Lorem Ipsum

ပဲထမင်းနဲ့ ဆိတ်သားဗင်ဒါလူဟင်း

 Thursday, November 10, 2011

ပဲထမင်း ချက်စားထားတာပါ။ နဲနဲတော့ကြာပြီ။ ဟိုအရင်ကလည်း ချက်ဖူးပါတယ်။ ကုလားပဲကို ရေစိမ်ပြီး နဲနဲပြုပ်တယ်။ ပြီးမှ ဒယ်အိုးထဲ ထောပတ်၂ဇွန်းထည့်၊ နာနတ်ပွင့်တပွင့်ထည့် ဆန်နို့ဆီဗူး ၂လုံးထည့်ပြီး နဲနဲလှော်လိုက်ပြီးမှ ဆား၊ ကုလားပဲခြမ်းနဲ့ ရေဆူထည့်ပြီး ဆက်ချက်ပါတယ်။



ပဲထမင်း


ကြက်သားနဲ့ ကြက်သွန်ဖြူသနှပ်ချက်

ဒါက ကြက်သားနဲ့ ကြက်သွန်ဖြူသနှပ် ရောချက်ထားတာပါ။ ကြက်သား မဆလာချက်အတိုင်း ချက်ပါတယ်။တရေခမ်းပြီး နောက်တရေမှ ကြက်သွန်ဖြူသနှပ်နဲ့ ကြက်သွန်နီကြော် ခပ်များများထည့်ပြီး ချဉ်စပ်လေး လုပ်ထားပါတယ်။ ဒီဟင်းချက်မယ်ဆိုရင် ကြက်အမာသားနဲ့ ပိုကောင်းပါတယ်။ ကိုယ်ကတော့ အမာသားနဲ့ ချက်ထားတာပါ။



ဆိတ်သားဗင်ဒါလူဟင်း

ဆိတ်သား ဗင်ဒါလူဟင်းချက်ပါတယ်။ ပထမဆုံး ဆိတ်သားကို ရေဆေးပီး၊ ဆား၊ နနွင်းနဲ့နယ်ပါတယ်။ ပြီမှ ငရုပ်ခြောက်၊ ဇီရာ၊ နံနံစေ့၊ သစ်ဂျပွေးခေါက်၊ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ခရမ်းချဉ်သီး၊ မုန့်ညှင်းစေ့(mustard seeds) နဲ့ အုန်းနို့ နဲနဲလေးကို ရောကြိတ်လိုက်ပါတယ်။ ဒယ်အိုးတည် ဆီနဲနဲထည့်ပြီး ကြိတ်ထားတဲ့ အဆာပလာထည့်ပြီး ကြက်သွန်အနှစ် နီဝါရောင်သန်းတဲ့အထိ ဆီသတ်ပြီးမှ နှပ်ထားတဲ့ ဆိတ်သားထည့်ပါတယ်။ ဆိတ်သားထဲက ရေတွေကုန်ပြီး အပေါ်ယံ အသားတွေ တင်းလာမှ ရေဆူနဲနဲချင်းဆီထည့်ပြီး ချက်ထားပါတယ်။



ကျန်နေတဲ့ ပုဇွန်ခြောက် ဘာလချောင်


                                              မလေးထမင်းလို ပုံကြည့်တား)


သခွါးသီး ကြိုက်တယ်။ ဒါကြောင့် အအီပြေအောင် အမြဲတမ်း အချဉ်သုပ်တယ်း)


နို့ထမင်း

ဒါက နို့ထမင်းပါ။ အိန္ဒိယနဲ့ နေပါလီလူမျိုးတွေကတော့ ခီးရ်လို့ခေါ်ကြတယ်။ ရိုစ့်ဘလောဂ့်မှာလည်း တင်ထားတာ တွေ့ကြမှာပါ။ အများစုကတော့ ဖာလာစေ့နဲ့ ဗာဒန်စေ့(Almond) ကို နောက်ဆုံးမှ ထည့်ကြပေမဲ့ ကိုယ်ကတော့ ပထမဆုံးပဲ ထောပတ်နဲ့ ဆီသတ်ပါတယ်။ ခီးရ်ကို သာကူစေ့ အရွယ်မျိုးစုံနဲ့ အုန်းသီးစိပ်၊ Almond ပါးပါးလှီးထားတာတွေကို ဆီသတ်ပြီးလည်း ချက်စားကြပါတယ်။

ပထမဆုံး ဆန်ကို ရေဆေးပြီး ရေစစ်ထားပါတယ်။ ထောပတ်အနည်းငယ်မှာ ဖာလာစေ့ လေးငါးစေ့ကို ဆီသတ်ပါတယ်။ ပြီးမှ ဆန်ထည့်ပြီး လှော်ပါတယ်။ ဆန် အ၀ါရောင်လေးသန်းလာရင် နွားနို့ကို ဆန်မြုပ်အောင်ထည့်ုပြီး ကျိုပါတယ်။ ဆန်ထဲက နို့တွေ ခမ်းသွားရင် နွားနို့ပြန်ထပ်ထည့်ပါတယ်။ ဒီလိုနဲ့ပဲ ဆန်စေ့ကနေ နို့ထမင်းဖြစ်တဲ့အထိ နွားနို့ပဲထည့်ပါတယ်။ နောက်ဆုံးမှ သကြားကို အချို ကြိုက်သလောက် ထည့်ပြီး စားလို့ရပါပြီ။



ခင်မြင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP