နံနက်စာများ(၇)
Wednesday, November 23, 2011
ပူရီးနဲ့ ပဲပြုပ်တွဲစားပါတယ်း) ပဲပြုပ်နည်းကတော့ အရင်က ပလာတာနဲ့ ပဲပြုပ်အကြောင်းရေးဖူးပါတယ်။ အဲ့ဒီနည်းအတိုင်း ပဲပြုပ်လုပ်ထားပါတယ်။ ပိုသွားတာက ဒီတခေါက် ငရုပ်မှုန့်နဲနဲထည့်လို့ အရောင်ပြောင်းသွားတာပါ။ အရင်က ပလာတာနဲ့ ပဲပြုပ်က ဒီမှာပါ နဲ့ ပူရီးကြော်နည်းက ဒီမှာပါ။
ပူရီးနဲ့ ပဲပြုပ် |
ပဲပြုပ်
ဒါက အိမ်မှာ ဘာမှမရှိတုန်း သခွါးသီးနဲ့ မယိုးနစ်ကို ကြက်သွန်မိတ်၊ ငရုပ်သီးစိမ်း၊ သံပုရာသီးနဲ့ ဆားထည့်ပြီး သုပ်ထားတာပါ။ ဘီစကစ်နဲ့ တို့စားပါတယ်။
ဒိန်ချဉ်
ဒါက ဒိန်ချဉ်ပါ။ နို့ကို မိုက်ကရိုဝေဖ့်နဲ့ ၄မိနစ်အပူပေးပြီး နို့ချဉ် ထမင်းစားဇွန်း၁ဇွန်း(သို့) သံပုရာသီး တခြမ်းညစ်ထည့် အဖုံးလုံအောင်ဖုံးပြီး အိုဗင်မှာ တညထားလိုက်ရင်ရပါပြီ။ ကိုယ်ကတော့ သိပ်ချဉ်တာ မကြိုက်လို့ မနက်လုပ်ရင် ညနေလောက်ဆို စားလိုက်တာပါပဲ။
ပူရီးနဲ့ အာလူးဟင်း
စတော်ပဲပြုပ်ထားတာကို အာလူးနဲ့ မဆလာထည့်ချက်တယ်။ ကုလားဟင်းပေါ့ ပြီးတော့ ပူရီးကြော်နဲ့ တွဲစားပါတယ်။
ရခိုင်မုန့်တီသုပ်နဲ့ တိုဖူးကြော်
ရခိုင်မုံတီသုပ်ပါ။ တိုဖူးကြော်နဲ့ ကြက်ဥပြုပ်ပြီးထည့်သုပ်ပါတယ်။ အရင်ကလည်း ရခိုင်မုံ့တီချက်ဖူးပါတယ် ဒီမှာပါ။
ရခိုင်မုန့်တီသုပ်
မုန့်ဟင်းခါး(ပဲကြော်နဲ့ ကြက်ဥပြုပ်နဲ့)
မုန့်ဟင်းခါးကတော့ ခဏခဏ ချက်စားတယ်။ အရင်ကချက်စားထားတာ ဒီမှာပါ
သင်္ဘောသီး၊ ပဲပင်ပေါက်၊ ခေါက်ဆွဲ၊ ကြာဇံ၊ အာလူးပြုပ်၊ ငှက်ပျောအူနဲ့ ပဲပြားကြော်တို့ထည့်ပြီး သုပ်ထားပါ တယ်။
ခင်မင်စွာဖြင့်
Baby taster