Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၅)

 Saturday, October 22, 2011

ပြီးခဲ့တဲ့ စနေနေ့က ချက်ထားတာပါ။ ငွေငါးပေါက်လေးတွေနဲ့ ပုဇွန်ကို ရောချက်ထားပါတယ်။ ပထမဆုံး ကြက်သွန်ဖြူနီကို ဆီသတ်ပြီး ခရုဆီ၊ ငံပြာရည်၊ အချိုမှုန့်တို့ကိုထည့်ပြီးမှ၊ ပုဇွန်နဲ့ငါးပေါက်လေးတွေကိုထည့်၊ အဖုံးခဏ(၅မိနစ်)ဖုံးထားပြီး ပင်စိမ်းနဲ့ ငရုပ်သီးစိမ်းအုပ် ရပါပြီ။ ၁၅မိနစ်ပဲ ကြာတာမို့လုပ်စားရတာ အချိန်သက်သာပါတယ်။

အရင်ကလည်း ဒီငါးကို သုပ်ဖူးပါတယ်။ ဒီမှာပါ

ပုဇွန်နဲ့ Silver Fishဟင်း

ညီမလေးတယောက် မေးဖူးတယ် အလွယ်နည်းနဲ့ ဘာလချောင် ဘယ်လိုကြော်ရမလဲတဲ့။ ကိုယ်ကတော့ ပုဇွန်ခြောက်ကို ရေစိမ်ပြီး မညှက်တညှက်လေး စက်နဲ့ချေလိုက်ပါတယ်။ ပြီးမှ ဆီများများမှာ ဆနွင်းနဲနဲခပ် ကြက်သွန်ဖြူထောင်းပြီး ဆီသတ်၊ ပုဇွန်ခြောက်တွေထည့်၊ အချိုမှုန့်ထည့် အဖုံးအုပ်ထားလိုက်တယ်။ ပုဇွန်ခြောက်တွေ ကြွပ်လာတော့မယ်ဆိုရင်၊ ကြက်သွန်နီရယ်ဒီမိတ်ထည့်၊ ငရုပ်သီးလှော်ထောင်း( အိမ်မှာပဲ ဆီကြော်ပြီးထောင်းထားတာပါ)ထည့်၊ နောက်ဆုံးမှ ငံပြာရည်ထည့်ပါတယ်။ ပြီးရင် အဖုံးအုပ်ထားလိုက် တယ်။ ကြွပ်ကြွပ်လေး မကြိုက်လို့ အဖုံးအုပ်းထားတာပါ။  

ငပိတော့ မသုံးဖြစ်ဘူး။ ငံပြာရည်အရသာပဲ ပိုကြိုက်တယ်။ အိမ်နံတာလည်း သက်သာပါတယ်။ ကြော်ပြီး တိုင်း အိမ်မှာ Yankee ဖယောင်းတိုင်တွေထွန်း၊ စပရေးတွေဖျန်းပေါ့။ ကိုယ်အမေရီးကား ရောက်ပြီး ပိုက်ဆံ အများဆုံးသုံးဖြစ်တာလည်း ဖယောင်းတိုင်တွေမှာပဲပြောရမယ်။ ခေါင်းကိုက်တတ်တာရော အိမ်ကို ဟင်းနံ့နံနေတာ မကြိုက်တာရော အားလုံးကြောင့်ပေါ့။ ရောက်ခါစက အိမ်ငှါးနေရတော့ အိမ်ကကျဉ်းတယ်။ အ၀တ်တွေမှာ ဟင်းနံ့တော်တော်နံတာပဲ။ အိမ်မှာနေရင် မသိသာပေမဲ့ အပြင်ထွက်လို့ကားပေါ် ရောက် တာနဲ့ တံခါးပိတ်လိုက်ရင် အနံ့ကနံလာရော။ အာရှအများစုမှာ ဒီဟင်းနံ့ ရှိတတ်ကြပါတယ်။ အဲ့ဒီတော့ သေချာ အခန်းတွေကိုပိတ်၊ မီးဖိုကြောင် ပြူတင်းပေါက်နဲ့ တံခါးဖွင့်၊ ဘေးနားမှာ၊ သစ်ဂျပိုးခေါက်နဲ့ နာနတ်ပွင့်လို အနံ့ပြင်းတဲ့ အခေါက်တွေကို အဖုံးဖွင့်ပြီးပြုပ်၊ အနံ့စုပ်စက်တွေဖွင့်ပြီး၊  အစပ်တွေကို ကြော်လှော်ဖြစ်တယ်။ ပြီးမှ တနေကုန် ဖယောင်းတိုင်ထွန်းထားလိုက်တယ်။ တခါကြော်ရင် ၂ပတ်စာလောက်တော့ ကြော်ထား ဖြစ်တယ်။ ဟူးးးးးးးးးးးးးးးးး မလွယ်ပါလားနော် လက်၂သစ်လောက်ရှိတဲ့ လျှာရင်းမြက်စေဖို့ ခံရတဲ့ ဒုက္ခတွေကး)






ငါးပတ်ဆီပြန်ဟင်းပါ။ ကြက်သွန်ဖြူ၊နီနဲ့ ငရုတ်ခြောက်ထောင်းဆီသတ်၊ ခရမ်းချဉ်သီးနဲ့ မန်ကျည်းမှည့်နဲနဲ ထည့်၊ မဆလာအုပ်ပြီး ဆီပြန်ချက်လိုက်တယ်။


ငါးပတ် တပေါင်ကို $ 6.99 နဲ့ ၀ယ်လာတာ ၂ပေါင် ဒီလောက်ပဲရတယ်း(


ကျော်ဖရုံသီးနဲ့ ကြက်ဥဟင်းချို

မျှစ်နဲ့ချဉ်ပေါင်ကြော် မျှစ်ကို အမျှင်ကြီးရင်မကြိုက်လို့ အမြဲသေးသထက်သေးအောင်မျှင်တယ်။



ကြက်သွန်ဖြူနဲ့ မုန့်ညှင်းဟင်းချို (ခြံထွက် မုန့်ညှင်း)


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP