Lorem Ipsum

အစိမ်းကြော်၊ Tom Yum နဲ့ ကြက်ဥကြော်

 Thursday, December 30, 2010






အစိမ်းကြော်ပေါ့ :) ပန်းပွင့်၊ ပြောင်းဖူး( Baby Corn) ဘိုစားပဲ၊ မုံညှင်းဖူး၊ ခဲရောတ့်၊ Bok Choyရိုးတံ နဲနဲ ဆီကျန်နေလို့ ပုဇွန်နဲ့ရောပြီး အစိမ်းကြော် ကြော်လိုက်သည်။



Tom Yum ချက်စားမလို့ ရယ်ဒီလုပ်ထားတာ။ ပုံထဲမှာ နံနံပင်နဲ့ သံပုရာသီး မပါလိုက်ဘူး။ နောက်မှသိ တယ် :) ဘာပဲဖြစ်ဖြစ် စားကောင်းဖို့က အရေးကြီးပါတယ်လေနော် :D ရေဘ၀ဲ၊ ပုဇွန်၊ ငါး၊ စပါလင်၊ ပဒဲ ကော၊ ရှောက်ရွက်၊ နံနံပင်၊ ငရုတ်စိမ်း (အနီတောင့်မရှိလို့ အခြောက်ပါ သုံးတယ်) ငံပြာရည်၊ သကြား၊ သံပု ရာသီး၊ နာမ့်ဖစ်ဖောင် ( ကြက်သွန်ဖြူနဲ့ ငရုတ်သီးခြောက် ကြိတ်ပြီးဆီစိမ်ထားတာ) နို့စိမ်း တို့ထည့်ပြီး ချက်ပါတယ်။






ရေဆူအောင်တည်ပြီး ပဒဲကော၊ စပါလင် သကြားနဲ့ ငံပြာရည်ထည့်၊ ဆက်ဆူနေပါစေ။ ငါး၊ ပုဇွန်၊ ရေဘဲထည့်၊ ၃မိနစ်လောက်ကြာရင်၊ သံပုရာသီးညစ်ထည ငရုတ်စိမ်းထောင်းထည့်၊ နို့စိမ်းထည့်(အရောင်လှအောင်ပါ။ တချို့တွေက အုန်းနို့ထည့်ကြပါတယ်) နောက်ဆုံးမှာ ရှောက်ရွက်၊ နံနံပင်နဲ့ နာမ့်ဖစ် ဖောင်( စာလုံးပေါင်း မှားနိုင်ပါတယ်) ထည့်ပြီးရင် ရပါပြီ။ ပူပူလေးစားရင် ကောင်းတာမို့ စားခါနီးမှချက်ပါ တယ်။ တခွက်စာ ချက်တာပဲ ကောင်းပါတယ်။





ကျူဆိုင်းရွက် ကျန်နေတာနဲ့ ကြက်ဥနဲ့ ရောကြော်ပါတယ်။



ခင်မင်စွာဖြင့်
Baby taster

ဖတ်ထိုင်း

 Tuesday, December 28, 2010

ဖတ်ထိုင်စားချင်နေတာ ကြာလှပေါ့။ ကွေ့ သယို အဖတ်ကို ထိုင်းစတိုင် ကြော်ထားတာပါ။ မြန်မာမှာဆိုရင် တော့ ရေစိမ်ခေါက်ဆွဲဖတ် လို့ခေါ်တယ် ထင်တာပဲ။ ထိုင်းမှာတော့ ကွေ့သယိုတဲ့။

ကြော်နည်းကတော့ သိပြီးသားဖြစ်နေရင်လည်း ပန်ကန်လေးပဲ ကြည့်ပြန်ပေါ့ကွယ် :)

ခေါက်ဆွဲဖတ်ကို ရေစိမ်ထား( ကိုယ်ကတော့ အစိုပဲဝယ်တယ်) ၂နာရီလောက် စိမ်ရင်ရပါပြီ။
တိုဖူးကို ပါးပါးလှီးထား။
မုံလာဥခြောက် (အာရှဆိုင်တွေမှာ ရတတ်ပါတယ် မုံလာဥခြောက်ဆိုပေမဲ့ စိုစိုလေးပါပဲ)
ကျူဆိုင်းရွက် အသင့်ဖြတ်ထား။
ပဲပင်ပေါက်ရေဆေးထား။
ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး နုပ်နုပ်စဉ်းထား။
ပုဇွန်အခွံခွါထား။
ကြက်ဥ
ပဲငံပြာရည်
ငံပြာရည်
ခရုဆီ
သကြား
မြေပဲလှော်
ငရုတ်သီးမှုန့်
သံပုရာသီး


ပထမဆုံး ဒယ်အိုးတည်။ ဆီထည့် ဆီပူလာရင် ကြက်သွန်ဖြူဆီသတ်၊ တိုဖူးထည့်၊ တိုဖူးရရင် ပုဇွန်ထည့်၊ မုံလာဥခြောက်ထည့် ( လဖက်ရည်ဇွန်း တဇွန်း) ခေါက်ဆွဲဖတ်ထည့်၊ ရေနဲနဲဖျန်းပြီးကြော်( ရေများသွား ရင်ခေါက်ဆွဲဖတ်လုံး သွားတတ်တယ်။ ) ခရုဆီ၊ ငံပြာရည်၊ ပဲငံပြာရည် သကြားထည့်ကြော်၊  ကြော်ထားတဲ့ ခေါက်ဆွဲဖတ်တွေကို ဘေးဖယ်ပြီး ကြက်ဥဖောက်ထည့် ၊ ပဲပင်ပေါက်နဲ့ ကျူဆိုင်းထည့်၊ ခေါက်ဆွဲတွေနဲ့ရော မွှေပြီး ဆက်ကြော်လိုက် ရပြီ။ ပန်ကန်ထဲထည့်၊ မြေပဲလှော်ထောင်းထည့်၊ သံပုရာသီးညစ်၊ သကြားနဲ့ငရုတ် မှုန့် ကြိုက်ရင်ထည့်စားပေါ့။ ထိုင်းစစ်စစ်တွေ ကြော်သလိုတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့စားလို့တော့ ဖြစ်ပါတယ်။







လည်ချောင်းနာနေလို့လေ အချိုရည် မသောက်ပဲ ဒီရေခဲမုန့်ပဲ စားလိုက်တယ်။ ရေခဲမုန့်ကလည်း ဒီတံဆိတ် ပဲ ကြိုက်တယ်။ တခြားဈေးကြီးတာတွေ မစားနိုင်လို့လည်း နေမှာပါ :)



ခင်မင်စွာဖြင့်
Baby taster

ပဲကုလားဟင်း၊ ငါးခြောက်ကြော်၊ ပန်းပွင့်ကြော်နဲ့ ဆိတ်သားကြော်

 Monday, December 27, 2010



တော်တော်လေး ကြာခဲ့တဲ့ နေ့တနေ့ကပေါ့ကွယ် :) သီမစုံပဲကုလားဟင်း ချက်စားတယ်။ သီးစုံ ပဲကုလား ဟင်းကို တခါတလေ အသီးအနှံတွေကို ဆီသတ်ပြီး၊ ပဲကိုသတ်သတ်ပြုပ်ထည့် ချက်ဖြစ်သလို၊ တခါတလေ တော့လည်း ပဲကို အရင်ဆီသတ်ပြီး သီစုံကို နောက်မှထည့်တယ်။ ဒါကတော့ ပဲကို ရေစိမ်ထားလိုက်တယ်။ ဆီအိုးရရင် ကြက်သွန်နီ/ဖြူ၊ ဂျင်းထောင်းပြီး ဆီသတ်ပါတယ်။ ဆနွင်းနဲနဲနဲ့ အရောင်တင်မှုန့် နဲနဲထည့်ပြီး ကုလာပဲခြမ်းတွေကို ထည့်လိုက်ပါတယ်။ ပဲမနူးတနူးလေးမှာ သီးစုံထည့်ပါတယ်၊ ခရမ်းချဉ်သီးတလုံး ပါးပါးလှီးထည့်ပါတယ်။ ဆား၊ အချိုမှုန့်ထည့်ပါတယ်။ ပဲနဲ့ အသီစုံလေးနူးရင် မဆလာနဲနဲနဲ့ မန်ကျည်းမှည့် ဖျော်ထည့်ပါတယ်။ နောက်ဆုံးမှာ နံနံပင်ထည့်လိုက်ပါတယ်။




ဒါက အရိုးထွင်ပြီးသား ငါးဝယ်လာပါတယ်။ သူက အရေပြာတော့ပါတယ်။ အရိုးပဲ ထုတ်ထားတာပါ။ အတုံး သေးသေးလေးတွေ တုံးပြီး ဆားခပ်များများနဲ့ ငါးဆားနယ် လုပ်ထားလိုက်တယ်။ နှစ်ရက်ကြာတော့ရေ ဆေးပြီး ရေစစ်ထားလိုက်တယ်။ ဒယ်အိုးထဲ ဆီများများထည့် ပူလာရင် ရေစစ်ထားတဲ့ ငါးတွေထည့်၊ ဆ နွင်းနဲ့ အချိုမှုန့်ထည့်၊ ငါးရခါနီးမှာ ကြက်သွန်ဖြူ တလုံးကို ထောင်းပြီးထည့်ပါတယ်၊ ငါးကြွပ်ခါနီးမှ ငရုတ်သီး မှုန့်ထည့်ပါတယ်။




ပန်းပွင့်ကို အရင်ဆုံး ရေဆေးပြီး စစ်ထားပါတယ်။ ရေရှိနေရင် ကြော်တဲ့အခါ ဘဲဥထည့်လို့မရလို့ပါ။ ကြက် သွန်ဖြူ ဆီသတ်ပြီး ပန်းပွင့်ထည့်၊ ခရုဆီနဲ့ ငံပြာရည်ထည့်၊ ဘဲဥ ၂လုံးဖောက်ထည့်၊ မွှေကြော်ပလိုက်၊ နောက်မှ နံနံပင်ထည့် ရပါပြီ။
 
 


ဆိတ်သားကြော်ပါ။ ဆိတ်သားကို အတုံးသေးသေးလေးတွေ လုပ်ပြီး မန်ကျည်းရည်နဲ့ နှပ်ထားတယ်။ တနာ ရီလောက်ဆို ရပါပြီ။ ပြီးမှ ရေဆေး ဂျင်းနဲ့ထောင်းပြီးနယ်။ ဆား၊ အချိုမှုန့်၊ ဆနွင်းမှုန့်ထည့်ပြီး ရေဆူထည့် ပြုပ်တယ်။ ဆိတ်သားနူးပြီး ရေခမ်းသွားရင် ဆီအိုတည် ကြက်သွန်ဖြူ ဆီသတ်ပြီး ဆိတ်သားထည့်ကြော်၊ အရမ်းမကြွပ်ခင် ချလိုက်တယ်။


ကျေးဇူးရှင်က ကိုယ့်ကိုမေးတယ်။ ဓါတ်ပုံက ဒီတနေရာထဲပဲ ရိုက်တတ်လားတဲ့ ! လာလည်သူတွေလည်းဒီ လိုပဲထင်နေမှာနော်။ ဟုတ်တယ် တခြားနေရာက မီးဝါလို့။ ဒီနေရာက အလင်းရတာ ကောင်းလို့ပါရှင် :)


ခင်မင်စွာဖြင့်
Baby taster

ကမန်းကတန်းဟင်းများ





ရက်အတိအကျတော့ မမှတ်မိတော့ဘူး။ ကျေးဇူးရှင်က ဗိုက်ဆာလို့တဲ့။ ကမန်းကတန်းရှိတဲ့ ငါးဆုပ်ကြော် လေးကို ဖြစ်သလိုလေး သုပ်ပေးလိုက်တယ်။ ခရမ်းချဉ်သီးမရှိတော့ ဓါတ်ပုံရိုက်ချင်တဲ့ကိုယ်က မလှမှာစိုးလို့ ဥနီခြစ်ပြီး ထည့်လိုက်သေးတယ်။






ဒါကလည်း ကမန်းကတန်း Bok Choy နဲ့ ကြက်ဥ ခနောန် ဂျင်းရောပြီး ပြုပ်ပေးလိုက်တယ် :)



ခင်မင်စွာဖြင့်
Baby taster

တိုဖူးပျော့(သို့)တိုဖူးနွေး

 Sunday, December 26, 2010

မနေ့မနက်က တိုဖူးပျော့ (သို့) တိုဖူးနွေးလုပ်စားဖြစ်တယ်။ ကိုယ်တို့ နေတဲ့မြို့မှာတော့ တိုဖူးပျော့လို့ပဲခေါ် လေ့ရှိတာပါ။ တခြားနေရာမှာတော့ တိုဖူးနွေးတဲ့။ တိုဖူးပျော့ကို ကုလားပဲခြမ်း ရေစိမ်ကြိတ်ပြီး ချက်ကြ သလိုပဲမှုန့်နဲ့လည်း ချက်ကြပါတယ်။ ကချင်မှာဆိုရင် မြေပဲလည်း ထည့်ကြိတ်တတ်ပါသေးတယ်။ အကြိုက် ဆုံးကတော့ ကုလာပဲခြမ်းကိုရေစိမ် ကြိတ်ပြီးချက်တဲ့ တိုဖူးပါ။ ငယ်ငယ်ကဖျားပြီဆို မေမေက ဘာစားမလဲလို့မေးရင် ၀က်ကုန်းဈေးက တိုဖူးပျော့လို့ ပြောတတ်ပါတယ်။ ကျန်တာ ဘာကျွေးကျွေး မစား ပေမဲ့ အဲ့ဒီကတိုဖူးပျော့တော့ စားတတ်တယ်။ သာမန်ချိန်ဆိုဝေးလို့ သွားမ၀ယ်စားဖြစ်ပါဘူး။ ဒါကြောင့်ရ တဲ့အခွင့်ရေးကို အသုံးချခြင်းဖြစ်ပါတယ် :) တိုဖူးပျော့ကို ဆန်ခေါက်ဆွဲ၊ မုန့်တီတွေနဲ့ စားကြပေမဲ့ ကိုယ်က တော့ပါးပါး (အဖေမဟုတ်ပါ။ ခေါပုတ်ပါပဲ။ ဒါပေမဲ့သူက တကယ့်ကို ဖက်ထုတ်လုပ်တဲ့ အဖတ်သာသာ ပဲရှိ တာပါ)ကိုမီးကင်ညှပ်ပြီး ခေါက်ဆွဲအစားထိုး ထည့်ပေးတတ်ပါတယ်။ အဲ့လိုမျိုးပဲစားပါတယ်။ အခုလိုနိုင်ငံ ရပ်ခြားရောက်လာတော့ ကြာကြာမမူနိုင်ခဲ့ပါဘူး။ အငတ်ဘေးကြုံလာတယ်လေ :) ဒါနဲ့ရတာနဲ့စား တဲ့ အကျင့်လေးက ဖြစ်လာပါတယ်။

ကုလားပဲခြမ်းကို တညရေစိမ်ထားပါတယ်။
အဖတ်သပ်သပ် အရည်သပ်သပ်ဖြစ်တဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပါတယ်။
အိုးတလုံးမှာ ပဲရေထည့်ပြီး ဆနွင်းမှုန့်နဲနဲနဲ့ ဆားထည့်ကျိုပါတယ်။

အဆာပလာတွေ အတွက်ကတော့
ကြက်သွန်ဖြူ၊ နံနံပင်နဲ့ ဆားကို ထောင်းပြီ အရည်ဖျော်ထား။
ကြက်သွန်ဖြူကို ညှက်နေအောင်ထောင်းပြီး ဆီကျက် ချက်ပါတယ်၊ နှမ်း နဲ့မြေပဲလှော်ထောင်းပါ တခါတည်း ထည့်ပါတယ်။ တရုတ်မဆလာ နဲနဲထည့်မွှေပါတယ်။
ကြက်သွန်မြိတ် ပါးပါးလှီးထားပါတယ်။
ငရုတ်ကြော်ကိုထောင်းပြီး ဆီစိမ်ထားပါတယ်။
ကြာညို့ ဒါတွေရှိရင်ရပါပြီ။










ကျေးဇူးရှင်က တိုဖူးပျော့ကို အပျော့လျော့ထည့်တာ ကြိုက်တယ်လေ။ ဒီလိုလေးပေါ့ :)





ကိုယ်ကတော့ ဒီလိုမျိုးပိုကြိုက်တယ်။ ခေါက်ဆွဲဖတ် ရေစိမ်ထားတာကို တိုဖူးပျော့ အိုးလေးထဲ ထည့်ပြီးမွှေ လိုက်ပါတယ်။ ပန်ကန်မှာထုတ်ပြီး အပေါ်ကနေ အပျော့လေးထပ်ထည့်တယ်။ ကြာညို့နဲ့မြေပဲများများ ကြိုက်တယ်။ အချဉ်အတွက်ကတော့ မုန့်ညှင်းဖူးနဲ့မုံလာဥကို  အချဉ်တည်ထားတာ ကြိုက်တယ်(ရှမ်းချဉ်) မရှိရင်လည်း အချဉ်မလိုဘူး။ အချိုလေးစားရတာ ပိုသဘောကျတယ်။


ခင်မင်စွာဖြင့်
Baby taster

မနေ့က ထမင်းဝိုင်း

 Saturday, December 25, 2010

ပြီးခဲ့တဲ့ နှစ်ပတ်ကျော်ကနေ ဆက်တိုက် အပြင်ထွက်နေရတယ်။ ပါတီ ပါတီ ပါတီတွေပေါ့။ ကိုယ်တို့ကတော့ ခရစ္စမတ်ကို ဘာမှထွေထွေထူးထူး လုပ်လေ့မရှိတော့ အပြင်လည်းမထွက်ချင်ဘူး။ ထမင်းပဲ ချက်စား လိုက်ကြတယ်။ ကဲဝင်စားလို့ရတယ်နော် :)





ငါးပိရည်ဖျော်တယ်။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ/နီကို မီးကင်ပြီးထောင်းပါတယ်။။ ရေကျိုငပိကို ဆနွင်းနဲနဲ ထည့်ပြီး ရေဆူထည့်  အရိုးထုတ်ပြီးသားငါး သုံးလေးတုံးကို ငပိထဲထည့်ပြီး တည်ထားလိုက်တယ်။ ငါးရရင် ဆယ်ပြီး ငရုတ်သီးထောင်းထဲထည့်၊အချိုမှုန့်ထည့်ထောင်း။ ကျန်နေတဲ့ငပိရေထဲ မကျီးသီးစိမ်း၃တောင့်ထည့် နူးမြည့်သွားရင်ခြေပြီး အဖတ်တွေကို ဆယ်ထားလိုက်တယ်။  ပြီးရင် ငပိရည်ထဲ ထောင်းထားတဲ့ အဆာပလာထည့်ပြီး ရောသမမွှေလိုက်ရင်ရပါပြီ။








တို့စရာ အသီးအရွက်မရှိတာနဲ့ Bok Choy နဲနဲကျန်နေတာကို ပါးပါးလှီးပြီး ပြုပ်လိုက်တယ်။ တမျိုးထဲအ ရောင်မလှလို့ ဥနီနဲနဲ မျှင်ပြီးထည့်လိုက်တယ်။ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်၊ မြေပဲ၊ နှမ်းလှော်၊ ပုဇွန် ခြောက်ထောင်းပြီး ထည့်နယ်လိုက်ပါတယ်။ အသုပ်တပွဲရပြီ :)




ကြက်ဥတလုံးကို ဂျူံမှုန့်တဇွန်းထည့်ပြီး နာနာခေါက်ပါတယ်။ ပြီးရင် ပါလာတူးငါး ( ပေါင်းပြီးသား)ကိုမှုန့်နှစ် ထဲထည့်ကြော်ပါတယ်။ မှုန့်နှစ်ကျန်တာနဲ့ ပန်းပွင့် နဲ့ကြော်လိုက်တယ်။



ငါးဆန်လှော်ဟင်းပါ။ ရေဆူထည်း စပါလင် တချောင်းထုတည့်၊ အရိုးထုတ်ပြီးသား ငါးကို နုပ်နုပ် စဉ်းထည့်ပြီး တည်ထားလိုက်တယ်။ ငါးအချိုရည်ထဲ ဆန်လှော်မှုန့် ထမင်းစားဇွန်း ၂ဇွန်းထည့်၊ အချိုမှုန့်နဲ့ ဆားထည့်ပြီး တည်ထားလိုက်တယ်။ ထမင်းစားခါနီးမှ ငရုတ်ကောင်းစေ့နဲ့ ကြက်သွန်ဖြူ ထောင်းထည့်၊ ကြက်သွန်မိတ် ခတ်သောက်ပါတယ်။ (အိမ်မှာ ပင်စိမ်းမရှိလို့ပါ)



ခင်မင်စွာဖြင့်
Baby taster


ပေါချောင်ကောင်းများလိုက်မွှေသည်

 Friday, December 24, 2010


ဒါတွေက ယောင်းမ အငယ်လေးမွေးကင်းစ သားလေးအတွက်။ နဲနဲကြီးတာပဲ ၀ယ်လိုက်တာ။

မနေ့က ဖတ်ဖတ်ကိုမောတယ်။ ကိုယ်တို့ မိဘတွေများ ဒီလောက်များတဲ့ ကလေးတွေကို ဘယ်လိုများ ကျွေးမွေးခဲ့လည်း မသိပါဘူး။ ကိုယ့်ယောင်းမတွေနဲ့ အမကိုလည်း ချီးကျူးမိပါရဲ့။ ကိုယ်တော့ တယောက်ထဲ နဲ့ချာလပတ်လည်နေတယ် :D လူကြီးတွေထက် ကလေးအ၀တ်တွေက ဈေးပိုကြီးတာ အားလုံးသိကြမှာပေါ့ အဆိုးဆုံးက မွေးကင်းစလေးတွေပေါ့။ ဒါလေးတွေရလာတယ်။ ရှူ့ စားတော် မူကြပါလော့ :)


တထည်ကို ၆.၅၀ တဲ့လေ


ဒါလေးက တူမလတ်လေးအတွက် တစုံကို ၃၃ ကျော်မယ်ထင်တယ်၅၀% လျော့ပြီးသားပါ။



ဒါလေးကတော့ ပါရမီလေး အတွက်ပါ:) ပါရမီဆိုတာ ကိုယ့်သမီးလေးရဲ့ အိမ်နာမည်ပါ။



ဒါက နှစ်ထည်ဝယ်တယ် ၃နှစ်အရွယ်ပါ တထည် ၇.၆၉တဲ့


ဒါက ၄နှစ်


ဒါက စီးချင်တဲ့သူ စီးနိုင်အောင်


ဒါတွေက လက်အိတ်၊ နားအုပ်တဲ့၊ လက်သုတ်က ၅ထည်၊ စောစ့်ခွက်၊ ပန်ကန်ပြား အနက်ရောင်၊ သူ့ပေါ်မှာ အိုးသေးသေးလေး တလုံး ချစ်စရာကောင်းလို့၊ ဇွန်းကြီး/သေးခက်ရင်းကြီး/သေးဓါး၈စုံတဲ့ ၇၉.၀၀ကို ထက်ဝက်လျော့တယ်။ ဒါတောင်လောဘကြီးပြီး ယူထားတာတွေ ချန်ထားခဲ့တယ် :) ဒီနေ့ထပ်သွားပါ့မယ်။ အမရဲ့ သမီးကြီးနဲ့လတ် နှစ်ယောက်တွက် ကျန်သေးတယ်။ ဖိနပ်တွေ ကျန်သေးတယ်။ မောတယ်နော်။ မောင်နှမ တွေလည်း ကလေးတွေယူမယ်ဆို သေချာ စာရင်းအင်းလုပ်ပြီး ယူပါလို့ အကြံပေးချင်တယ် :)




ဒီလောက် သက်သာတယ်တဲ့ မထင်ပေါင်။ လူပီပီ ပြောမှာပဲ သူတို့က မတန်တရားဈေးတင်ထားပြီး မသာက နဲနဲလျော့ထားတာပါ။ ဒါကို အဟုတ်မှတ်ပြီး လိုက်ဝယ်တာ လူတိုင်းရဲ့သဘာဝပါပဲလေနော်။ ကိုယ်တ ယောက်ထဲလို့တော့ မထင်မိပါဘူး။ ကဲနောက်ဆက်တွဲ မကြာမီလာမည်မျှော်ပေါ့ :) အားလုံး ပဲပျော် စရာ အားလပ်ရက်ဖြစ်ပါစေ။


ခင်မင်စွာဖြင့်
Baby taster

ပေါချောင်ကောင်းများ သွားမွှေသည်

 Thursday, December 23, 2010

ဈေးတွေ လိုက်ဝယ်နေတယ်။ လျော့ဈေးတွေဆိုလို့ မထူးပါဘူး။ ကိုယ့်ဖက်က တူနဲ့တူမလေး၆ယောက်သူ့ ဖက်က တူနဲ့တူမလေး၎ယောက်၊ တော်သေးလို့ သူ့အမကြီးရဲ့သားသမီး၎ယောက်က ဒီမှာပဲရှိနေလို့ နောက်မို့ဆို သေရချည်ရဲ့။ ဒါတောင် လူကြီးတွေဖို့ မပါသေးဖူး။ ဒီလောက်ပစ္စည်းတွေကို လူကြုံပါးတာ ထင်ပြီး ဂဏန်းမျက်လုံးတွေ မဖြစ်သွားကြပါနဲ့အုံးနော်။ ကိုယ်တို့ နေတဲ့မြို့ကနေ မြန်မာပြန်မဲ့ လူတွေနေတဲ့ မြို့ထိ စာတိုက်ကနေ ပို့ခပါသေးတယ်။ အဲ့ဒီကနေ သယ်သွားခ တပေါင်ကို ၆ ဒေါ်လာပေးရပါတယ်။ ပစ္စည်း တခါ ပို့ရင် ပို့ခနဲ့တင် သေနိုင်တယ်။ ဒါပေမဲ့ကလေးတွေက ပစ္စည်းရရင်ပျော်ကျတာပေါ့။ ဒါနဲ့ မနေ့ကတော့ ပိစိလေးတွေ အတွက် သွားဝယ်ခဲ့တယ်။ အခုညနေ ဆက်လက်ချီတက်ရပါအုံးမယ်။ ကိုယ့်အမရဲ့သမီးလေး တွေက ၁၉၊ ၁၆၊ ၁၃ ဆိုတော့ ကလေးတွေလို ပို့ပေးရင် ကောက်ကျရော။ တူမလေး အကြီးမကို သမီးရယ် လှိုင်ဇာမှာ သွားဝယ်ပါလား နေ့ချင်းတောင် ပြန်လို့ရတယ် ကိုယ့်စိတ်ကြိုက်လည်းရတယ်။ အန်တီပိုက်ဆံ ပေးပေါ့မယ်ဆို မဟုတ်ဘူးတဲ့။ အမေရီကားကမှတဲ့ အမေရီးကားမှာလည်း အားလုံးတရုတ်ပြည်ကပဲလေ ဆိုတာလည်း အဲ့ဒီကဟာက အကောင်းစားတွေ တင်တာဆိုပဲ။ ဒီမှာက အကျန်တွေ မလှပတဲ့ ဈေးပေါတဲ့ ဟာတွေ နိုင်ငံကြည့်ပြီး ရောင်းတာတဲ့လေ။ လှိုင်ဇာဆိုတာ တရုတ်ပြည်နယ်စပ်ပါ။ ကိုယ်တို့ အိမ်ကနေ မနက်မိုးမလင်းခင်ထွက်ရင် ဈေးဝယ်ပြီးပြန်လာရင် ညနေအိမ်ကိုရောက်ပါတယ်။ အမေရီးကားကို တော်တော် အထင်ကြီးနေကျတယ်။ ရောက်လာမှ သိကြလိမ့်မယ်။ ရောက်ဖူးသူတွေ ရောက်နေတဲ့သူ တွေကသာ သိကြလိမ့်မယ်။ ထားပါတော့ ခုလောလောဆယ်တော့ ဟင်းမတင်အားလို့ ဒီပုံတွေတင်တယ် နော် :) လာဖတ်တဲ့လူတွေလည်း ပိစိလေးတွေ ရှိရင်ပြော Made in China တွေအမေရီးကားကနေ ပို့ပေး ပါ့မယ်။









ဒါလေးတွေက အားလုံးပေါ့။ မနေနိုင်လို့ ပန်ကန်လေးပါ ထပ်ဝယ်လာလိုက်တယ် :) ဒီအသုတ်က ၂၅ % လျော့ထားတယ်။ ၂၀၀ နီးပါးဝယ်တာ ၄၆ဒေါ်လာ လျော့တယ်။

အားလုံးပဲ Merry Christmas & Happy Holidays par :)


ခင်မင်စွာဖြင့်
Baby taster

ဂျူံခေါက်ဆွဲသုပ်

 Wednesday, December 22, 2010

ဟိုတနေ့ကပေါ့ ကိုယ်နေမကောင်းလို့ ဂျူံခေါက်ဆွဲပြုပ်စားတော့ ကျေးဇူးရှင်က မစားဘူးတဲ့လေ။ ကြည့်ရ တာနဲ့တင် ဖြူဖတ်ဖြူရော်တဲ့။ မစားလည်းနေပေါ့ဆိုပြီး နေမလို့ပါပဲ မနေနိုင်ပြန်ဘူး။ ငါးဆုပ်ကြော် အဆင်သင့် ရှိနေတာနဲ့ ဆီသတ်ပြီး အနှစ်လေးရအောင်ချက်၊ ခေါက်ဆွဲပြုပ်ထဲ ကြက်ဥထည့်ပြုပ်ပြီး ရေားသုပ်ပေးလိုက်တယ်။ သူက ခေါက်ဆွဲသုပ်သာကြိုက်တာ ဟင်းခါးကျပြန်တော့ မသောက်တတ်ပြန်ဘူး။




Before သုပ်နော် :)







ဒါလေးက After သုပ်ပေါ့  :)


လာလည်သူတွေ နှင်နေမှာစိုးလို့ ဂူဂဲလ်ကိုပြေး လျှောက်ပတ်ပြီး Green tea တခွက်မ လာတယ်။ ၀ူရင်ဝုတ်
တောက်နော် :)




picasa မှာ ဓါတ်ပုံတွေ ဖျက်လိုက်တာ ဘလောဂ့်ကပါ ပျက်သွားတယ် အဟင့်:( ပြန်ရှာတာလည်း ရဖူး :(


ခင်မင်စွာဖြင့်
Baby taster

ကြက်သားခရမ်းသီးနဲ့ တိုဖူးဟင်း

 Tuesday, December 21, 2010























 ဒီဟင်းကို ထိုင်းမှာ စားဖူးတာပါ။ SUKHUMVIT SOI 24 ကသတ်သတ်လွတ် တရုတ် ထမင်းဆိုင်မှာစားခဲ့ တာ။ ကိုယ့်သူငယ်ချင်း ညီမလေးတယောက်က အဲ့ဒီဆိုင်က သားတော်မောင်နဲ့အိမ်ထောင် ကျနေတော့ သူငယ်ချင်းက သတ်သတ်လွတ်နေ့တိုင်း အဲ့ဒီဆိုင်ကို ခေါ်သွားတယ်။ ဒါနဲ့ပဲ ချက်နည်းလေးမေး
ခိုင်းလိုက်တာပါ။

ပထမဆုံး ခရမ်းသီးကို အခွံနွာပြီး အတုံးလေးတွေတုံး ရေဆူထဲထည့်ပြုပ်ထား။

တိုဖူး စိပ်ထား။

သံလွင်ဆီ ထမင်းစားဇွန်း ၂ဇွန်းထည့်ပူလာရင် ကြက်သွန်နီကို ခပ်ကြီးကြီးစိပ်ပြီးထည့်၊ ဂျင်းနဲ့ကြက် သွန်ဖြူကိုနုပ်နုပ်စဉ်းထည့်၊ ကြက်သားအကြေသားထည့် (သူတို့ကတော့ အသားတုထည့်ပါတယ်)ကြော်။

ပန်ကန်တလုံးမှာ ပဲငါပိအချို ၂ဇွန်း
ပဲငံပြာရည် အကြည် ၂ဇွန်း
ပဲငံပြာရည် အနှောက် ၂ဇွန်း
ခရုဆီ ၁ဇွန်း( သူတို့က မှိုဆီထည့်တယ်)
တရုတ် ငရုတ်သီဆီစိမ် ၁ဇွန်း ( ငရုတ်ခြောက်ကို ကြော်ထောင်းပြီး နှမ်းလှော်နဲ့ ဆီအများကြီးထဲ ပြန်စိမ် ထားတာ)
တရုတ်မဆလာ နဲနဲ
ငရုတ်ကောင်းနဲနဲ

ဒါတွေအားလုံးကို အားလုံးရောပြီး ကြက်သားကြော်ထဲထည့်ကြော်၊ ရေဆူတခွက်ထည့်။ ခရမ်းသီးနဲ့ တိုဖူးထည့်။ ၅မိနစ်လောက်ကြာရင် ပြောင်းဖူးမှုန့် ရေအေးနဲဖျော်ထည့်။ ကြက်သွန်မိတ် ပါးပါးလှီးထည့်ပြီး စားလို့ရပါပြီ။










ထေားပတ်သီး တခါမှ မစားဖူးဘူးဆိုရင် ရီကြမလား? တကယ် လုံးဝ မစားဖူးဘူး။ ငယ်ငယ်က ကိုယ်နေတဲ့ဝန်းကျင်မှာ မရှိလို့ပဲလား? မေမေတို့က မကြိုက်လို့ပဲလား? တကယ်သေချာတော့မသိဘူး။ အရွယ် ရောက် လာတော့၊ အအေးဆိုင် ထိုင်တတ်လာတယ်။ အဲ့ဒီမှာစပြီး သူငယ်ချင်းတွေသောက်တာမြင်ဖူးတယ်။ ကိုယ် လည်းတခါမှ မစားဖူးတော့ တခါမှစားဖို့ စိတ်မ၀င်စားမိခဲ့ဘူး။ နောက်သမီးလေးကိုယ်ဝန် ရလာတော့ သောက်ချင်စိတ် ဖြစ်တာနဲ့ သောက်ဖို့ ၀ယ်လာတာပဲ ရှိသေး အမလေး အနံ့က စိမ်းရွှေရွှေအနဲ့ အဲ့ဒီတော့ ပါစပ်ထဲတောင် မထည့်ဖြစ်ဘူး။ မနိုင်းနိုင်းစနေက တခါက ထောပတ်သီး အရမ်း ကြိုက်တယ်လို့ ရေးဖူး တယ်။ စားကြည့်အုံးမှပဲလို့ စဉ်းစားထားတာ နှစ်ကျော်မှ သတိရပြီးဟိုနေ့က၀ယ်လာတယ်။ ဒါနဲ့သောက် ဖြစ်တော့ မဆိုးပါဘူးပေါ့ :) ထောပတ်သီးကိုချေပြီး၊ နီု့ဆီ၊ နို့စိမ်းထည့်ဖျော် သောက်လိုက်ပါတယ် ခင်များ:) ကောင်းပါ၏။
 


ခင်မင်စွာဖြင့်
Baby taster

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP