်။ ရွှေကြည် ၃ကီလိုထိုးတာ လက်က တပတ်ရှိပြီ နာနေတုန်းး(




                       ကျောက်ကျော လုပ်ပေမဲ့ အဲ့ဒီနေ့ကပဲ မလောက်လို့ ပုံမရိုက်လိုက်ရဘူး



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP