Lorem Ipsum

လက်သဲ ပုံဖော်ရအောင် (၃)

 Tuesday, November 01, 2011


 Base Coat ၊Top Coat၊ အနက်ရောင်၊ အဖြူရောင်၊ ပန်းရောင်ဖျော့( Sally Hansen Bad to the bone 120 )၊ ပန်းဆီရောင်( Sally Hansen On the Rocks 760) Wet n Wild Shine 469၊ ခဲရောင် ( Sally Hansen  Pumping Iron) တို့ပါ။


Base Coat ဆိုးပြီး ခြောက်သွားရင် ပန်းဖျော့ရောင် (သို့) အဖြူရောင်( ပန်းရောင်က သမ်းရုံလေးသမ်းတာ ပါ) ( Sally Hansen Bad to the bone 120 ) ဆိုးထားပါတယ်။ ကိုယ်ကြိုက်တဲ့ အရောင်ရွေးချယ်လို့ ရပါ တယ်။ ကိုယ်က ဒီအရောင်နဲ့ ပိုပြီး လိုက်မယ်ထင်လို့ပါ။


ခဲရောင် ( Sally Hansen Pumping Iron) ကို လက်သဲရဲ့ ၃ပုံ ၁ပုံ တစောင်းဆိုးပါ့မယ်။ ခဲရောင် ကို ၂ထပ်ဆိုးပါတယ်။ ခဲရောင်ခြောက်သွားရင်၊ Wet n Wild Shine 469 ကို ခဲရောင် အပေါ်ကနေ ပါးပါးလေး ထပ်ဆိုးပေးပါတယ်။ အရောင် ပိုပြီး စိုလက်သွားအောင်ပါ။





 ခဲရောင်လိုပဲ ပန်းဆီရောင်( Sally Hansen On the Rocks 760)ကိုလည်း တဖက်ကနေ တစောင်းဆိုးပေး ပါတယ်။ နှစ်ထပ်ဆိုးပါတယ်။ အရောင်အရမ်း ဖျော့နေလို့ပါ။



                                            ပန်းရောင်ခြောက်သွားရင်တော့


 အနက်ရောင်ကို ခဲရောင်ဆိုးထားတဲ့ဖက်မှာ စုတ်တံသေးမျှင်မျှင်လေးနဲ့ မျှဉ်းကြားပုံလေး ဆွဲပေးပါတယ်။ ဖြောင့်နေဖို့မလိုပါဘူး။


ပန်းဆီရောင် ဆိုးထားတဲ့ဖက်မှာတော့  အဖြူနဲ့ အမဲ အစက်လေးတွေ ချပေးပါတယ်။ အဖြူပေါ် အမဲ ထပ်ပြီးလည်း အစက်ချပေးလို့ရပါတယ်။ ( ဒီပုံက အစက မရိုက်လိုက်မိဘူး။ ပို့စ်တင်မှ ဒီတဆင့် မရှိလို့ ပြန်သွားရိုက်တာပါ။ အစက်လေးတွေက လက်နဲ့ထိမိလို့ ပျက်နေပါပြီး)


လက်သဲခြောက်သွားရင်တော့ Top Coat ဆိုးလိုက်ပြီဆို ရပါပြီ။ ကိုယ်ကတော့ ဒီပုံမှာ မဆိုးရသေးပါဘူး။ ဓါတ်ပုံ ရိုက်ရင် အရမ်းအလင်းပြန်လို့ပါ။

ဒီလို လက်သဲလေးလှနေမှာပါ။





















ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP