Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၄)

 Saturday, October 01, 2011

အန္ဒိယစတိုင်လ် BBQ လုပ်စားမယ်ဆိုပြီး Bahari Kabab Masala ၀ယ်လာခဲ့တယ်။  ဆိတ်သား တကီလိုစာကို အရိုးနဲ့အရွတ်ဖယ်ပြီး အားချည်းသက်သက် ပါးပါးလှီးပြီး မဆလာတထုတ်နဲ့ ဆော်ဒါ ၁ဇွန်း(လ္ဖက်ရည်) နဲ့ရောနယ်ပြီး နှပ်ထားလိုက်တယ်(၂နာရီ)။ ညနေရောက်တော့ အိုဗင်က အလုပ်မလုပ်တော့ ဘူးရယ်း( ဒါနဲ့ ဆီနဲနဲထည့်ပြီး ကြော်လိုက်တယ်။ ကင်တာထက်တောင် စားကောင်းသေးတယ်း) (ဆော်ဒါထည့်တာက အသားနူးညံ့ပြီး အမြန်ကျက်အောင်လို့ပါ။)


Bahari Kabab Masala နဲ့ကြော်ထားတဲ့ ဆိတ်သား

 

                                                        အာလူးပဲဆီနှပ်

လာပြန်ပြီ အာလူးပဲဆီနှပ်တဲ့ (ကိုယ့်ဟာကိုယ်ပေးတဲ့နံမည်နော်) ဒီတခါတော့ အာလူးကို အခွံနွါအတုံး တုံးပြီ ဆီပူထဲ ထည့်ကြော်လိုက်တယ်။ ပြီးမှ ဆီနဲနဲထဲ ငရုပ်သီးခြောက်၊ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းတို့ကို ပါးပါး လှီးပြီး ဆီသတ်၊ ပဲပုပ်အစေ့၊ ၂ဇွန်း(အချို)၊ ခရုဆီ(၁ဇွန်း)၊ ကြာညို့ (၁ဇွန်း) တို့ကိုထည့်ပြီး၊ အာလူးကြော် ထည့်၊ ရေဆူ ၅ဇွန်း(ထမင်းစားဇွန်း) ထည့်ပြီး မီးမြေ့မြေ့လေးနဲ့ အာလူး နှပ်တဲ့အထိ ထားလိုက်တယ်။

စိမ်းစားငပိ၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို မီးကင်ပြီး အားလုံးရောထောင်းလိုက်တယ်။ စားခါနီး သံပုရာသီး ညှစ်ထည့်လိုက်တယ်။


တိုဖူးနဲ့ မုံညှင်းစိမ်( အခါးမျိုး)ကို ရေားပြီးဟင်းချိုလုပ်တယ်၊။ စားခါနီးမှ ဂျင်းနဲ့ငရုပ်ကောင်း ထောင်းထည့် တယ်။


မုံညှင်းထုပ်၊ ခါဂျယ်ဥနဲ့ ဘိုစားပဲသီးကို ခရုဆီနဲ့ကြော်ထားတာပါ။


ဘဲဥနဲ့ အာလူးကို မဆလာလေးအုပ်ပြီး ချက်ထားတာပါ။

Kabab မဆလာထုပ်ပါ။

ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP