Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၁၇)

 Wednesday, February 22, 2012


ပဲထမင်းပါ။ ထေားပတ် ၅ဇွန်း( ထမင်းစားဇွန်း)ကို အပူပေးပြီး ဇီရာ၊ သစ်ဂျပွေးခေါက်၊ ကရဝေးရွက်
နဲ့ကြက်သွန်နီ( အစိတ်ကြီးကြီးစိတ်ပြီး) ဆီသတ်ပါတယ်။ ပြီးမှ ဆန်နို့ဆီဗူး၂ဗူးကို ရေဆေးထည့်၊ ဆားနဲ့ သကြားနည်းနည်းထည့်ပြီး၊ လှော်ပါတယ်။ ဆန်လုံးနဲနဲညိုလာမှ ပဲထည့်( ဗူးနဲ့ဝယ်လာတာပါ )ရေဆူ( နီု့ဆီဗူး၂ခွဲးထည့်ပြီး ပေါင်းအိုးနဲ့ နှပ်လိုက်တာပါ။



ပဲထမင်း


ဆပ်သားဘလာချောင်

ဆပ်သားခြောက် ဘလာချောင်ပါ၊ ပုစွန်ခြောက်အစား ဆပ်သားခြောက်ထောင်းပြီးထည့်ထားတာပါ၊




ပဲပုပ်ဂျူးမြစ်ကြော်ပါ (ညီမလေးတယောက် လက်ဆောင်ယူလာပေးတာ)

 
သရက်သီးသနပ်၊ ငရုပ်သီးသနပ်နဲ့ ကြက်သွန်ဖြူ သနပ်တို့ကို တခါတည်းရောထားတာ။

                                               (Badami Chicken Curry)



                        ကြက်သားနဲ့ ဗံဒန်စေ့(Badami  Chicken )  ချက်ထားပါတယ်/ ချက်နည်းက ဒီမှာပါ။



                          မုံလာဥပိုးတီလုပ်ထားတာပါ၊ ငံပြာရည်၊ဆီကျက်နဲ့ နှမ်းလှော်ပဲ ဖြူးထားပါတယ်။


အမဲသားချဉ်စပ်

အမဲသားချဉ်စပ်ပါ (Karai Beef) ချက်နည်းကို ဒီကယူပါတယ်   ကိုယ်ကတော့ ချဉ်စပ်ဖြစ်အောင် သရက်သီး သနပ်နည်းနည်းထည့်ထားတယ်

ဗူးသီးဟင်းခါး (ဓါတ်ပုံ မရိုက်လိုက်ရလို့ အဟောင်းပဲ တင်လိုက်တယ်)


ခင်မင်စွာဖြင့်
ဘေဘီ


နံနက်စာများ(၁၂)

 Sunday, February 19, 2012

ပဲန်င်ကိတ်နဲ့ ပဲပြုပ်လုပ်စားတယ်း)



ပဲန်င်ကိတ်ကို အချိုမျိုးမဟုတ်ပဲ အစိမ့်ပဲ လုပ်ပါတယ်( ပဲပြုပ်နဲ့ တွဲစားမှာမို့လို့ပါ) ဂျုံ နှစ်ခွက်၊ နို့စိမ်း ၆ခွက်၊ ကြက်ဥတလုံး၊ ဆားအနည်းငယ်၊ ကြက်သွန်မိတ်နဲနဲနဲ့ ကြက်သွန်ဖြူထောင်း အနည်းငယ် အနံ့မွှေးအောင်လို့
ထည့်ပြီး မွှေထားပါတယ်။ ဒယ်ပြားတည် ပူလာရင် ထောပတ် အနည်းငယ်သုပ်ပြီး မုန့်နှစ်ထည့်  ၁မိနစ်ဆို နောက်တဖက်လှန်ပြီး ထေားပတ်အနည်းငယ် သုပ်ပေး နောက်တမိနစ်ဆိုရပါပြီ။



ပဲပြုပ်ကတော့ အရင်ကဒီမှာ လုပ်ဖူးပါတယ်





ပဲပြုပ်နဲ့ ထမင်းကြော်ပါ


ဆပ်သားခြောက်ဖုတ်နဲ့ ပုဇွန်ခြောက် ဘလာချောင်ကြော်ပါ

Googleက ရေနွေးကြမ်းပါ :)





ခင်မင်စွာဖြင့်
ဘေဘီ

ကျေးဇူးရှင်အတွက်

 Monday, February 13, 2012

photo credit: Google

 
လက်သီးဆုပ်လောက်ရှိတဲ့ နှလုံးသားမှာ စကြာဝဠာလောက် နေရာ ယူထားသူဟာ မနေ့ကလည်း ရှင်၊ ဒီနေ့လည်း ရှင်၊ နောက်နေ့လည်း ရှင်ပါပဲ ကျေးဇူးရှင်ရယ် :P

ကျေးဇူးရှင်ကပြောတယ် လူတကာ ချစ်သူများနေ့ ရေးထားကြတယ်တဲ့။ မိန်းမရော မရေးဘူးလားတဲ့။ မိန်းမကလည်း စာသိပ်ရေးတတ်တော့ ရေးပလိုက်တာပေါ့ မှတ်ထား :P
အားလုံးပဲ ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ


ခင်မင်စွာဖြင့်
ဘေဘီ


စနေနေ့က ထမင်းဝိုင်း(၁၆)

 Sunday, February 12, 2012


ဆယ်လ်မွန်ငါးကို ဆီနည်းနည်းနဲ့ကြော်ပြီ၊ ကြက်သွန်ဖြူ ဆီသတ်၊ ပဲပုပ်စေ့စောစ့်နဲ့ အသားမှုန့်နဲနဲ၊ ရေဆူ နဲနဲရောပြီး အနှစ်လုပ်ဆမ်းထားတာပါ။




ကြက်သားကို ခရုဆီ၊ နှမ်းဆီ၊ ကြက်သွန်ြူထောင်း၊ ငရုပ်ကောင်းမှုန်တို့ရောပြီးနှပ်ထားပါတယ်။ ဂျင်းပါးပါးလှီးပြီး ဆီသတ်၊ နှပ်ထားတဲ့ ကြက်သားထည့်၊ အပေါ်ယံအရေလေးတင်းလာရင် ရေဆူနဲနဲထည့်ပြီး အချိုချက်ထားပါတယ်။



သရက်သီး ငပိချက်ချက်ပါတယ်။

ပိန်းဥနဲ့ မုန့်ညှင်းဟင်းချိုပါ


ခရမ်းသီးကို မီးဖုတ်ပြီး၊ သံပုရာသီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်မိတ်၊ နံနံပင်၊ ဆီကျက်နဲ့ ငံပြာရည်တို့ထည့်ပြီး သုပ်ထားတာပါ ။ လာလည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။



ခင်မင်စွာဖြင့်
ဘေဘီ

နံနက်စာများ(၁၁)

 Thursday, February 09, 2012

ညီမလေးတယောက်က မေးတယ် မမခုတလော ဘာမှ မချက်စားဘူးလားဟင်တဲ့း) ဒီလို တနိုင်စာလေး တွေ အလွယ်လေးတွေ ချက်စားဖြစ်ပါတယ် ထပ်နေလို့ ပို့စ်မတင်တာပါး)



ကြက်ောက်ာနဲ့ ထိုင်း နာမ့်ဖစ်ပါ( အရင်က နမ့်ဖစ်လုပ်နည်း ရေးထားဖူးတယ် ခုရှာလို့ မတွေ့ဘူး :(





တိုဖူး၊ ခါဂျယ်ဥ၊ တရုတ်နံနံနဲ့ ကြက်ဥတို့ကို ဟင်းချိုလုပ်ပြီး ကြက်ကြော်၊ ထမင်းတို့ကို တွဲစားပါတယ်။




ဘိုစားပဲကို  ထောပတ်နဲ့ကြော်၊ ကြက်ကို တာကီရာကီစောစ့်နဲ့ နယ်ပြီး ကင်ပါတယ် ပြီးမှ အတုံးလေးတွေ တုံးပါတယ်။ ခေါက်ဆွဲကို ရိုးရိုးကြော်ပြီး တွဲစားပါတယ်။ ကလေးအကြိုက်ပေါ့း)

ဖြစ်သလို မုန့်ဟင်းခါးပေါ့း)


ရှမ်းခေါက်ဆွဲအရည်ပျော်


ရှမ်းခေါက်ဆွဲ အသုပ်း)



ငါးမုန့်ထင်ပြီးဝယ်လာတာ ကောက်ညှင်းပြားတွေကို နှမ်းနှက်နဲ့ ပုစွန်ပိစိလေးတွေ ဖြူးပြီး အခြောက် လှမ်းထားပုံရတယ် ကြော်စားလို့ ကောင်းပါတယ်း)



watercresကို ရေနွေးဖျောပြီး နှမ်းဆီ၊ ပဲငံပြာရည်အကြည်နဲ့ နှမ်းလှော်ထည့် သုပ်၊တီလားပီးယားငါးကို
ငရုပ်မှုန့်၊ နံနံပင်၊ ငရုပ်ကောင်း၊ ကြက်သားမှုန့် အနည်းငယ်တို့ထည့်ပြီး ကြက်သွန်ဖြူဆီသတ် ငါးထည့် မီးကင်းပူတိုက်ထားတာပါ။ နောက်တမျိုးက Cornmealကိုရေနဲ့ ဆားအနည်းငယ်ထည့်ပြီး မွှေထားတာပါ။






ခေါက်ဆွဲကို ပုစွန်၊ ကြက်၊ ကြက်ဥ၊ ပဲပြား၊ငါးဆုပ်နဲ့ သီးရွက်စုံထည့်ပြီး ကြော်ထားတာပါ။






ငပေါင်းထုပ်ပါ တထုပ် $ 1ပေးရတယ်။


မျှစ်နဲ့ အဆာပလာ အများကြီးပါပြီး ပုစွန်က တကောင်တည်းရယ် :(



ခင်မင်စွာဖြင့်
ဘေဘီ




Rasmalai

 Monday, February 06, 2012

Rasmalai လုပ်နည်းကတော့ ဒီမှာပါ


နံနက်စာများ(၁၀)

 Sunday, February 05, 2012


ပန်းသေးခေါက်ဆွဲ လုပ်စားထားတာ ကြာလှပြီခုမှ ပို့စ်တင်ဖြစ်တော့တယ်။ ခုတလော မအားဘူးကွယ်။  



ကိုယ်လုပ်တဲ့ ပန်းသေးခေါက်ဆွဲကတော့ ရိုးရိုးလေးပဲ။ကြက်သားကို တောက်တောက်စဉ်းပြီး မဆလာလေးနဲ့ ချက်လိုက်ပါတယ်။  ခေါက်ဆွဲကို ပြုပ်ပြီး ဆီလေးနဲ့လူးလိုက်တာပါ( မြန်မာ ပြည်က အိမ်မှာတော့ ဆီပူထဲမှာ ကြာညို့လေးထည့်ပြီး ခေါက်ဆွဲကို လှိမ့်လေ့ရှိပါတယ်) ခေါက်ဆွဲရရင် ကြက်သားချက်ထားတာ ထည်ကြက်သွန်နီပါးပါးလှီးထည့်၊ ကြက်သွန်မိတ်ထည့်ပြီး လိုအပ်တဲ့ အရသာ အပေါ့အငံကို ထည့်ရင်ရပါပြီ။




ပန်းသေးခေါက်ဆွဲရပြီး)



ကြက်သားစွပ်ပြုပ်

ကြက်သားစွပ်ပြုပ် ကြက်သားကို ဂျင်းပါးပါးလှီးပြီး ၅မိနစ်လောက်ပြုပ်ပြစ်ပါတယ်။ ပြီးမှ ရေအေးနဲ့ သွေးညှီနံ့
တွေ ပျောက်အောင်ဆေးချပြီး ထက်ပြီး ဂျင်းပါးလှီးထည့်ုပီးပြုပ်။ ဆားအချိုမှုန့်နဲ့ ငရုပ်ကောာင်းစေ့ အဖြူ
ပြီး တခါတည်းပြုပ်တယ်။ သောက်ခါနီှး၅မိနစ်အလိုမှ ကြက်သွန်ဖြူ ထည့်ပါတယ်။ ကြက်သွန်မိတ် လေးဖြူး ပေါ့။


ဂေါ်ပီထုပ်ကို ပါးပါးလှီးပြီး မြန်မာ ငရုပ်ဆီနဲ့ သံပုရာသီးရောပြီး အချဉ်သုပ်ထားတာပါ။


ဒါက ကိုယ်ပထမဆုံး စမ်းလုပ်တဲ့ ငှက်ပျောသီး ချစ့်ကိတ်ပါ။ အရမ်းစားလို့ကောင်းပါတယ်။


လုပ်နည်းကို ဒီက ယူထားတာပါ။ သူ့လို မလှပေမဲ့ စားလို့ ကောင်းပါတယ်း)


ကိုယ့်ကို ညီမလေးတယောက်က မေးလာပါတယ်။ တူ/တူမလေးတွေရဲ့ ပုံတော့ တင်ပြီး ဘာလို့ ကိုယ့်သမီးလေးပုံမတင်တာလဲတဲ့ ဟုတ်ပါတယ်။ ကိုယ်ပုံတင်မယ်ဆိုတော့ အားလုံးရဲ့ ခွင့်ပြုချက်ကို ရယူခဲ့ပါတယ်။ အားလုံ့းက သဘောတူပြီး ကိုယ့်သမီးလေး သဘောမတူခဲ့ပါဘူး။ သူ မလှတာ လူသိမှာ စိုးပုံရတယ်း) ပြီးတော့ သူကလူတမျိုး ဘယ်တော့မှ အလှမပြင်တတ်ဘူး။ လူကြားထဲမတိုးဘူး၊ နှုတ်ခမ်းနီ မဆိုးတတ်ဘူး။ လက်သဲအရှည် မကြိုက်တတ်သူလေးပါ။


ခင်မင်စွာဖြင့်
ဘေဘီ



ကိုယ့်ဖက်က သူ့ဖက်က ချစ်စရာ တူ/တူမလေးတွေး)

 Wednesday, February 01, 2012

ကိုယ့်ဖက်က

ကိုယ့်ဖက်က



ကျေးဇူးရှင်ဖက်က(အဖြူနဲ့တယောက်)






ကျေးဇူးရှင်ဖက်က




ကိုယ့်ဖက်က








ကိုယ့်ဖက်က



ခင်မင်စွာဖြင့်
ဘေဘီ

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP