Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၆)

 Monday, October 31, 2011

ငါးရံ့ကို ကြော်ပြီး အရိုးနူးအောင် ပြန်ပေါင်းထားပါတယ်။ ငါးရံ့ အကောင်ကြီးကြီးကို ၃ပိုင်းပိုင်းပါတယ်။ တပိုင်းကို ချန်ထားပြီး ကျန်တဲ့ နှစ်ပိုင်းကို ငံပြာရည်နဲ့ဆနွင်းနယ်ပြီး ကြော်လိုက်တယ်။ ပြီးရင်တော့ ဆီအိုး တည်၊ ငရုပ်သီးခြောက်၊ ကြက်သွန်နီ(အကွင်းလိုက်လှီးထားတာ) ကြက်သွန်ဖြူနဲ့ ဂျင်းထောင်းတို့ကို ဆီ သတ်၊ အနံ့မွှေးလာရင်၊ ကြော်ထားတဲ့ငါးကိုထည့်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ အနှောက်၊ နှမ်းဆီအ နည်းငယ်၊ တရုတ်မဆလာ အနည်းငယ်တို့ကိုထည့်မွှေပြီး ရေဆူငါးမြုပ်အောင်ထည့်ပြီး အရိုးနူးအောင် ပေါင်းထားပါတယ်။ အရိုးနူးပြီး ဆီပြန်လာရင် ရပါပြီ။ ငါးက ငရုပ်သီးအခြောက်ဆီသတ်ပြီး ချက်ထားလို့ချို စပ်လေးဖြစ်နေပါတယ်။ အရင်ကလည်း ငါးပေါင်းဖူးပါတယ်။ အဲ့ဒါ ပဲငပိနဲ့ ဒီမှာပါ ။

ငါးရံ့ အရိုးနူးပေါင်း။


 

ပေါင်းအိုးထဲမှား)

အမဲခြောက်ကြော်

အမဲသားကို ပါးပါးလှီးပြီး၊ ဆား၊ အချိုမှုန့်၊ ဆနွင်းနဲ့နယ်ပါတယ်။ တမနက်လောက် ဗန်းပေါ်မှာ ဇကာလေး အုပ်ပြီး ဖြန့်ထားတယ်။ ညနေမှ ကြက်သွန်နီနဲ့ ဖြူကို ပါးပါးလှီးကြော်ပြီး ဆီစစ်ထားလိုက်တယ်။ ကျန်တဲ့ဆီ မှာ အမဲသားတွေထည့်ကြော်၊ အသားတွေ ကြွပ်လာရင် ကြော်ထားတဲ့ ကြက်သွန်နဲ့ရောပြီး မီးပိတ်လိုက် ပါတယ်။


 ပိန်းဥနဲ့ပင်စိမ်း ဟင်းချို

ပိန်းဥကို အခွံနွာပြီး ရေဆေးထားပါတယ်။ အိုးတလုံးထဲမှာ ငါးခူအရွယ်လတ်လတ် တကောင်ကို ငံပြာရည်နဲနဲထည့်ပြီး ပြုပ်ထားပါတယ်။ ဆီအနည်းငယ်မှာ ကြက်သွန်ဖြူထောင်းပြီဆီသတ်၊ ဆနွင်းပါရုံလေး နဲနဲခပ်ပြီး ပိန်းဥထည့်၊ ၁မိနစ်လောက် ကြော်ပြီးရင်၊ ပြုပ်ထားတဲ့ငါးကိုကို အရိုးနဲ့ အရေပြားချန်ပြီး ကျန်တာ အားလုံးထည့်။ ငါးပြုပ်ရည်ပါထည့်ပြီး ပိန်းဥနူးရင် အပေါ့အငံမြည်း၊ ပင်စိမ်းနဲ့ ငရုပ်ကောင်းမှုန့်ထည့် ရပါပြီ။

ပုဇွန်ခြောက် ဘာလချောင်

 

                                                   သခွါးချဉ်သုပ်

သခွါးသီးချဉ် သုပ်ပါ။ သခွါးသီးနဲ့ ကြက်သွန်နီကို အခွံခွါပြီး ပါးပါးလှီးပါတယ်။ ရေတဆ၊ ရှလကာချဉ် နှစ်ဆ ရောပြီး သခွားသီးကို ရေစိမ်ထားပါတယ်(၂နာရီ) သုပ်ခါနီးမှ၊ သခွားသီးစိမ်ထားတဲ့ အချဉ်ရည်ကို သွန်ပြစ်ပြီး အရည်ညစ်ပြစ်လိုက်ပါ။ ဒါဆိုရင် သခွါးချဉ်ရပါပြီ။

သုပ်တော့မယ်ဆိုရင် သခွါးသီးချဉ်၊ ပုဇွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းဆီကျက်၊ နှမ်းလှော် ထောင်း၊ နံနံပင်၊ ငံပြာရည်နဲ့ အချိုမှုန့်တို့ကို ထည့်ပြီးရောနယ်လိုက်တယ်။ ရပါပြီ ချဉ်ငံစပ်၊ သခွါး ချဉ်သုပ်။



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP