Lorem Ipsum

ငါးခူ ငရုတ်ကောင်း မုန့်ဟင်းခါး

 Monday, January 24, 2011

တနင်္ဂနွေတော့ မုန့်ဟင်းခါးချက်စားဖြစ်တယ်။ အီကြာကွေးပူပူလေးတွေ ရလာတာနဲ့ ချက်စားချင်စိတ် ပေါက်လာတယ်။ ငါးခူငရုတ်ကောင်း မုန့်ဟင်းခါးပါ။ ပူပူစပ်စပ်လေးနဲ့ သောက်လို့တော့ တော်တော် ကောင်း ပါတယ်။ မုန့်ဟင်းခါးဆို အဖတ်နဲနဲ အရည်များများကြိုက်တယ်။ ဒီမှာ တချို့တွေက အဖတ်တွေများလိုက် တာ ထမင်းပန်ကန်အပြည့်လိုပဲထည့်ပြီး အရည်ကျတော့ နဲနဲလေး၊ ပြီးတော့ အရည်ကလည်း ပဲမှုန့်မထည့် ကျဘူး။ ဒါမျိုးကျတော့ ကိုယ်က မစားတတ်ပြန်ဘူး။ ကိုယ်ကတော့ မုန့်ဟင်းခါးမှာ ဆန်လှော်မှုန့်ထည့်သလို၊ တခါတလေ ရွှေချီမှုန့်လှော်ပြီး ထည့်တယ်။ အင်းလေ ဒေသအလိုက် အစားအစာတွေလည်း ကွဲပြားကြ တာပဲလေနော်။ ကချင်မှာဆို မုန့်ဟင်းခါးကို မုန့်ညှင်းချဉ်နဲ့ တွဲစားကြတယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာ သံပုရာသီးနဲ့တဲ့။ တချို့ကျပြန်တော့ ဇီးဖြူသီးနဲ့တဲ့။ တချို့ကျတော့ ငါးသလောက်နဲ့ ဟင်းရည်ချက်ကြသတဲ့။ တခါမှတော့ မစားဖူးပါဘူး။ မုန့်ဟင်းခါး ချက်တော့မယ်ကွယ် :)

ငါးခူ ၁ကီလို (အရေခွံဆုပ်ပြီးသား)
ပဲမှုန့်
ဆန်လှော်မှုန့်
ကြက်သွန်နီ၊ဖြူ၊ဂျင်း (ထောင်းပြီး)
စပါးလင် ၃ချောင်း
ငံပြာရည်
အချိုမှုန့်
ဆနွင်းနဲ့ အရောင်တင်
မုန့်တီဖတ်
ငှက်ပျောအူ (ရှိမယ်ဆိုရင်ပေါ့)
ကြက်သွန်အသေး (အလုံးလိုက်)
သံပုရာသီး
နံနံပင်
ငရုတ်ကောင်းလှော်မှုန့်
ငရုတ်သီးစိမ် (မိုးမျှော်သီး)
ဘဲဥ၊ ငါဆုပ်၊ ပဲကပ်ကြော်စတာတွေက ရနိုင်မှပါ။

မုန့်ဖတ်ပြုပ်ထား။
နံနံပင်နဲ့သံပုရာသီး လှီးထား။
ဘဲဥပြုပ်ပြီး စိတ်ထား။
ငရုတ်သီးလှော်ပြီး ထောင်းထား။
ငါးဆုပ် ပါးပါးလှီးထား (ကြိုက်တတ်မှပါ)
ပဲကပ်ကြော်ထား
အီကြာကွေးညှပ်ထား။
ကြက်သွန်ဖြူ ဆီချက်ချက်ထား။

အိုတလုံးထဲမှာ ငါးခူ၊ စပါလင်တချောင်းထုထည့်၊ ဆနွင်းမှုန့်နဲနဲနဲ့ ငံပြာရည်ထည့်၊ ရေနဲနဲထည့်ပြီးပြုတ်၊ အအေးခံ၊ အသားနွင်ထား။ ကျန်တဲ့ အရိုးနဲ့ ခေါင်းကိုထုပြီး ရေနဲ့ဆက်ပြုတ်ထား။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်းနဲ့ စပါလင်းတချောင်းကို ညှက်နေအောင်ထောင်းပြီး ဆီသတ်ပါ့မယ်။ ကြက်သွန်တွေ နီဝါရောင်လေးရလာရင် ဆနွင်းနဲ့ အရောင်တင်နဲနဲထည့်ပြီး နွင်ထားတဲ့ ငါးတွေထည့်ပြီး ဆီပြန်လာရင်မီးပိတ်ထား။

ငါးဆီသတ်တုန်းမှာ တဖက်မှာရေနွေးအိုးတည်၊ စပါလင် တချောင်းထုထည့်၊ ငါးရိုးပြုတ်ရည်တွေစစ်ပြီးထည့်၊ ရေဆူလာရင်၊ ပဲမှုန့်ဖျော်ထည့်ပြီး အဆက်မပြတ်မွှေပေး။ ဆီသတ်ထားတဲ့ငါးထည့်၊ ဆန်လှော်မှုန့်ထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့် နာရီဝက်လောက်ဆူနေပါစေ။  ကြက်သွန် အသေးလေးတွေထည့်၊ ငှက်ပျောအူး ရှိရင်ထည့်( ကြိုတင် လှီးထားပြီး ဆနွင်းနဲ့ စိမ်ထားပါ) ငရုတ်ကောင်းအစေ့ကို လှော်ပြီးထောင်း ငရုတ်သီးမိုး မျှော်သီးကိုမီးကင် ငရုတ်ကောင်းနဲ့ ရောထောင်းပြီး ဟင်းရည်အိုးထဲထည့်၊ ကိုယ်လိုချင်တဲ့ဟင်းရည် အနေအထားရရင် မီးငွေ့ငွေ့လေးပဲထားပေါ့။

 

စားကြအုံးမလား  :)


ဓါတ်ပုံတွေက အလင်းရောင် ပြောက်ကျားဖြစ်နေတာရော မီးက ၀ါနေတာရောဆိုတော့ :D



မုန့်ဖတ်


ဟင်းရည်



ဘဲဥပြုတ်၊ ငါးဆုပ်၊ ပဲကပ်ကြော်၊ အီကြာကွေးနဲ့ ငရုတ်သီး (အမှန်ဆို ငရုတ်သီးမှုန့်တောင် မလိုဘူး)




သံပုရာသီးနဲ့ နံနံပင်



ကျေးဇူးရှင်ပန်ကန်


ကြက်သွန်ဖြူ ဆီကျက်မလုပ်မိလို့:) ကြက်သွန်နီကြော် ထည့်စားတယ်:)




ငရုတ်သီးနဲ့ သံပုရာသီးမပါတဲံ ကိုယ့်ပန်ကန်




ပဲကပ်ကြော် အိမ်မှာကြော်ပါတယ်။  ကုလာပဲးခြမ်း လက်နှစ်ဆုပ်လောက်ကို ရေ ၃နာရီလောက်စိမ်ထား။ ဆော်ဒါမှုန့် (လဖက်ရည်ဇွန်း) ထည့်စိမ်။

တန်ပူရာမှုန့် တခွက်၊ ဆန်မှုန့် ခွက်တ၀က်ရောပြီး ရေနဲ့ဖျော်။ ဆားနဲနဲထည့်။ မုန့်နှစ်ရည်ကို မပြစ်မကျဲဖြစ် ရမည်။ စိမ်ထားတဲ့ပဲနဲ့ရောထား။

ဆီအိုတည် ဆီပူလာရင် မီးနဲနဲလျှော့လိုက်ပါ (မီးများရင် မုန့်နှစ်တူးပြီး ပဲကမကျက်ပဲ နေလိမ့်မယ်) ဆီပူထဲကို မုန့်နှစ်နဲ့ပဲ တဇွန်းခပ်ထည့်ပါ။ ပဲကြော်က အလည်မှာပဲ ထူပြီးလုံးနေရင် မုန့်နှစ်ပျစ်လို့ပါ။ ပဲကြော် ပြန့်ကြေသွားရင် ရေများလို့ပါ။ အနေတော်ဆိုရင်တော့ ပြန့်ပြန့်လေးပဲ ဖြစ်နေမှာပါ။ ပဲကြော်နီဝါရောင် ဖြစ်လာရင် ဆယ်ပြီးဆီစစ်ထားပေါ့။ အေးရင်လုံတဲ့ဗူး တဗူးထဲထည့်ပြီး၊ တပတ်ထိ စားပါတယ်။ ကြာရင်တော့ ဆီဂျီးစော်နံတတ်လို့ပါ။

နောက်တနည်းက မြန်မာပြည်မှာ ကြော်နည်းပါ။
ဆန်မှုန့် ၃ဆ၊ ကောက်ညှင်းမှုန့် ၁ဆကို ဆား၊ ဆော်ဒါမှုန့်(ခန့်မှန်း)၊ ရွှေချီမှုန့် ၂ဇွန်း(ထမင်းစားဇွန်း) ကိုရေနဲ့ ဖျော်။ မုန့်နှစ် မပြစ်မကျဲရရင်၊ စိမ်ထားတဲ့ပဲနဲ့ရောပြီး အပေါ်ကနည်းအတိုင်း ကြော်ပါ။



ခင်မင်စွာဖြင့်
Baby taster







Read more...

စနေနေ့က ထမင်းဝိုင်း

 Sunday, January 23, 2011

လာပြန်ပြီနော် မိဆို:D ဘာငါးမှန်း မသိတဲ့ငါးကို ကြော်ပြီးနှပ်ပါတယ်။ ငါးကို အကြေထိုး၊ ဗိုက်ခွဲပြီးအူ တွေထုတ် သေချာရေးဆေးပြီး အကွင်းလေးတွေ တုံးပါတယ်။ ငံပြာရည်နဲ့ နနွင်းနယ်ပြီး ဆီပူပူမှာ ကြော်ပါတယ်။ ငါးဘေးသားတွေ ကြွပ်လာရင် ဆယ်ထား။

ဆီအိုတည်၊ ကြက်သွန်နီနဲ့ဖြူကို အကွင်းကြီးကြီးလှီးထည့်၊ ကြက်သွန်နွမ်းလာရင် ခရမ်းချဉ်သီးလှီးထည့်၊ မိ ဆို ထမင်းစားဇွန်း တဇွန်းထည့်၊ အချိုမှုန့်ထည့်ပြီး မီးငွေ့ငွေ့လေးနဲ့ တည်ထား။ ခရမ်းချဉ်သီး နူးအိလာရင်၊ ကြော်ထားတဲ့ ငါးထည့် ရေဆူနဲနဲထည့်ပြီး နှပ်ထားလိုက်တယ်။ ဆီပြန်လာရင် ရပြီပေါ့။






                                              မိဆိုငါးကြော်နှပ်ပါ




ငပိထောင်းပါ

ထိုင်းငပိထောင်း၊ အမျိုးမျိုးရှိပေမယ့် ဒီနည်းက ကြာရှည်ခံလို့ လုပ်စားဖြစ်တယ်။ တချို့တွေကတော့လုပ် ထားပြီး ပုလင်းထဲထည့်ထားပြီး သုမ့်ယမ် ချက်လည်း ထည့်ကြပါတယ်။
ငရုတ်သီး အခြောက်တောင့်ကို ၂ပိုင်းပိုင်းပြီး အစေ့ထုတ် ရေစိမ်ထား။ (အိမ်မှာတော့ အစေ့မထုတ်လိုက် မိဘူး)
ကြက်သွန်နီ (အသေးစား) ၃လုံးကို အခွံခွါ လေးစိတ်စိတ်ထား။
ကြက်သွန်ဖြူ ၅မွှာ ခွါထား။
ပုဇွန်ခြောက် လက်နှစ်ဆုပ်စာလောက် ရေစိမ်ထား။
စိမ်းစားငါးပိ ထမင်းစားဇွန်းတဇွန်း။
အချိုမှုန့်နဲ့ ဆီအနည်းငယ်

ရေစိမ်ထားတဲ့ ငရုတ်ခြောက်ကို ရေစစ်ပြီး ဆီပူထဲထည့်ကြော် နီရဲပြီး ထောင်းကောင်းရုံလောက်ဆိုရပါပြီ။ ငရုတ်ကြော်တဲ့ ဆီမှာပဲ ပုဇွန်ခြောက် ထည့်ကြော်ပြီး ဆယ်ထား။ကျန်ဆီထဲကို စိတ်ထားတဲ့ ကြက်သွန်နီနဲ့ ဖြူကို ထည့်ကြော်၊ ကြက်သွန်နွမ်းလာရင် ဆယ်ပြီး ကျန်ဆီလေးမှာ ငပိကို ကြော်လိုက်ပါ။ အားလုံးရပြီဆို ငရုတ်ကြော်ထောင်း ညှက်လာမှ ပုဇွန်ခြောက်ထည့်ထောင်း၊ ပုဇွန်ခြောက်ရရင် ကြက်သွန်နီနဲ့ဖြူထည့်၊ အ ချိုမှုန့်ထည့်၊ ငါးပိထည့် ညှက်အောင်ထောင်းပြီး ဆီကိုအပူပေး ငပိထဲလောင်းထည့်စိမ်ထား။ အကြာကြီး အထားခံပါတယ်။ ကိုယ်ထောင်းထားတာတော့ ပြောသလောက်မညှက်ပါဘူး။ ငရုတ်အစေ့တွေလည်းပါနေ တယ်။










                 မုံလာဥပိုးတီသုပ် အရည်ပါတာကြိုက်လို့ ပိုးတီစိမ်တဲ့ အချဉ်ရည် နဲနဲထည့်ထားတယ်။

မုံလာဥကို အခွံနွါပြီး တစောင်းလှီးပါ့မယ်။ လှီးတဲ့အခါ တစောင်းလှီးရင်း မုံလာဥကို လိမ်ပြီးလှည့်သွားပါ။ တဖက်ထိပ်ကနေ နောက်တဖက်ထိပ် ရောက်တဲ့အထိဆို မုံလာဥက စပရိန်လို ဖြစ်နေပါ့မယ်။ ပြီးရင် ဆားများ များနဲ့နယ် မုံလာဥလေး ပျော့လာပြီး အရှည်ကြီးဖြစ်သွားလိမ့်မယ်။ ပြီးမှ ရေဆေး ပုလင်းတလုံးမှာ ဆန်ဆေး ရေနဲ့မုံလာဥကို ထည့်စိမ်ထား၊ အဖုံးကိုတော့ လုံလောင်ပိတ်ပေါ့။ ၃ရက်လောက်ဆို ချဉ်လာပါပြီ။ ချဉ်လာတဲ့ မုံလာဥကို ကြက်သွန်ဖြူဆီကျက်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး စားလို့ရပါပြီ။
 









အချဉ်အစပ်တွေ စားလို့မရတဲ့ ကိုယ့်တွက် Bok Choy ကြော်ပါတယ်။ အရွက်တွေကို ခြွေပြီးရေဆေးထား။ ကြက်သွန်ဖြူ ပါးပါးလှီးဆီနဲနဲနဲ့ ဆီသတ်ပါတယ်။ ပြီးမှ ရေဆူနဲနဲနဲ့ မှိုဆီ၊ ပဲငံပြာရည်ထည့်ပြီး Bok Choy ထည့်ပါတယ်။ အဖုံးအုပ်ပြီး ၅မိနစ်ဆို ရပါပြီ။






ပဲနီလေးကို ဒယ်အိုးထဲ ထည့်ပြီးလှော်ပါတယ်၊ နီရဲလာမှ ရေစိမ်ထားလိုက်တယ်။ စပါလင်တချောင်နဲ့ ကြက် သွန်ဖြူ နှစ်မွှာ ဆီသတ်၊ ပဲထည့်၊ ဆနွင်းနဲ့ အရောင်တင်နဲနဲထည့်၊ ပဲနူးရင် ဂျင်းလက်တဆစ်စာလောက် ထောင်းထည့်၊ ဆားနဲ့ အချိုမှုန့်ထည့်ပြီးရင် စားလို့ရပါပြီ။



ခင်မင်စွာဖြင့်
Baby taster

Read more...

မြန်မာပြည် အလွမ်းပြေ

 Saturday, January 22, 2011

ပဲပြုပ်နဲ့ ထမင်းကြော်စားချင်နေတာ ကြာလှပေါ့။ ပဲပြုပ်ရှိတုန်း ကြော်စားဖြစ်တယ်။ ဆီတိုဖူးကိုလည်း ကြော်ပြီး ဆီစိမ်တယ်။ အမဲသောက်ခြောက် လုပ်ထားတာ ကျန်သေလို့ မီးဖုတ်ပြီးထု ပဲဆီဆမ်းတယ်။ ငပိ ထောင်းလည်ပါတော့ ပိုမြိန်တယ်လို့ ဆိုရမယ်။ ရေနွေးကြမ်းသောက်ရတာကလည်း အေးလို့လားမသိဘူး အရသာပိုရှိနေသလိုပဲ ဒါပေမဲ့ စားပြီးလို့ ရင်ပြည့်တဲ့ ဒဏ်မခံနိုင်ဘူး :)




ဓါတ်ပုံလှလှကိုပဲ အာရုံစိုက်တာ တယောက်သောသူရဲ့ ခြေထာက်ပါ ပါသွားတယ် :D





ပဲပြုပ်နဲ့ ထမင်းကြော်ပါ



အမဲသားခြောက် မီးကင်ထုပြီး ပဲဆီဆမ်းပါ။

:)



ဆီတိုဖူးကြော်


ထိုင်းငပိထောင်း (ထောင်းနည်း ရေးပေးပါ့မယ် နောက်တခါ)


ရေနွေးကြမ်း :)




ခင်မင်စွာဖြင့်
Baby taster

Read more...

တိုဖူးကြက်သားပေါင်းနဲ့ သာကူကျောက်ကျော

 Thursday, January 20, 2011

ကိုယ်က အချိန်ရရင် ဟင်းချက်တဲ့ ဘလောဂ့်တွေ လျှောက်လည်ပါတယ်။ ဘလောဂ့်ဆိုတာ စသိတုန်းက နေပါလီ(နေပေါလ်လူမျိုး) သူငယ်ချင်းတယောက်က ၂၀၀၅ ခုနှစ်က သူဘလောဂ့်ဖွင့်ထားကြောင်း ပြောတော့ သူ့ဘလောဂ့်ကို အမြဲဝင်ပြီး ရှာတယ်။ နောက်တော့ တခုပြီးတခုသွားတတ်လာတယ်။ ကောမန့်မပေးတတ်သေးပါဘူး။ နောက်မှကိုယ်လည်း ၀ါသနာပါရင်း ကိုယ့်မိသားစုတွေပဲ ဖတ်နိုင်တဲ့ ဘ လောဂ့်တခုကို ၂၀၀၇ မှာဖန်တီးခဲ့ပါတယ်။ ဒါနဲ့ ဘလောဂ့်တကာ လည်ဖတ်တော့တာပါပဲ :) ခုချိန်ထိ အား တယ်ကို မရှိဘူးဆိုပါတော့ :) ဒါနဲ့ ဖတ်ထားတာကများတော့ ဘယ်ကနေ နည်းတွေ ရတယ်ဆိုတာ အတိ အကျ မမှတ်ထားမိပြန်ဘူး။ အခုလည်း မကြာသေးခင်ကမှ နည်းလေး တခုရလာပြီး လုပ်စားမယ် စိတ်ကူး ထားတာပါ။ ဘယ်ကရလည်းဆိုတာတော့ မေ့သွားပါပြီ။  သေချာတာကတော့ ကိုယ့်နည်း မဟုတ်ပါဘူး။ သူများဆီကပါ။


တိုဖူးကို နှစ်ခြမ်း ဖြတ်လိုက်ပြီး အပေါ်က အခွက်လေး လုပ်လိုက်ပါတယ်။ အဲ့ဒီကရတဲ့ တိုဖူးနဲ့ ကြက်သား(ကြိုက်ရာအသားပေါ့) ကြက်သွန်စတဲ့ အဆာပလာတွေ( ထည့်ချင်သမျှ) ထည့်ပြီး တိုဖူးရဲ့ ချိုင့်ခွက်လေးထဲ ထည့်လိုက်တယ်။ ပြီးမှ ပေါင်းလိုက်တာပါ။ ၁၀မိနစ်ပေါ့။ အချိုတွေစား နေတဲ့ကိုယ်ကတော့ ကြိုက်တယ်။ အရမ်းလွယ်ပြီး စားလို့ ကောင်းတယ်။














ပေါင်းအိုးထဲက ထုတ်ထားတာ ကြာလို့ နည်းနည်းတော့ ခြောက်နေသလိုပဲ။ ထုတ်ထုတ်ချင်းမှာ စားတာ ကောင်းပါတယ်။


ဒါကတော့ သူငယ်ချင်းတွေက မြန်မာမုန့်လုပ်ကျွေးလေတဲ့။ ကိုယ်ကလည်း တတ်သလောက် မှတ်သလောက် နဲ့ လုပ်ကျွေးလိုက်တယ်။ သာကူကျောက်ကျောပါ့။ ပိုက်ဆံသက်သာ။ အချိန်ကုန်သက်သာ တယ်လေ ခန့်မှန်းတွေပဲမို့ ပြောရမှာတောင် ခက်နေတယ် :)

သာကူအစေ့သေးသေးလေးတပေါင်ကို ရေအေးနဲ့ ၃နာရီကြာ စိမ်ထားပါတယ်။ ပထမဆုံး ရေမတ်ခွက်နဲ့ ၈ခွက်ထည့်ပြီး ကြိုပါတယ်။ ရေနွေးဆူလာရင် သကြားမတ်ခွက်နဲ့ ၂ခွက်ထည့်ပါတယ်( ကိုယ်က အချိုသိတ်မ စားလို့ပါ။ ကြိုက်တတ်ရင် အများကြီးထည့်ပါ) ကျောက်ကျောမှုန့် အထုတ်သေးတထုတ်ကို ရေဖျော်ပြီး ထည့်မွှေပါတယ်။ ဆက်ဆူနေပါစေ။ ၁မိနစ်လောက်ကြာလာရင်သာကူ စေ့တွေကို အသာလေးလောင်းချ ပါတယ်။ သာကူစေ့တွေက ရေစိမ်ထားတော့ ကြာကြာပြုပ်စရာမလိုပါဘူး။ သာကူ မျက်စိပျောက်လောက် ရင် အုန်းနို့ဗူးတဗူး(ဗူးကြီး)ထည့်ပြီး ၅မိနစ်ဆို လိုချင်တဲ့ ဗန်းထဲလောင်းထည့် ပြီး အပေါ်ကနေ မြေပဲလှော် ထောင်း ဖြူးပါတယ်။ အအေးခံလိုက်ပါတယ်။





















သာကူ ကျောက်ကျောမုန့်ပေါ့နော် :)

Read more...

ဗီယက်နမ် ၀က်ခေါက်ချဉ် လုပ်နည်း

 Wednesday, January 19, 2011


ဒီပုံက ဆင်တူမို့လို့ ယူထားတာပါ။ ဗီယက်နမ် Sausage တော့ မဟုတ်ပါဘူး။





ဗီယက်နမ် ၀က်ခေါက် (သို့) ၀က်သားချဉ် ဘယ်လိုလုပ်မလည်းလို့ ဆောင်း ကမေးလာပါတယ်။ ကိုယ်က လည်းဝက်သား မစားတာ ကြာနေပြီဆိုတော့ မသိပါဘူး။ ၀က်သားနဲ့ ပတ်သက်တာလည်း မချက်ဖြစ် တော့ဘူး။ ဒါပေမဲ့ သူငယ်ချင်းတယောက်ကို မေးခဲ့ပါတယ်။ သူကလည်း သေချာရှင်းပြခဲ့ပါတယ်။ ဆောင်း မေးတဲ့ ၀က်သားချဉ် ဟုတ်မဟုတ်တော့ မသိပါဘူး။ လုပ်နည်းပြောပြပါ့မယ်။

ဝက်နားရွက် နဲ့ ဗိုက်သား ၁ကီလို
Red Vinegar  1/2 လီတာ
ပဲငံပြာရည်အနှောက် 100gm
ဆား  1 ထမင်းစားဇွန်း
သကြား   100mg
ဂျင်း နုပ်နုပ်စဉ်း 1 လဖက်ရည် ပန်ကန်လုံး
ငရုတ်ကောင်း အစေ့အဖြူ 1 ရေစိမ်ပြီး (ထမင်းစားဇွန်း)

ဝက်နားရွက်ကို ရေသေချာဆေးပြီး ဗိုက်သားနဲ့ ရောပြုပ်။ နူးသွားလျှင် နုပ်နုပ်စဉ်းပါ။ တတ်နိုင်သလောက် နုပ်နုပ်စဉ်းပါ။ ဗီနီဂါ၊ ပဲငံပြာရည်၊ သကြား၊ ဂျင်း၊ ငရုတ်ကောင်းစေ့ (အစေ့လိုက်ထည့်ရန်) အားလုံးနဲ့ ရောပြီး ရေဆူ ခွက်ဝက်ထည့်ပြီး ခပ်ပျစ်ပျစ်လေးဖြစ်အောင် ချက်ရပါ့မယ်။ ရရင် အအေးခံထားပါ။

အ၀ိုင်း Saugage လိုအပြာခပ်ကြီးကြီး လိုချင်ရင်တော့ ရေသန့်ဗူး အသေးကို အပေါ်ပိုင်းဖြတ်လိုက်ပြီး အဲ့ဒီ ထဲကို ချက်ထားတဲ့ ၀က်သားကို သိပ်ထည့်ပြီး အပေါ်ကနေ ပလတ်စတစ်နဲ့ ဖုံးပြီးချည်လိုက်ပါ။ နောက်ရေ ခဲသေတ္တာထဲ ထည့်ထားပါ။ နောက်တနေ့ဆို ပါးပါးလှီးစားလို့ရပါပြီ။ ပုလင်းထဲ မထည့်ချင်လည်း ဗူးတဗူးထဲ ထည့်လို့ရပါတယ်။ ပုလင်းထဲထည့်တာက အ၀ိုင်း အရှည်လေး ဖြစ်ဖို့သာဖြစ်ပါတယ်။

လုပ်နည်းပြောပြတဲ့ သူငယ်ချင်း May Lynn Win ကိုလည်း ကျေးဇူးတင်ပါတယ်။


ခင်မင်စွာဖြင့်
Baby taster


Read more...

ကြက်သားချဉ်

 Monday, January 17, 2011


ငါးချဉ်၊ ပုဇွန်ချဉ်၊ ၀က်သားချဉ်ပဲ ကြားဖူးကြတယ်မှလား။ အခုကြက်သားချဉ်တဲ့ :) ဗီယက်နမ် သူငယ်ချင်း တွေ ၀က်သားချဉ်လုပ်ပြီး အမြဲမေးကြတယ် စားမလားတဲ့ ကြည့်ရတာလည်း လှလှလေး ကြက်သွန်ဖြူနဲ့ ငရုတ်စိမ်းလေးလည်း အပေါ်မှာတင်လို့၊ ကြိမ်းထားလိုက်တယ် တရက်တော့ ကြက်သားနဲ့ လုပ်စားမယ်ပေါ့။ အခုတော့ လုပ်ဖြစ်သွားတယ်။ အစကတော့ အချဉ်တည်ရင် ဗီယက်နမ်က လာတဲ့ အမှုန့် ထည့်နေကျပါ။ ဟို နေ့က သွားဝယ်တော့ မရှိတာနဲ့ ဒီအထုတ်လေးနဲ့ပဲ လုပ်လိုက်တယ်။ တကယ်ဆိုရင်တော့ ချဉ်တာချင်းက တော့ အတူတူပါပဲ။ လုပ်နည်းပြောပါ့မယ်။

ပထမဆုံး ကြက်သား၊ ၀က်သား၊ အမဲသား ကြိုက်ရာကို သုံးပါ။ အကြေဖြစ်ရပါ့မယ်။ အသားတပေါင်ကို အချဉ်မှုန့် တထုတ် ( ကြက်သွန်မိတ်၊ ငရုတ်စိမ်း၊ ဆားနဲ့ အချိုမှုန့်ကြိုက်ရင်ထည့်ပါ )ထည့်ပြီးနယ်ပါ။ ပြီးရင် ဗန်းတခုထဲမှာ နယ်ထားတဲ့ အသားတွေကို ထည့်ပြီး အပေါ်မျက်နှာပြင်ညီအောင်ညှိ၊ လိုချင်တဲ့ အတုံးအရွယ်ဓါးနဲ့ရာပြီး အပေါ်ကနေ ငရုတ်စိမ်း စောင်းစောင်း လှီးထားတာတခုနဲ့ ကြက်သွန်ဖြူတခြမ်းတင် ပလပ်စတစ် အပျော့ လေးနဲ့ ဗန်းကို ပတ်လိုက်ပြီး ရေခဲသေတ္တာမှာ ထည့်ထားလိုက်ပါ။ နောက်နေ့ဆို ချဉ်နေပါပြီ။ ဒါကို ဒီတိုင်း စားကြသလို၊ ကြော်ပြီးလည်း ငရုတ်စိမ်းနဲ့ စားတတ်ကြပါတယ်။



ဒီအထုတ်နဲ့ လုပ်ထားတာပါ။












ကဲဒါလေးတွေကတော့ ကြော်ထားတာပါ စိတ်ရှိ လက်ရှိသာ ပုံတွေ တင်ထားပါတယ်။



ခင်မင်စွာဖြင့်
Baby taster


Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP