Lorem Ipsum

အမဲခြောက်ကြော်၊ ကြက်သားဘဲဥဆားငံကြော်နဲ့ ခရမ်းသီးသုပ်

 Thursday, February 10, 2011

အမဲသားခြောက်တွေ ကျန်နေသေးတာနဲ့ ကြော်စားလိုက်တယ်။ အမဲခြောက်တွေကို ပါးပါးလှီးပြီး ရေနွေးစိမ်ပါတယ်။ ဆီအိုတည် ကြက်သွန်နီ ပါးပါးလှီးထည့်ကြော်၊ ၁မိနစ်လောက်ကြာရင် ကြက်သွန် ဖြူပါးပါးလှီးထားတာနဲ့ အမဲသားခြောက်ထည့်၊ နနွင်းအနည်းငယ်နဲ့ ငံပြာရည်ထည့်ကြော် အမဲသား ကြွပ်လာတာနဲ့ ကြက်သွန်နီနဲ့ဖြူလည်း အနေတော်ကြွပ်လာပါလိမ့်မယ်။ ဒါဆိုအမဲသားခြောက်ကြော်ရပါပြီ။





အရိုးပြုတ်ရည်ကျန်နေတာနဲ့ မုန့်ညှင်းနဲ့ ဟင်းချိုလုပ်ထားပါတယ်။





ဒါက ကြက်သားနဲ့ ဘဲဥဆားငံ ရောကြော်ထားတာပါ။ ဒီနည်းက စာအုပ်ထဲကနည်းပါ။ ကြက်သားကို အ သားချည်း အရွယ်တော်တုံးပြီး၊ သုန့်မြန်အမှုန့် (ခေါက်ဆွဲခြောက်ထဲပါတဲ့) တထုတ်နဲ့ ရောနယ်ပါ။ ကြက်ဥ တလုံးရဲ့ အကာတွေနဲ့ ကြက်ဥကို ထပ်နယ်ပါတယ်။ ပြီးမှ အာလူးအမှုန့်ဖြူးပြီး ဆီပူပူမှာ ကြွပ်ရွလာအောင် အဖုံးအုပ်ပြီးကြော်ပါတယ်( အကြော်ပဲ စားချင်သူအတွက်လည်း ကောင်းပါတယ်)ဆီနဲနဲထဲကို ပျဉ်တော်သိမ် ရွက်နှစ်ခက်ကို ခြွေထည့်၊ ကြက်သွန်နီ/ဖြူ၊ ငရုတ်ခြောက်တွေကို ပါးပါးလှီးထည့်ပြီး ဆီသတ်၊ ဘဲဥဆားငံ (ပြုတ်ပြီးသား) ၂လုံးကို အခွံခွါထည့်၊ အချိုမှုန့်နဲနဲနဲ့ ရေဆူလ္ဖက်ရည် ပန်ကန်၁လုံးစာထည့်ပြီ ကြက်သား ကြော်တွေထည့် အဖုံးအုပ်ပြီ ခဏဆိုရပါပြီ။ အမြည်းသမားတွေ အတွက် အဆင်ပြေမဲ့ ဟင်းတမျိုး ဖြစ်နိုင်တယ်း)





ခရမ်းသီးနဲ့ ငါးဆုပ်သုပ်တယ်။ ခရမ်းသီးကို ပါးပါးလှီးပြီးပြုတ်ပါတယ်။ ငါးဆုပ်ကိုလည်း ပါးပါးလှီးထား ပါတယ်။ ခရမ်းသီးရရင်၊ ကြက်သွန်ဖြူဆီချက်၊ နှမ်း၊ မြေပဲလှော်ထောင်း၊ ကြက်သွန်မိတ်၊ ငံပြာရည်၊ သံပု ရာသီး၊ အချိုမှုန့် တို့အားလုံးကို ထည့်ပြီးရောနယ်ပါတယ်။ ငရုတ်သီးကြိုက်ရင် လှီးထည့်နိုင်ပါတယ်။ ကိုယ်က အစပ်မစားလို့ပါ မထည့်ထားဘူး။



ခင်မင်စွာဖြင့်
Baby taster


Read more...

Malware ကင်းရှင်းပါပြီတဲ့


Malware စစ်ဆေးကြတဲ့။ ကိုယ်က ကွန်ပြူတာ အကြောင်းသိတ်နားမလည်ဘူး။ ဒီလိုနဲ့ သူများတွေ ပြောသလို လိုက်လုပ်ကြည့်တော့ ကိုယ့်ဘလောဂ့်မှာ  လင့်ခ်ချိတ်ထားတဲ့ တော်တော်များများမှာ Malwareတွေ့မိပါတယ်။ ဒါနဲ့ မသိလို့ စိတ်မကောင်းစွာနဲ့ သူတို့လေးတွေရဲ့ ကွန်းမန့်တွေကို ဖျက်လိုက်တယ်။ ဒါပေမဲ့မရပါဘူး။ နောက်တော့ လင့်ခ်လေးတွေ အားလုံးဖြုတ်လိုက်ပါတယ်။ ဒါမှ ဒီလိုစာတန်းလေးတွေ ပေါ်လာပါတယ်။ တချို့ သော ကွန်းမန့်တွေကို ဖျက်လိုက်မိတယ်။ နောက် သတိဝင်တာနဲ့ ကော်ပီကူးပြီး သိမ်းထားလိုက်တယ်။ ကော်ပီကူးဖို့ သတိမရလို့ ချစ်ခင်လေးစားရသော တချို့သော မောင်နှမတွေရဲ့ ကွန်းမန့်လေးတွေ ဖျက်လိုက်မိတယ်။ ဒီနေရာကနေ တောင်းပန်ချင်ပါတယ်။ တချို့လင့်ခ်တွေ ဖြုတ်ထားပါတယ်။ ပြန်ထည့်ပေးပါ့မယ်။ တခုချင်းပြန်ထည့်ပြီး စစ်လိုက် Malware မတွေ့ဘူးဆို ပြန်ထည့် လိုက်လုပ်နေပါတယ်။



ခင်မင်စွာဖြင့်
Baby taster

Read more...

နံပြားနဲ့ အမဲခြေထောက်စွပ်ပြုပ်

 Tuesday, February 08, 2011


ဝက်ခြေထောက် စွပ်ပြုပ်လို့ ရေးရတာ ကောင်းပေမဲ့ နွားခြေထောက်စွပ်ပြုပ်ကြတော့ တမျိုးကြီးပဲနော်း) နွားခြေထောက်၊ ဆိတ်ခြေထောက်၊ နွားမြှီးစွပ်ပြုပ်တွေ ကြိုက်တယ်။ ကုလားဆိုင်ရောက်လို့ နွားခြေ ထောက်နဲ့ နံပြားဝယ်လာတယ်။ အိမ်ရောက်တော့ နွားခြေထောက်ကို ဒီလိုပြုပ်တယ်။


သန့်စင်ပြီးသား နွားခြေထောက်ကို၊ ဆီနဲနဲထဲ ကြော်ပါတယ်။ အပေါ်ရေတင်းလာရင်ဆီစစ်ထားပါတယ်။ Pressure Cooker ထဲရေဆူထည့်၊ နာနတ်ပွင့်တခု၊ ဂျင်းပါးပါးလွှာထည့်၊ ကြက်သွန်ဖြူအမွှာလိုက်၁၀ခုထည့်၊ ငရုတ်ကောင်းအဖြူ ၁၅ စေ့ထည့်၊ဆားနဲ့ အချိုမှုန့်ထည့်၊ ဆူလာရင် နွားခြေထောက်ထည့်ပြီး နာရီဝက်လောက် ပြုတ်ပါတယ်။ မီးပိတ် အိုးထဲကလေကုန်မှဖွင့် ကြက်သွန်မိတ်ထည့်ပြီ ကြိုက်နှစ်သက်တဲ့ အရာနဲ့ တွဲစားပါတယ်။ ကိုယ်တို့ကတော့ တခါတလေ ပတက်စာထည့် ပြုတ်သောက်တယ်။ တွဲစားဖို့ အချဉ်ရည်က တော့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ဗီနီကာတို့ကို ရောကြိတ်ပါတယ်။ စားချင်ဇောနဲ့ အချဉ်ရည် ဓါတ်ပုံ မရိုက်မိလိုက်ဘူး။














တွဲစားဖို့ အချဉ်ရည်ပုံမရိုက်ထားလို့ ဂူဂဲလ်ကနေ ယူထားပါတယ်။





နံပြားတော့ အရမ်းကြိုက်တယ်။ တခြားတွေနဲ့ မတူဘူသူက။  အတွင်းမှာက ဟောင်းလောင်းကြီး ဆိုတော့ အစာသွပ်စားတယ်။ ဒီတခါတော့ နွေးပြီ ထောပတ်သုပ်တယ်။ စွပ်ပြုပ်နဲ့ တွဲစားတယ်။



ခင်မင်စွာဖြင့်
Baby taster



Read more...

ယုန်သားဆီပြန်၊ သစ်တိုသီးသုပ်နဲ့ မုန့်ညှင်းဟင်း

 Monday, February 07, 2011


သစ်တိုသီးကိုပါးပါးလှီးပြီး သံပုရာသီး တခြမ်းညစ်ပြီးနယ်ထားပါတယ်။ (သိပ်မချဉ်လို့ပါ) ပြီးမှ သစ်တိုသီး ထဲကို ကြက်သွန်နီ၊ ငရုတ်စိမ်းပါးပါးလှီးထည့်၊ ကြက်သွန်ဖြူဆီကျက်၊ ငံပြာရည်၊ အချိုမှုန့်၊ ပုဇွန်ခြောက် ထောင်း၊ ပဲမှုန့်အကျက်နဲ့၊ ငပိထောင်းတို့ ထည့်ပြီးသုပ်လိုက်တယ်။






သစ်တိုသီးသုပ် (စာလုံးပေါင်းမှားနိုင်ပါတယ်)




သစ်တိုသီး ပုလင်း




                                                           မုန့်ညှင်းနဲ့ပဲပုပ်ကြော်

မုန့်ညှင်းနဲ့ပဲပုတ်ကို အရည်သောက်လို့ ရအောင် ကြောက်ချက်လိုက်တယ်။
                                              







ယုန်သားတဲ့ တခါမှတော့ မစားဖူးဘူး။  ဒါနဲ့ အရေခွံစုတ်ပြီး အဆင်သင့် လုပ်ပြီးသား တကောင်ကို ၉ဒေါ်လာတဲ့။ လောဘကြောင့် ၂ကောင်ဝယ်တယ်း) တကောင်ကို ၁ကီလိုစာလောက် ရှိတယ်။ တကောင်ကို သိမ်းထားပြီး တကောင်ကိုတော့ ကြက်သားဟင်းလို ဆီပြန်လေးချက်လိုက်တယ်။ ငရုတ်သီးခြောက် ထောင်းထည့်လိုက်တော့ နဲနဲစပ်သွားတယ်။ ယုန်သားက နဲနဲမာပြီး အနံ့တမျိုးလေးထွက်နေတယ်။ အသားကြီးပဲများတယ်။ သူ့ဆီက ရတဲ့အနံ့လေးကြောင့် နောက်တော့ ၀ယ်စားဖြစ်တော့မယ် မထင်တော့ဘူးး) ကျန်တဲ့တကောင်ကိုတော့ ကင်ကြည့်မယ် စိတ်ကူးထားတယ်။ ဒီတကောင်ပုံကိုတော့ မရိုက်လိုက်ရဘူး။ ကင်တဲ့အချိန်မှ တကောင်လုံး ပုံရိုက်ပြမယ်နော်း)





ခင်မင်စွာဖြင့်
Baby taster

Read more...

အာပြဲခြောက်ကင်နဲ့ မျှစ်နဲ့ချဉ်ပေါင်ဟင်း

 Sunday, February 06, 2011



ငါးနှပ်ခြောက်ကင်ပါ။ ငါးနှပ်အစိမ်းကို တခါမှမစားဘူး မမြင်ဘူးပေမဲ့၊ ငါးနှပ်ခြောက်ကိုတော့ ခဏခဏ စားတယ်။ ကချင်မှာတော့ အာပြဲခြောက်တဲ့။ တပေါင်ကို ၈ဒေါ်လာပေးရပေမဲ့ စားဖြစ်ပါတယ်။ သွေးတိုးသာ ရှိတာ ငါးခြောက် ငါးပိကလွဲရင် ကျန်တာ မစားချင်ဘူး :)






ငါးနှပ်ကို အရွယ်တော် အတုံးလေးတွေ တုံးပြီး ရေခဏစိမ်ထားတယ်။ ပြီးမှ ရေဆေး ရေစစ်ထား။ ရေခြောက်ရင်။ အိုဗဲန်ကို ၄၅၀ Fံ ၅မိနစ် ကြိုလုပ်ထားပြီး၊ ငါးခြောက်တွေ ဆီထည့်ပါတယ်။ (မီးနဲနဲနဲ့ ကင်ရင် ကြွပ်သွားမှာစိုးလို့ များများနဲ့ မြန်မြန် ကင်တာပါ) ငါးခြောက်ရလောက်ရင်၊ သေချာထု ဆီကိုပူ အောင်လုပ်ထားပြီး ငါးခြောက်ပေါ် ဆမ်းလိုက်ပါတယ်။






ချဉ်ပေါင်နဲ့မျှစ်ကို ထမင်းနဲ့ နယ်စားလို့ရအောင် ပြစ်ပြစ်လေးချက်တယ်။ အစပ်ချက်လေးပါ။





ဘိုစားပဲသီး တထုတ်ကျန်နေတာနဲ့ ကြက်သွန်ဖြူ၊နီပါးပါးလှီးပြီး ကြက်သားမှုန့်လေးထည့်ကြော်တယ်။




ခင်မင်စွာဖြင့်
Baby taster







Read more...

ရခိုင်မုန့်တီ

 Saturday, February 05, 2011

ရခိုင်မုန့်တီ လုပ်စားတယ်။ ညနေပိုင်းဆိုတော့ သိပ်မစားနိုင်ဘူး။ အသုပ်နဲနဲပဲ စားဖြစ်တယ်။ ဒီနေ့မနက် အရည်နဲ့ သောက်ဖြစ်တယ်။ ဘယ်လိုချက်စားသလဲ ပြောပြမယ်နော်။

ပထမဆုံး ရေနွေးတည်ပြီး ရေဆူရင် ပတဲကော၊ ဂျင်း၊ ငါး၊ ငါးပိစိမ်းစားထည့်ပြုတ်ပါတယ်။ ငါးကိုဆယ်ပြီး အရိုးနွင်ပါတယ်။ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို လှော်ပြီး အရိုးနွင်ထားတဲ့ ငါးနဲ့ရောထောင်းပါတယ်။ ပြီးမှ ငါးပြုတ်ရည် နဲနဲထည့်ပြီး လှော်ပါတယ်။

ငါးပြုတ်ထားတဲ့ အရည်ထဲကို ငါးခေါင်းနဲ့ အရိုးတွေထည့်ပြီ၊ ငရုတ်ကောင်းမှုန့်ထည့်၊ အချိုမှုန့်ထည့်ဆက် ပြုတ်ထားပါတယ်။

မုန့်ဖတ်ကို ပြုပ်ပြီး ရေအေးစိမ် ရေစစ်ထားပါတယ်။

နံနံပင်နဲ့ ကြက်သွန်မိတ် ပါးပါးလှီးထားတယ်။

ငါးဆုပ်ကို မကြော်ချင်တာနဲ့ ငါးပြုပ်ရည်ထဲထည့်ပြီး ပြုပ်ထားလိုက်ပါတယ်။

မန်ကျည်းမှည့်ကို ရေနွေးစိမ်ပြီး အနှစ်ရအောင်ယူ၊ ငရုတ်ဆီနဲ့ရောထားတယ်။

ကြက်သွန်ဖြူ ဆီချက်ချက်ထားပါတယ်။

ပဲကြော်ကြော်ထားပါတယ်။ တချို့က ၀က်ဆီဖတ် ထည့်ပြီးသုပ်ပေးတာ မြင်ဖူးလို့ ကိုယ်တွေလည်း ကြက်နဲ့ ငါးအရေခွံကို တန်ပူရာမှုန့်နဲ့ ဆန်မှုန့်ရောကြော်လိုက်တယ်။







ဒါက ဒီနေ့မနက်မှ စားတဲ့ ရခိုင်မုန့်တီ အရည်ပေါ့။ ငါးဆုပ်၊ ပဲကြော်၊ ကြက်အရေခွံနဲ့ ငါးအရေခွံကြော်၊ ငရုတ်သီးနဲ့ငါးထောင်း၊ မန်ကျည်းမှည့်ရည်၊ အကုန်ထည့်ပြီး စားပါတယ်။ အရမ်းကောင်းပေါ့း)



း)




အစုံပလုံပေါ့။ ပဲကြော်၊ ငါးနဲ့ ကြက်အရေခွံကြော်၊ ငါးဆုပ်ပြုပ်၊ ငါးနဲ့ ငရုတ်သီးလှော်ထောင်း၊ မန်ကျည်းရည်၊ ဆီကျက်၊ နံနံပင်နဲ့ ကြက်သွန်မိတ်၊ မုန့်ဖတ်၊ ဟင်းရည်တွေပေါ့။




ငရုတ်သီးစိမ်၊ ကြက်သွန်ဖြူကို လှော်ပြီး ငါးပြုပ်နဲ့ ရောထောင်းပြီး ထပ်လှော်ထားတာပါ။



ကြက်အရည်ခွံ၊ ငါးကျည်းအရေခွံ (ဟိုနေ့က ငါးသုပ်လုပ်တဲ့ အရေခွံအကျန်တွေပါ) ကို တန်ပူရာနဲ့ ဆန်မှုန့် ရောပြီး ကြော်ထားတာပါ။ ကြွပ်ကြွပ်လေးနော်။




ဒါက ညကသုပ်စားတဲ့ ချဉ်ငံစပ် ရခိုင်မုန့်တီသုပ်လေးပေါ့း)




ခင်မင်စွာဖြင့်
Baby taster

Read more...

ယိုးဒယားငါးသုပ် (Laab Pla)

 Wednesday, February 02, 2011

ယိုဒယား ငါးသုပ်ပါ။ ပထမဆုံး ငါခူ(သို့) ငါးကျည်းကို ဗိုက်ဖောက် သေချာဆေးပြီး ဆားနဲ့နယ်ပြီး ကင်ပါ တယ်။ ငါးရပြီဆို အသားနွင်ပါ။ အရေခွံကြိုက်တတ်ရင် ထည့်လို့ရပါတယ်။ ဇလုံတလုံးမှာ နွင်ထား တဲ့ငါးရယ်၊ငရုတ်သီးစိမ်း၊ စပါလင်၊ နံနံပင်၊ ကြက်သွန်မိတ်၊ တရုတ်နံနံတွေကို ပါးပါးလှီးထည့်၊ ငရုတ်လှော်မှုန့်၊ ငံပြာရည်၊ အချိုမှုန့်၊ ဆန်လှော်မှုန့်( ထမင်းစားဇွန်း ၂ဇွန်း) သံပုရာသီးထည့်၊ ပူစီနံခြွေထည့် ပြီး ရောသမမွှေလိုက်ရင် ရပါပြီ။ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရမ်းစားကောင်းပါတယ်။ ဒီလိုပဲ အမဲသား၊ ၀က် သားတွေကို ကင်ပြီးသုပ်ကြသလို၊ ကြက်သား၊ ကြက်မြစ်ကြက်သဲတွေကိုလည်း ပြုပ်ပြီး သုပ်ကျပါ တယ်။ တခါက ကြက်သားသုပ်တာ ရေးဖူးပါတယ် ဒီမှာ ပါ။ ထိုင်းအသုပ်ထဲမှာ အဓိကတော့ ဆန်လှော်မှုန့်၊ စပါလင်၊ ပူစီနံတွေထင်တာပါပဲ။ ဒါတွေမပါရင် စားလို့မကောင်းဘူး။


















ခင်မင်စွာဖြင့်
baby taster




Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP