Lorem Ipsum

ငပိထမင်းသုပ်

 Wednesday, October 05, 2011


ငပိထမင်းသုပ်နဲ့ ငါးပတ်ကြော်

မနေ့က အလည်လွန်တာများသွားလို့ ဟင်းမချက်ဖြစ်ဘူး :D ဒါနဲ့ ရှိတဲ့ ထမင်းကို ကြက်သွန်ဖြူဆီကျက်၊ ငပိဆီလှိမ့်( ဆီနဲ့လှီမ့်ထားတာ မကင်ချင်လို့) ပုဇွန်ခြောက်မှုန့်နဲ့ ရောသုပ်ပေးလိုက်ပြီး ငါးပတ် ထုတ်ထားတာ ရှိနေတာနဲ့ ကြော်ပေးလိုက်တယ်။ အရည်သောက်ကတော့ ပထမနေ့က ခေါက်ဆွဲစားထားတဲ့ ကြက်သား ပြုပ်ကို တရုတ်နံနံခတ်၊ ငရုပ်ကောင်းခတ်ပြီး ကျေးဇူးရှင်ကို ကျွေးလိုက်တယ်။ ကိုယ်တို့က တချားစားလည်း ရတယ် သူက ထမင်းမှ ထမင်းလေး) အရင်ကလည်း တင်ဖူးပေမဲ့ မရှာချင်တော့ဘူး ပျင်းတယ်း)



ကြက်သားစွပ်ပြုပ်


ကြက်သားကြော်နဲ့ မျှစ်သုပ်(ထိုင်းသုပ်) ကြက်ဆီထမင်းနဲ့ စားရတဲ့ ပဲငပိစောစ့် လုပ်ထားတာ ရှိနေတာနဲ့တွဲ စားဖြစ်တယ်။



ကြက်သား ပေါင်ရင်းသားကို ဆားရေ ၁နာရီစိမ်ထားပါတယ်။ ပြီးမှ ဂျင်းရည်၊ ကြက်သွန်ဖြူထောင်း၊ ငရုပ်ကောင်းမှုန့်၊ ခရုဆီထည့်ပြီးနှပ်ထားလိုက်တယ်။ ကြော်ခါနီးမှ ကြက်ဥတလုံးဖောက်ခလောက်ပြီး ကြက် သားနဲ့နယ်၊ ဂျူံမှုန့်ထဲ နှစ်ပြီး ကြော်ရုံပါပဲ၊ ကြော်တဲ့အခါ အဖုံးတော့ အုပ်ထားလိုက်တယ်။ အသားတွေ နူညံ့ အောင်လို့ပါ။ ဒါက တနင်္ဂနွေနေ့က စားထားတာပါး)



 ဒါကတော့ ကြက်ဆီထမင်းနဲ့ တွဲပေးလေ့ရှိတဲ့ ကြက်သားနဲ့ ကျောက်ဖရုံသီး ဟင်းချိုပါ။ ကျောက်ဖရုံသီးကို နိုင်ငံခြား ရောက်လာမှ ဟင်းချို သောက်တတ်လာတယ်။ ငယ်ငယ်ကတည်းက တခါမှ မစားဖူးဘူး။ အသိတ ယောက်ကတော့ ပြောတာပဲ အမျိုးသမီးတွေ အတွက် ကောင်းတယ်တဲ့။


ချဉ်ငံစပ် မျှစ်သုပ်


ကြက်သားကြော်


ခြေမနော် ဒါက(ဘယ်)

ပြီးခဲ့တဲ့ အပတ်က ဆိုးထားတဲ့ ခြေသည်းး) ဘာလို့ ခြေထောက် အပြည့်မပြလည်းဆိုတော့ ခြေထောက် မလှလို့ :D  


ညာ :D ပျင်းလို့ ဒါကိုဖျက်ပြီး အောက်က အရောင်ဆိုးလိုက်တယ်း)


ဒီအရောင်ပေါ့


ဒါက တော်တော်ကြာတုန်းက အပေါ်ထပ်မှာ ငှါးနေတဲ့ အမကို လက်တည့်စမ်းထားတာ။




                                  ဒါရောပဲ အဲ့ဒီအမကို လက်တည့်စမ်းထားတာပါပဲ။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP