Lorem Ipsum

နံနက်စာများ(၁၀)

 Sunday, February 05, 2012


ပန်းသေးခေါက်ဆွဲ လုပ်စားထားတာ ကြာလှပြီခုမှ ပို့စ်တင်ဖြစ်တော့တယ်။ ခုတလော မအားဘူးကွယ်။  



ကိုယ်လုပ်တဲ့ ပန်းသေးခေါက်ဆွဲကတော့ ရိုးရိုးလေးပဲ။ကြက်သားကို တောက်တောက်စဉ်းပြီး မဆလာလေးနဲ့ ချက်လိုက်ပါတယ်။  ခေါက်ဆွဲကို ပြုပ်ပြီး ဆီလေးနဲ့လူးလိုက်တာပါ( မြန်မာ ပြည်က အိမ်မှာတော့ ဆီပူထဲမှာ ကြာညို့လေးထည့်ပြီး ခေါက်ဆွဲကို လှိမ့်လေ့ရှိပါတယ်) ခေါက်ဆွဲရရင် ကြက်သားချက်ထားတာ ထည်ကြက်သွန်နီပါးပါးလှီးထည့်၊ ကြက်သွန်မိတ်ထည့်ပြီး လိုအပ်တဲ့ အရသာ အပေါ့အငံကို ထည့်ရင်ရပါပြီ။




ပန်းသေးခေါက်ဆွဲရပြီး)



ကြက်သားစွပ်ပြုပ်

ကြက်သားစွပ်ပြုပ် ကြက်သားကို ဂျင်းပါးပါးလှီးပြီး ၅မိနစ်လောက်ပြုပ်ပြစ်ပါတယ်။ ပြီးမှ ရေအေးနဲ့ သွေးညှီနံ့
တွေ ပျောက်အောင်ဆေးချပြီး ထက်ပြီး ဂျင်းပါးလှီးထည့်ုပီးပြုပ်။ ဆားအချိုမှုန့်နဲ့ ငရုပ်ကောာင်းစေ့ အဖြူ
ပြီး တခါတည်းပြုပ်တယ်။ သောက်ခါနီှး၅မိနစ်အလိုမှ ကြက်သွန်ဖြူ ထည့်ပါတယ်။ ကြက်သွန်မိတ် လေးဖြူး ပေါ့။


ဂေါ်ပီထုပ်ကို ပါးပါးလှီးပြီး မြန်မာ ငရုပ်ဆီနဲ့ သံပုရာသီးရောပြီး အချဉ်သုပ်ထားတာပါ။


ဒါက ကိုယ်ပထမဆုံး စမ်းလုပ်တဲ့ ငှက်ပျောသီး ချစ့်ကိတ်ပါ။ အရမ်းစားလို့ကောင်းပါတယ်။


လုပ်နည်းကို ဒီက ယူထားတာပါ။ သူ့လို မလှပေမဲ့ စားလို့ ကောင်းပါတယ်း)


ကိုယ့်ကို ညီမလေးတယောက်က မေးလာပါတယ်။ တူ/တူမလေးတွေရဲ့ ပုံတော့ တင်ပြီး ဘာလို့ ကိုယ့်သမီးလေးပုံမတင်တာလဲတဲ့ ဟုတ်ပါတယ်။ ကိုယ်ပုံတင်မယ်ဆိုတော့ အားလုံးရဲ့ ခွင့်ပြုချက်ကို ရယူခဲ့ပါတယ်။ အားလုံ့းက သဘောတူပြီး ကိုယ့်သမီးလေး သဘောမတူခဲ့ပါဘူး။ သူ မလှတာ လူသိမှာ စိုးပုံရတယ်း) ပြီးတော့ သူကလူတမျိုး ဘယ်တော့မှ အလှမပြင်တတ်ဘူး။ လူကြားထဲမတိုးဘူး၊ နှုတ်ခမ်းနီ မဆိုးတတ်ဘူး။ လက်သဲအရှည် မကြိုက်တတ်သူလေးပါ။


ခင်မင်စွာဖြင့်
ဘေဘီ



Read more...

ကိုယ့်ဖက်က သူ့ဖက်က ချစ်စရာ တူ/တူမလေးတွေး)

 Wednesday, February 01, 2012

ကိုယ့်ဖက်က

ကိုယ့်ဖက်က



ကျေးဇူးရှင်ဖက်က(အဖြူနဲ့တယောက်)






ကျေးဇူးရှင်ဖက်က




ကိုယ့်ဖက်က








ကိုယ့်ဖက်က



ခင်မင်စွာဖြင့်
ဘေဘီ

Read more...

IDLI

 Tuesday, January 24, 2012

မောင်နှမအားလုံး မင်္ဂလာပါရှင်..... ပို့စ်မတင်တာလည်း ကြာသွားပြီး) ဒါကြောင့် တော်တော်လေး ကြာပြီဖြစ် တဲ့ အချိန်က လုပ်စားထားတဲ့ Idil လုပ်နည်းလေးမျှဝေချင်ပါတယ်။ Dosa နဲ့ Idilနှစ်မျိုး စလုံးက South indian food တွေလို့ ပြောကြပါတယ်။ သူတို့ နှစ်မျိုးစလုံးမှာ ပါဝင်တဲ့ ပစ္စည်းတွေကလည်း အတူတူပဲ ဒါပေမဲ့ IDLI မှာက ပဲပိုထည့်ရမယ်ထင်ပါတယ်။ DOSAက မုန့်နှစ် နည်းနည်းပိုကျဲပြီး IDLIကတော့ မုန့်နှစ် ပိုပြစ်ပါတယ်။ ကိုယ်ကတော့  ရယ်ဒီမိတ် အထုပ်ဝယ်ပြလုပ်ထားတာပါ။ Dosa ကို ငယ်ငယ်ကတည်းက စားဖူးပေမဲ့ Idli ကိုတော့ ပြည်ပရောက်မှ စားဖူးတာပါ။ မြန်မာပြည်က မုန့်ပေါင်းနဲ့ တူပေမဲ့ မုန့်ပေါင်းက ပိုစားကောင်းပါတယ်။ Idliကိုတော့ ဆန်နဲ့ ပဲကို ကြိတ်ပြီးဖောက်ထာရပါတယ်။ အရသာချင်းတော့ လုံးဝမတူပါဘူး။



ကိုယ်ကတော့ နှစ်မျိုးလုပ်ထားပါတယ်။ တမျိုးက ရိုးရိုးပါ။ ဘာမှမထည့်ထားဘူး ဆားလေးပဲ ပါပြီ၊ နောက်တမျိုးကတော့ ပျဉ်းတော်သိမ်ရွက် ပဲဝါလေး၊ ပဲနသာစေ့၊ မုန့်ညှင်းစေ့၊ iရုပ်သီးစိမ်း၊ ကြက်သွန်နီ၊ ဂျင်းနဲ့ ဆားတို့ပါပါတယ်။


ကြက်သားနဲ့ အာလူးကို အနှစ်များများနဲ့ south indian ပုံဆံချက်ပါတယ်။ ဘာတွေထူးခြားပါလည်း ဆိုတော့ ကြက်သားဆီပြန်ဟင်းပါပဲ။  အပိုပါတာက မုန့်ညှင်းစေ့၊ ဇီရာစေ့၊ ငရုပ်သီးခြောက်နဲ့ ဆီသတ်ရွက်ကို အရင် ဆုံး ဆီသတ်ပြီး မှ ကျန်တာထည့်ပါတယ်။ မဆလာမထည့်ပါဘူး။


ငါးဟင်းပါ ဒါလည်း south indian ငါးဟင်းပါပဲမုန့်ညှင်းစေ့၊ ဇီရာစေ့၊ ငရုပ်သီးအခြောက်၊ ပျဉ်တော် သိမ်ရွက်တို့ကို ဆီသတ်ပြီး၊ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းတို့ကို ရောကြိတ်ထည့်ဆီသတ်ပါတယ်။ အနှစ်ကျက်ရင် ဆနွင်းမှုန့်အနည်းငယ်ထည့်မွှေပြီး ငါးထည့်လိုက်ပါတယ်။ ပြီးမှ ဆား၊ နဲ့ အုန်းနို့ထည့်(တခွက်) ငါးကျက်ခါနီးမှ မန်ကျည်းမှည့် အရည်ဖျော်ထည့်၊  လိုချင်တဲ့ ဟင်းအနှစ်အနေအထားရရင် ပျဉ်တော်သိမ် ရွက်နဲ့ ငရုပ်သီးစိမ်းအုပ်ပြီး စားလို့ရပါပြီ။





ဒီအထုပ်နဲ့ လုပ်တာပါ အနောက်ဖက်မှ အညွှန်းပါပါတယ်။





ဒီလို ခွက်လေးနဲ့ပေါ့( အိန္ဒိယန်း သူငယ်ချင်းတယောက် လက်ဆောင်ပေးထားတာပါ)

၁၅မိနစ်ဆို ကျက်ပါပြီ





ခင်မင်စွာဖြင့်
ဘေဘီ


Read more...

နံနက်စာများ(၉)

 Tuesday, January 17, 2012

အုန်းသီးကိတ် (လုပ်နည်း နောက်မှတင်ပါ့မယ်)





                                                 Almond cookie


                                                        ကော်ဖီကိတ်




                                ကောက်ညှင်းပြန်ပေါင်း(အရင်ကလည်းတင်ဖူးပါတယ်)


ခုတလော မအားလို့ နောက်များမှပဲ အားရင် တင်ပါ့မယ်


ခင်မင်စွာဖြင့်
ဘေဘီ

Read more...

လွတ်ပြီ :)

 Thursday, January 12, 2012

ပုံကို ဘကြီးသက် ဘလောဂ့်ကယူပါသည်။

Read more...

စနေနေ့က ထမင်းဝိုင်း(၁၅)

 Saturday, January 07, 2012


လာပြန်ပြီ Satay ;) သည်းခံပါရှင် Satay sauce အကျန်လေးကို နှမြောလို့  ပုဇွန်နဲ့ ရောောက်ာလိုက်တာပါး) Sauce လုပ်နည်း ဒီမှာပါ။


Satay sauce နဲ့ကြော်ထားတဲ့ ပုဇွန်


ထိုင်းကြက်သားသုပ်ပါ။ အရင်က ဒီမှာ ရေးဖူးပါတယ်။ အဲ့ဒီတုန်းက ကြက်သည်းပါ ထည့်ထားတယ် အခုမ ထည့်ပဲ အစားထိုး တိုဖူး ထည့်ပါတယ်။


ထိုင်းသဘောင်္သီးထောင်း လိုထောင်းထားတဲ့ သခွါးသီးထောင်းပါ။ အရင်ကလည်း  ဒီမှာ ရေးဖူးပါတယ်။






ငါးဆုပ်ပါးပါးလှီးပြီး၊ ပဲလိပ်ပြာနှပ်နဲ့ ပဲလိပ်ပြာရွက်တို့ ထည့်ပြီး ဟင်းချို လုပ်ထားပါတယ်။



                                ပဲပင်ပေါက်နဲ့  ခါဂျယ်ဥ အစိမ်းကြော်ပါ။


ခင်မင်စွာဖြင့်
ဘေဘီ

Read more...

ငုံးဆာတေး

 Tuesday, January 03, 2012






စပါးလင် တချောင်း
သကြား ၁ဇွန်း( ထမင်းစားဇွန်း)
ဇီရာ ၁ဇွန်း( ထမင်းစားဇွန်း) (Cumin)
နံနံစေ့အမှုန့် ၁ဇွန်း( ထမင်းစားဇွန်း) (Coriander)
သစ်ဂျပိုးခေါက် ၁/၂ဇွန်း (လဖက်ရည်ဇွန်း)
မြေပဲလှော်မှုန့် ၂ဇွန်း (ထမင်းစားဇွန်း)
ဆီ ၂ဇွန်း (ထမင်းစားဇွန်း)
ဆီ ၂ဇွန်း (ထမင်းစားဇွန်း)
ဆနွင်းမှုန့် (အနည်းငယ်)
ဆားနဲ့ အချိုမှုန့် (ခန့်မှန်း)
အုန်းနို့ ၅ဇွန်း(ထမင်းစားဇွန်း)

ဒါတွေအားလုံးကိုရောပြီး ကြိတ်လိုက်ပါ။ ပြီးမှငုံးကို သန့်စဉ် ရောနယ်ပြီး အနည်းဆုံး၂နာရီနှပ်ထားပါ။ ဇီရာ၊ နံနံစေ့၊ သစ်ဂျပိုးခေါက် တခုချင်းစီ မရှိရင် မြန်မာက ဆွီတီ တံဆိတ် မဆလာသာထည့်ပါ။ သူ့ထဲ အကုန်ပါ ပါတယ်။


စောစ့် အတွက်




ကြက်သွန်နီ အကြီး ၁လုံး
စပါလင် တချောင်း
သကြား ၂ဇွန်း (ထမင်းစားဇွန်း)
မန်ကျည်းသီးအနှစ် ၁/၂ ခွက်
ဂျင်းလက်တဆစ်
ငရုတ်သီးအခြောက် ၃ဇွန်း ( ကြိတ်ပြီးသား ) (ထမင်းစားဇွန်း)
မြပဲလှော်မှုန့် ၁/၂ခွက်
ဆား
အချိုမှုန့်
ဆီ
အုန်းနို့ ၁ ခွက်

စပါလင်နဲ့ ဂျင်းကို ရောထောင်းပါ။
မြေပဲလှော်ပြီးထောင်းထားပါ။

ဆီထဲကို ကြက်သွန်နီကို ပါးပါးလှီးပြီကြော်ပါ။ ကြက်သွန်ရလာရင် စပါလင်နဲ့ ဂျင်းထည့်ပါ။ အနံ့မွှေးလာရင် ငရုတ်မှုန့်၊ မန်ကျည်းသီးအနှစ်၊ ဆား၊ သကြား၊ အုန်းနို့ထည့်ပြီး မွှေပါ။ အနှစ်ဆီပြန်လာရင် ရပါပြီ။ အုန်းနို့မ တည့်ရင် မထည့်ပဲ ရေထည့်ရင်လည်း ရပါတယ်။ သခွါးသီးနဲ့ စားကြပေးမဲ့ အိမ်မှာတော့ ဒီတိုင်းပဲစားဖြစ်ပါ တယ်။ အရင်ကလည်း ဆာတေး အကြောင်းရေးဖူးပါတယ်။ ဒီမှာပါ



မီးအပူ ၂၅၀ံF နဲ့ တဖက်ကို ၁၀မိနစ်ဆီကင်ပြီး ၄၀၀ံF နဲ့ ၅မိနစ်ဆီကင်ပါတယ်။


ကျက်ပါပြီး)


ဈေးဝယ်ထားတဲ့ပုံတွေ အများကြီးပဲ ခုပျောက်နေတယ်။ ပြီးမှ  ဆက်တင်အုံးမယ်း)


ကျေးဇူးရှင်အတွက် ၅၀%လျော့ထားတယ် ၁၄၉.၉၉ကို ထက်ဝက်နဲ့ရလို့ ဘယ်အခါ ဈေးဝယ်ဝယ် ပိန်လွန်း တဲ့ သူတို့ သားအဖအတွက် အဆင်ပြေပေမဲ့ ကိုယ့်အတွက်ကတော့ ဟင့်း(



Boot နဲ့ Skin care  ၀ယ်လာတယ်


တိုနာနဲ့ ဒေးလိုရှင်း $87.00ဖိုးဝယ်တာ။ လက်ဆောင်ရတာက မျက်နှာပေါင်းတင်တဲ့ဗူးသေး၊ sheseido နှုတ်ခမ်းနီအသေး တတောင့်ရယ်၊ မိတ်ကပ်အိတ်တလုံး၊ sheseido မျက်တောင်ကော့ဆေးဗူးသေးနဲ့$၁၈.၀၀ တန်ကူဗွန် လက်ဆောင်ပြန်ရတယ်။ ပွတာပဲး) ဒါမျိုးကျပျော်တတ်တယ်း)



ဝယ်လာတဲ့တစုံ $44.00

ဒီလက်ဆောင်ဗူးလေးက ၅မျိုးပါတယ်။ ဒေးလိုရှင်း၊ မျက်နှာသစ်တဲ့ ဆပ်ပြာ၊ တိုနာရယ်၊ အိတ်သေးလေး ရယ်၊ sheseido ဂွမ်းလေးရယ်ကို $ ၄၄.၀၀ ပေးရတယ်။ နောက်ပြီး မိတ်ကပ်အရည် တဗူး၊ နှစ်မျိုးဝယ် တော့လည်း sheseido အိတ်တလုံးနဲ့ Sooting spary 75ml တဗူးရတယ်း)



                                          မိတ်ကပ် 30ml ကို $38.00


                                                         ;)
                                   ကျန်တာ နောက်မှတင်တော့မယ်း)



                                           နှစ်သစ်ကို ကြိုတဲ့ညက ခြယ်ထားတား)





ဒီလိုပုံဆံနဲ့ နှစ်သစ်ကို သွားကြိုတဲ့ ကိုယ့်ညီမလေး တီနားစရာ ကားထဲမှာပဲ နေလိုက်ရရှာတယ် အေးလို့း)




ခင်မင်စွာဖြင့်
ဘေဘီ

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP