Lorem Ipsum

နံနက်စာများ(၄)

 Sunday, October 09, 2011

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က Pite လုပ်စားတယ်။ ပီသာလို့ အသံထွက်ပါတယ်။ ဘော့စ်နီးယား အစားအ သောက်ဖြစ်ပါတယ်။ အရသာက စိမ့်စိမ့်လေးပါ။ ကိုယ့်သူငယ်ချင်း ဘောစ့်နီးယားမတွေ အမြဲယူလာပြီး ကျွေးနေတော့ ဒီမုန့်ကို ကိုယ်လည်းကြိုက်တယ်။ လုပ်ကျွေးမယ်လို့ တေးထားတာ ကြာလှပါပြီ။ ခုမှစမ်း လုပ်ဖြစ်တယ်။ မဆိုးဘူး ဖြစ်တယ်။ အချိန်အဆမလိုတာကြောင့်  ပိုသဘောကျမိတယ်း)



ပီသား (Pite)



                         အခွံက ဒီတံဆိပ်နဲ့လာပါတယ် $ 3 ပေးရပါတယ်။ ( တခြားတံဆိပ်လည်း ရှိမှာပါ)


စမူဆာထုပ်တဲ့အခွံလိုပါပဲ။ အထဲမှာ ၁၀ချပ်ပါတယ်။


အဆာအတွက်၊ ကြက်ဥ ၁၀လုံး၊ Sour Cream တဗူး( ၁ပေါင်)၊ Ricotta cheese တဗူး( ၁ပေါင်)၊ ဆား၊ ငရုပ်ကောင်းမှုန့်၊ ကြက်သွန်နီ၊ ဖြူနဲ့  Spinach (ပါလာခ် အိန္ဒိယ အခေါ်)တို့ကို အားလုံးသမအောင် ရောမွှေ ပြီးထားပါတယ်။ Spinachကိုတော့ ပါးပါးလှီးထားပါတယ်။ မုန့်ဖုတ်မဲ့ ဗန်းထဲမှာ ပီသားအဖတ် တရွက်ခင်း ရောမွှေထားတဲ့ အဆာပလာကို ခပ်ပါးပါးလေး ဖြန့်ထည့်၊ အပေါ်ကနေ နောက်ထပ် ပီသားဖတ်တရွက်ခင်း ထေားပတ်နဲနဲသုတ်၊ အဆာတွေ ထပ်ထည့် ပီသားအရွက်တွေ မကုန်မချင်းထည့်သွားပါတယ်။ ပြီးရင် အိုဗင် မှာ ၃၇၅  Fံ နဲ့ ၂၅မိနစ်ကနေ ၃၀မိနစ်အထိ ဖုတ်ပါတယ်။


မုန့်ဖတ်က အရမ်းကြီးပြီး ကိုယ့်ဗန်းကသေး သွားတယ်။


အိုဗင်ထဲ သွားဖို့ ရယ်ဒီး)


အိုဗင်က ထွက်လာပြီး) စားလို့ရပြီပေါ့


                       သူငယ်ချင်းတွေ အိမ်လာလည်တော့ စမူဆာ တော်တော်များများ ကြော်ဖြစ်ကြတယ်။


 ကြက်သွန်နီ၊ ကြက်သွန်မိတ်၊ နံနံပင်၊ ပူစီနံနဲ့ သခွါးသီးတို့ကို ပါးပါးလှီးထားတယ်။


စမူဆာသုပ်

အာလူးကို မဆလာလေးနဲ့ချက်၊  ပဲမှုန့်ရေကျဲလေးထည့်မွှေပြီး ချက်ထားတဲ့ မဆလာနံ့သင်းသင်းလေးနဲ့ မန်ကျည်းမှည့်လေးဖျော်ထည့်ပြီး စမူဆာ သုပ်စားဖြစ်ကြပါတယ်။


                                          ခေါက်ဆွဲကြော် (ရွှေပုစွန် တံဆိတ် ခေါက်ဆွဲ)

 ခေါက်ဆွဲကြော်တိုင်း ဒီဗန်းမှာထည့်ဖြစ်တယ်။ ဗန်းကြီးလို့လေး)


ခရမ်းချဉ်သီးတွေပေါတယ်။ ခေါက်ဆွဲကြော်အတွက် အချဉ်အနေနဲ့ သုပ်စားတာ။




            
မုန့်ဟင်းခါး

မုန့်ဟင်းခါးက ခဏခဏ ချက်စားဖြစ်တော့ မရေးတော့ဘူး။ ဒါကတော့ ငါးနဲ့ ဆန်လှော်မှုန့် သက်သက်နဲ့ ချက်ထားတဲ့ မုန့်ဟင်းခါးပါ။



                                                        ဗူးသီးကြော်နဲ့ အချဉ်

အသိအမကြီးတယောက်က ဗူးသီးအကြီးကြီး တလုံး လက်ဆောင်ပေးတယ်။ မွေးကင်းစကလေး လောက်ကို ကြီးတား)  အပေါ်ထပ်ကိုခွဲပေးပြီး ကျန်တဲ့ဟာကို ချဉ်ရည်ဟင်း၊ ကြက်သားနဲ့ဗူးသီး၊ ဗူးသီး ကြော် အစရှိတာတွေကို လုပ်စားပြစ်တယ်း) ဒီတခါ ဆန်မှုန့် ၃ဆ၊ ကောက်ညှင်းမှုန့် ၁ဆနဲ့ ဆော်ဒါထည့်ပြီး ဖောက်ထားတဲ့ မုန့်နှစ်နဲ့ ကြော်ထားတာပါ။ အချဉ်ရည်ကတော့ မန်ကျည်းမှည့်နဲ့ ပဲမှုန့်အကျက်၊ မြေပဲထောင်း၊ ငရုပ်သီးလှော်ထောင်း၊ ဂျင်းထောင်းနဲ့ ငံပြာရည်တို့ကို ရောမွှေထားတာဖြစါပါတယ်။



                                              အမဲနံရိုး ဆန်ခေါက်ဆွဲ

အမဲနံရိုးကိုထိုင်းဟင်းချက်စားထားတာ ဟင်းက နောက်နေ့ထိကျန်နေတော့ ဆန်ခေါက်ဆွဲ လုပ်စားဖြစ် တယ်။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP