Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၇)

 Sunday, November 06, 2011





ကင်းပုံသီးနဲ့ ကြက်သားကြော်

တောကင်းပုံသီးကို ကြက်သား တောက်တောက်စဉ်းပြီး ကြော်ထားပါတယ်။ ပထမဆုံး ကင်းပုံသီးတွေကို ရေ ဆေးပြီး နှစ်ခြမ်းးခြမ်းပါတယ်။ ကြက်သားကိုလည်း တောက်တောက် စဉ်းထားပါတယ်။ ဆီပူလာရင် ကြက်သွန်နီ၊ ဖြူကို နုပ်နုပ်စဉ်းပြီး ငရုပ်သီးခြောက်(နှစ်ပိုင်းချိုး)နဲ့ ရောဆီသတ်၊ ကြက်သွန် အရောင်လေးလှလာရင် ဆနွင်းနဲ့ အရောင်တင်လေးနဲနဲခပ်၊ ခရမ်းချဉ်သီးတလုံး ပါးပါးလှီးထည့်ပြီး အဖုံးအုပ်ထား၊ ခရမ်းချဉ်သီးတွေ ကြေသွားရင်၊ တောက်တောက်စဉ်းထားတဲ့ ကြက်သားထည့်၊ အချိုမှုန့်နဲ့ ငံပြာရည်ထည့်ပြီး အဖုံးပြန်အုပ် ထားပါတယ်။ ကြက်သားစိမ်း အနံ့ပျောက်ရင် တောကင်းပုံသီးတွေထည့်ပြီး အဖုံးအုပ်ထားလိုက်တယ်။ မီးမြေးမြေးလေးနဲ့ ကြော်လိုက်ပါတယ်။ အသားကျက်ပြီး တောကင်းပုံသီး နူးသွားရင် ရပါပြီ။




                                    တောကင်းပုံသီးပါ။ မနှင်းဟေမာ ဘလောဂ့်ကပုံပါ။


                     သူ့အတွင်းပိုင်းမှာ ဒီလိုရှိပါတယ်။ ဒီပုံလည်း မနှင်းဟေမာဘလောဂ့်ကပါပဲ။


                                        ငပိရည်နဲ့ ကြောင်လျှာသီး မီးဖုတ်



ကြောင်လျှာသီး မီးဖုတ်နဲ့ ငပိရည်။  ငါးခူအသား၊ ငရုပ်သီး( ကုလားအော်)နဲ့ ကြက်သွန်ဖြူခပ်များများကို ပြုပ်လိုက်ပါတယ်။ ငါးခူထဲကို အရိုးနဲ့ အရေခွံပြစ်လိုက်ပြီး ငရုပ်သီစိမ်းပြုပ်၊ ကြက်သွန်ဖြူပြုပ်ထားတာတွေနဲ့ ရောထောင်းပါတယ်။ အိုးတလုံးမှာ စိမ်းစားငပိအနည်းငယ်နဲ့ မန်ကျည်းသီးစိမ်းတွေကို ထည့်ပြုပ်ပါတယ်။ မန်ကျည်းသီးစိမ်း နူးအိသွားရင်တော့ ခြေပြီး အဖတ်တွေ ပြစ်လိုက်ပါတယ်။ ဒါတွေပြီးပြီဆို ဆီအနည်း ငယ်ထဲ ထောင်းထားတဲ့ ငါ၊ ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူတို့ကို ရောပြီး ဆီသတ်၊ မန်ကျဉ်းသီးနဲ့ ငပိကျိုထား တဲ့အရည်လောင်းထည့်၊ အချိုမှုန့်အနည်းငယ်ထည့်ပြီး ဆူအောင်တည်ထားလိုက်ပါတယ်။ ချဉ်ငံစပ် ငပိရည် ရပါပြီ။ အရမ်း အရမ်းကို စားလို့ကောင်းပါတယ်တဲ့း)


ငါးခူ၊ ကြက်သွန်ဖြူနဲ့၊ အရမ်းစပ်တဲ့ ငရုပ်သီးပြုပ်ပါ။


                                   ချဉ်ပေါင်နဲ့ ငါးရောပြီး ချဉ်ည်ဟင်းချက်ပါတယ်။


Saba ငါးတွေကို  ကြောဖက်ကနေခွဲ အူတွေထုတ်ပြီး ရေသေချာဆေးပါတယ်။ ပြီးမှ နှမ်းဆီ၊ ငရုပ်ကောင်း၊ ခရုဆီနဲ့၊ ပဲငံပြာရည်အကြည်နဲ့ နှပ်ပြီး ကင်စားပါတယ်။ ကင်လို့ပြီးတော့ ဧည့်သည်တယောက် ရောက်လာ တာနဲ့ သူ့အရှေ့မှာ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူးး)


ခင်မင်စွာဖြင့်
Baby taster
                                                   

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP