Lorem Ipsum

လက်သဲ ပုံဖော်ရအောင် (၄)

 Thursday, November 03, 2011

တခုလောက် ကြိုပြောထားပါရစေ ....... တကယ်ဆို ပန်ချီနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမြေပုံတောင် အမြှီးအ မောက်တည့်အောင် ဆွဲတတ်ခဲ့တာ မဟုတ်ပါဘူး :D ခြေသဲလက်သဲ အလှဆိုးရတာကိုကြိုက်တယ်။ နွေရာသီမှာ ခြေသဲလှလှလေးတွေ ဆိုးပြီး ဖိနပ်လှလှလေးတွေ စီးရတာကို ကြိုက်တယ်။ ဒါကြောင် အရင်က ခဏခဏ ဆိုင်မှာ သွားဆိုးဖြစ်တယ်။ ခုတော့ ၀ါသနာအရရော ငွေကြေး အခြေအနေအရရော အိမ်မှာ ကိုယ့်ဟာကိုယ်ပဲ တတ်သလောက်မှတ်သလောက်လေးသာ ဆိုးဖြစ်တာပါ။ ကြည့်ရတာ အဆင်မပြေဖြစ် ခဲ့ရင် တောင်းပန်ပါတယ်။။။



ဒါက ပန်းရောင်နဲ့ အနက်ရောင် အစင်းကြိုက်မယ်ဆိုရင်ပေါ့

Base Coat ၊Top Coat၊ အနက်ရောင်၊ အဖြူရောင်၊ ပန်းဆီရောင်( Sally Hansen On the Rocks 760)  ပန်းရောင်ရင့်ရင့် (အသဲကွဲရောင် ခေါ်မလားမသိဖူး) (Sinful Colors Boom Boom 851 )၊ Makeup sponge နဲ့ အစက်ချဖို့ သွားကြားထိုးတံတို့ လိုပါတယ်။



ဒါက အပြာရောင် အစင်းလေးကြိုက်ရင်ပေါ့

Base Coat ၊Top Coat၊ အနက်ရောင်၊ အဖြူရောင်၊ ပန်းဆီရောင်( Sally Hansen On the Rocks 760) ပန်းရောင်ရင့်ရင့် (အသဲကွဲရောင် ခေါ်မလားမသိဖူး) (Sinful Colors Boom Boom 851 )၊ ORLY 40661 Blue Collar ၊ Makeup sponge နဲ့ အစက်ချဖို့ သွားကြားထိုးတံတို့ လိုပါတယ်။


Base Coat ဆိုးပြီးခြောက်သွားရင်


ပန်းရောင်ရင့်ရင့် (Sinful Colors Boom Boom 851 )ကို Makeup sponge နဲ့ ကိုယ်ကြိုက်တဲ့ နေရာလေးတွေကို ခပ်ဖွဖွလေး ဖိပေးပါ။ ကိုယ်ကတော့ တစောင်းလေး အပေါ်အောက် ခြယ်ထားပြီး ခလယ်နေရာကို


ပန်းဆီရောင်( Sally Hansen On the Rocks 760)နဲ့ ခြယ်ထားပါတယ်။


စုတ်တံ သေးမျှင်မျှင်လေးနဲ့ လိုချင်သလောက် အကြောင်းလေးတွေ ဆွဲလိုက်ပါတယ်။ ဒီတခါလည်း ဘေဘီတို့ ဒီပုံ ရိုက်ဖို့ မေ့သွားခဲ့တာပါ။ နောက်ဆုံးပြန်ဆိုးပြီး ရိုက်ထားရတယ် :D


                                    အဖြူရောင်နဲ့ ဒီလို အစက်လေးတွေချပေးလိုက်ပါတယ်။


ပြီးရင် တောပ့်ကုတ်ဆိုးပေါ့။ ဒီမှာတော့ မဆိုးထားပါဘူး။







တကယ်လို့များ ပန်းရောင်အကြောင်း မကြိုက်ဘူးဆိုရင် အပြာရောင်ကို စမ်းပြီး သုံးကြည့်လို့ရပါတယ်။ ကိုယ့်မှာ အဆင်ပြေမဲ့ စုတ်တံနဲ့ သုံးပါ။ တကယ်လို့ စုတ်တံ အသေး လုံးဝမရှိခဲ့ရင်တော့ သွားကြားထိုးတံနဲ့ပဲ စမ်းကြည့်ပါ။ စိတ်ရှည်ရှည်ထားပြီး လုပ်ကြည့်ပါ။ 


                             နောက်ဆုံးမှာတော့ အမဲရောင် အစက်ကလေးတွေချလိုက်တယ်။




                                              လှတယ်ထင်တာပဲနော် ဟုတ်ဖူးလားး)


                                      မနက်ဖန်တော့ ဟင်းချက်ကျွေးမယ် အိုကေး) 

ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP