Lorem Ipsum

ညီမလေး MM အတွက်

 Sunday, October 23, 2011



ညီမငယ်လေး MM က မေးလ်ပို့ပြီး မေးလာလို့ပါ။ မမရေ ခရမ်းရောင် လက်သဲလေးဆိုးချင်လို့တဲ့။ ကိုယ်က လည်း တတ်လို့တော့မဟုတ်ပါဘူး။ ၀ါသနာပါလို့သာ လျှောက်လုပ်တာ ဖြစ်ပါတယ်။ ကိုယ်အခု ဆိုးလိုက် တာက နည်းလမ်းမှန်ချင်မှ မှန်မယ်ဆိုတာ ကြိုပြောထားပါရစေနော်။

ပထမဆုံးလိုအပ်တာတွေက လက်သည်းဆိုးဆေးတွေပါ

၁။ Base Coat
၂။ ဗေဒါရောင် လက်သည်းဆိုးဆေး
၃။ ခရမ်းရောင် လက်သည်းဆိုးဆေး
၎။ငွေမှုံ နဲနဲပါတဲ့ လက်သည်းဆိုးဆေး
၅။ Top Coat
၆။ Makeup Sponge
၇။ သွားကြားထိုးတံ
၈။ Nail Dotting Tool တို့လိုအပ်ပါတယ်။ (မရှိရင် သွားကြားထိုးတံ (သို့) ဘောပင်ထိပ်လေးကို သုံးလည်း ရပါတယ်။


ဒါတွေလိုအပ်ပါတယ်။ ဆေးတွေကတော့ အကောင်းစားသုံးနိုင်ရင် သုံးပါ။ ကိုယ်ကတော့ မသုံးနိုင်လို့း)



ပထမဆုံး China Glaze Base Coat ဆိုးပြီး ခြောက်သွားရင် ဗေဒါရောင်ကို Makeup Sponge လေးနဲ့ ခပ်ဖွဖွလေး လက်သဲပေါ်ဖိပေးပါ။ ဗေဒါရောင်လေးက အရောင်ဖျော့လေးပဲ ယူမှာမို့ သိပ်အများကြီး ထူဖို့မ လိုပါဘူး။ ဗေဒါရောင်လေးခြောက်သွားရင်  



ခရမ်းရောင်လေးကို Makeup Sponge လေးနဲ့ လက်သဲရဲ့ ၃ပုံ၂ပုံကနေ စပြီးခရမ်းရောင်ကို ခပ်ဖွဖွလေး ရိုက်ပေးပါ  ခြောက်သွား ရင်တော့


လက်သဲထိပ်ကို ခရမ်းရောင် ခပ်ထူထူလေး ဆိုးပေးပါ။ ခရမ်းရောင်ခြောက်သွားခဲ့ရင်



Nail Dotting Tool ၊ ကလစ်ထိပ်၊ ပင်းအပ်၊ ဘောပင်ထိပ် စတဲ့ ထိပ်လေးတွေနဲ့ အဖြူရောင်ကို အစက် လေးချပေးပါ။ ကိုယ်လိုချင်တဲ့ ပန်းအနေအထားရရင် 


ခရမ်းရောင်လေးကို ခုနအဖြူစက် အတွင်းပိုင်းကနေ ထပ်ပြီး အစက်ချပေးပြီး သွားကြားထိုးတံနဲ့ ပန်းလေးရဲ့ အတွင်းပွင့်ဖတ်ကနေ အပေါ်ဖက်ကို ဆွဲသွားလိုက်ပါ။ ပြီးရင် ၀တ်ဆံအနေနဲ့ အဖြူလေး တစက်ချလိုက်ရင် ရပါပြီ။ လက်သဲ ခြောက်ရင် ငွေမှုံ နဲနဲပါတဲ့ လက်သည်းဆိုးဆေး ထပ်ဆိုးလိုက်ပြီး အပေါ်ကနေ Top Coat လေးတထပ်ဆိုးလိုက်ရင် အနည်းဆုံး တပတ်လောက်တော့ အသာလေး လက်သဲလေးက လှပနေမှာ သေချာပေါ့း)












ညီမလေး MM ကျေနပ်ပါစေး)



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP