Lorem Ipsum

လက်သဲ ပုံဖော်ရအောင် (၅)

 Tuesday, November 08, 2011


ပထမဆုံး လက်သဲကို သန့်စင်ပြီးရင် အောက်ခံ Base Coat ဆိုးပါ့မယ်။

Base Coat  ခြောက်သွားရင် makeup spongeမှာ အဖြူရောင်လက်သဲနီကို တထပ်လူးလိုက်ပါ။ အဖြူရောင်ပေါ်ကနေ ပန်းရင့်ရောင် လက်သဲနီတထပ်လူးပြီး လက်သဲရဲ့ သုံးပုံတပုံကို ခပ်ဖွဖွလေး ရိုက်ပေးပါ။ (ပန်းဖျော့ရောင်လေး ရှိနေရင် ဒီအဆင့်ကို လုပ်စရာ မလိုပါဘူး) ကိုယ့်မှာ ပန်းဖျော့ရောင် မရှိလို့ အဖြူနဲ့ရောပြီး လုပ်တာပါ။ ပန်းဖျော့ရောင် ခြောက်သွားပြီဆိုရင်



ပန်းရင့်ရောင်ကို makeup spongeမှာ လူးပြီး ကျန်တဲ့လက်သဲမှာ ခပ်ဖွဖွလေး ရိုက်ပေးပါ။ တထပ်ခြောက်ရင် နောက်ထပ်တထပ်ရိုက်ပေးပြီး လက်သဲထိပ်လေးကို လက်သဲဆိုးတံနဲ့ပဲ ခပ်ထူထူလေး ဆိုးပေးပါ။ ခြောက်သွားပြီဆိုရင်


Konad M 25 သုံးပြီး ပန်းဖော်ပေးပါတယ်။ ကိုယ် သုံးထားတဲ့ အရောင်က ပန်းရောင်ဖြစ်နေတဲ့အတွက်၊ ပန်းဖော်ဖို့ အနက်ရောင်ကို သုံးပါတယ်။ ကိုယ့်မှာ ရှိတဲ့ အရောင်နဲ့ အဆင်ပြေအောင် အရောင်စပ်ပြီး လုပ်ကြည့်ပါ။


                               ပန်းပွင့်က နှစ်ပွင့်ဆင့်ပေမဲ့ တပွင့်ချင်းစီ ယူပြီး နှိပ်လိုက်တယ်ပါတယ်။

                                                    ဒီလို ဖော်လိုက်တယ်။



Top Coat ဆိုးပြီးပုံ





ဒီနေ့ မအားလို့ နောက်နေ့မှပဲ အသေးစိတ် ထပ်ရေးပေးပါ့မယ်။


ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP