စနေနေ့ကထမင်းဝိုင်း(၁၀)
Sunday, November 27, 2011
ဘဲသားကို အရွယ်တော်တုံးရေဆေးပြီး၊ ဆနွင်းနဲ့ ငံပြာရည်နယ်ထားပါတယ်။ ဇီးဖြူသီးကိုပြုပ်၊ အဖန်ရည် တွေ သွန်ပြစ်ပြီး အစေ့ထုတ်ခြေထားပါတယ်။
ဆီအိုတည်၊ ကြက်သွန်နီ၊ဖြူ၊ ဂျင်းနဲ့ငရုပ်သီး အခြောက်တို့ကို ထောင်းပြီးဆီသတ်ပါတယ်။ ကြက်သွန်နီဝါ ရောင်သန်းလာရင်၊ ဆနွင်းနဲ့ အရောင်တင်ထည့်၊ ခရမ်းချဉ်သီး တလုံးပါးပါးလှီးထည့်ပါတယ်။ ခရမ်းချဉ်သီးကြေမှ ဘဲသားထည့်ပြီး အပေါ်ရေတင်းလာရင် ခြေထားတဲ့ ဇီးဖြူသီး၊ ငံပြာရည်၊ အချိုမှုန့် ရေဆူ ထည့်ပြီး ဆက်ချက်ပါတယ်။ ဘဲသားနူးပြီး ဆီပြန်လာရင် ရပါပြီ။
ချဉ်ပေါင်ဟင်းချို
ငါးရံ့ အစပ်ကြော်
ငါးရံ့ အသားလွှာပြီး အတုံးသေးသေးတွေတုံးပါတယ်။ ဆီအိုတည်(များများထည့်ပါတယ်) ဆနွင်းထည့်ပြီး ငါးရံ့တွေကို ကြွပ်လာတဲ့အထိ ကြော်ပြီး ဆယ်ထားပါတယ်။ ဆီနဲနဲမှာ ကြက်သွန်ဖြူထောင်းထည့်ပြီး ဆီသတ်၊ ငံပြာရည်များများ၊ ငရုပ်ခြောက်ကြော်ထောင်း၊ အချိုမှုန့်တို့ကိုထည့်ပြီး ကြော်ပါတယ်။ ပြီးမှ ကြော်ထားတဲ့ ငါးတွေကိုထည့်ပြီး ဆက်ကြော်ပါတယ်။ ငံပြာရည်ခမ်းပြီး ဆီပြန်လာရင်ရပါပြီ။
ကဇွန်းရွက်ကြော်
အာလူးမီဆိုကြော်း)
မီဆို တစခန်းထပါပြီရှင်း) မကုန်သေးလို့ပါး)
အာလူးတွေကို အခွနွါပါးပါးလှီးရေစိမ်ထား။ ဆီနဲနဲထည့်ပြီး ပူလာရင်ကြက်သွန်နီ၊ ဂျင်း၊ ခရမ်းချဉ်သီးကို ဆီသတ်၊ မိဆို ၂ဇွန်းထည့်၊ ပဲငံပြာရည်တဇွန်းထည့်၊ ငရုပ်မှုန့် နဲနဲ(ပါလေကာ)ထည့်ပြီး ရေစိမ်ထားတဲ့ အာလူးထည့်မွှေပြီး အဖုံးအုပ်ထား၊ အာလူးနူးလာရင်၊ နှမ်းဆီ၊ နံနံပင်နဲ့ ကြက်သွန်မိတ်ထည့်၊ ရပါပြီ အာလူးမိဆိုဟင်း။
ခင်မင်စွာဖြင့်
Baby taster
Labels:
မနေ့က ထမင်းဝိုင်း
လက်သဲ ပုံဖော်ရအောင်(၁၂)
Saturday, November 26, 2011
ခုတလော ပို့စ်တွေ ဆက်တိုက်တင်ဖြစ်နေတယ်။ နေမကောင်းတာများတော့ ဘာမှမလုပ်ပဲ အချိန်တွေ ပိုနေတယ် ဒါကြောင့်ပါ။ ကိုယ့်ဘလောဂ့်မှာ တင်ထားသမျှ လက်သဲပုံဖော်နည်းတွေဟာ တချို့ တ၀က်က ကိုယ့်အိုင်ဒီယာပေမဲ့ တချို့ ကိုတော့ Youtube ကနေကြည့်ပြီး ဆိုးထားသလို၊ တချို့ကိုတော့ ဘလောဂ့်ဂါတွေဆီကပါ။ ကိုယ်အရင်ကလည်း ပြောဖူးပါတယ်။ ဘလောဂ့်ဂါတွေက ကိုယ့်ရဲ့ မြင်ဆရာတွေပါလို့း)
ဘေစ့်ကုတ်ဆိုးပြီး ခြောက်သွားရင်၊ အပြာရောင်ကို makeup spongeနဲ့ လက်သဲရဲ့ ၃ပုံ၂ပုံကနေဖွဖွလေး ဖိပေးပါ။ အဲ့လို ဆိုးတဲ့အခါမှာ လက်သဲထိပ်လေးကို လက်သဲအတို၊ အရှည်ပေါ်မူတည်ပြီး နဲနဲချန်ပေးပါ။
ဒီလိုလေးပေါ့း)
အဖြူရောင်နဲ့ နှင်းပွင့်လေး(သို့) ကြယ်လေးတွေ ဖော်ပေးပါ( လက်သဲရှည်ရင် များများဖော်လို့ရပါတယ်။ တိုရင်တော့ နဲနဲပေါ့) ပြီးရင် အဖြူရောင် အစက်လေးတွေ ချပေးပါ။ တောပ့်ကုတ်လေး ဆိုးလိုက်ရင် အရမ်းလှသွားလိမ့်မယ်။ (ကိုယ်တော့ ဒီပုံတွေမှာ မဆိုးထားပါဘူး။ ချွေတာတာပါး)
တကယ်လှတယ် ဆိုးကြည့်ကြပါ။ အရင်က ခြေသည်းမှာ ဆိုးဖူးပါတယ်။
ခင်မင်စွာဖြင့်
Baby taster Read more...
Labels:
အလှအပရေးရာ
ပင်လယ်စာ ကွေ့သယို
Friday, November 25, 2011
ဒီနေ့ မနက်ကတည်းက ဘာမှကို မချက်တာ။ နေ့လည်ရောက်မှ ဗိုက်က ဆာကြပြီ။ ဒါနဲ့ ရေစိမ်ခေါက်ဆွဲ( ကွေ့သယိုဖတ်) ရှိနေတာနဲ့ ငါးဆုပ်ပြား၊ ငါးဆုပ်လုံး၊ ပုဇွန်ငါးဆုပ်လုံး၊ ပုဇွန်၊ တိုဖူးရောပြီး ကွေ့သယို လုပ် ကျွေးလိုက်တယ်။
ကိုယ့်ကတော့ ဘာအစီအစဉ်မှ မရှိပဲ ထချက်စားကြတာဆိုတော့ အရိုးပြုပ်ရည်တော့မရှိဘူးပေါ့နော်။ ပထမဆုံး ရေနွေးတည်၊ နံနံပင်အမြစ်၊ ဂျင်းနဲ့ ကြက်သွန်ဖြူ တို့ကို ထုပြီး ရေနွေးအိုးထဲထည့်၊ သကြားနဲ့ ငံပြာရ်ပါထည့်ပြီး ဆူအောင် တည်ထားလိုက်တယ်။ ပုဇွန်၊ တိုဖူးနဲ့ ငါးဆုပ်လုံးတွေကို ရေဆူထဲ ထည့်ပြုပ်ထားပါတယ်။
ကိုယ်က အမှန်ဆို ဘဲသားကွေ့သယိုကို အကြိုက်ဆုံးပါ။ မရှိတော့လည်း ဒါလေးနဲ့ပဲ ကျေနပ်ရတာပေါ့လေး)
ပင်လယ်စာ ကွေ့သယို
ပုဇွန်၊ တိုဖူး၊ ငါးဆုပ်၊ ပုဇွန်ငါးဆုပ်၊ တရုတ်နံနံတို့ပါ
ဒါက ကွေ့သယိုမှာ ထည့်စားဖို့ ငရုပ်သီး၊ မြေပဲဆံထောင်း၊ ဂေါ်ပီခြောက်၊(ငံငံလေးနဲ့လေ မုံလာခြောက်နဲ့ တူတယ်) ငံပြာရည်၊ ဗီနီကာနဲ့ ငရုပ်သီးစိမ်း စိမ်ထားတာတွေတော့ မလုပ်ဖြစ်ဘူး။ ဒီတိုင်း ထည့်စား လိုက်တယ်။
ခေါက်ဆွဲဖတ်(ကွေ့သယိုအဖတ်)
ခေါက်ဆွဲဖတ်ကို ပြုပ်ပြီး ကြက်သွန်ဖြူ ဆီကျက် တဇွန်းထည့်မွှေထားတာ ပြီးမှ ဟင်းရည်နဲ့ အဆာပလာ တွေထည့်ပါပေါ့
တွေ့လား ဒါတွေထည့်လိုက်တယ်။
ကြိုက်ပွဲး)
ခင်မင်စွာဖြင့်
Baby taster Read more...
Labels:
နံနက်စာ
လက်သဲ ပုံဖော်ရအောင်(၁၁)
ညက Thanksgiving ပါတီရှိတယ်။ ပြန်ရောက်တော့ မိုးတော်တော်ချုပ်နေပြီ။ ခုမနက်နိုးတော့ Black Friday လျော့ဈေးဝယ်ထွက်ဖို့ နောက်ကျသွားတယ်။ ကျေးဇူးရှင်ကို နိုးပြန်တော့ ဟောက်လို့တောင် နေသေး /-: ဒါကြောင့် ဆိုးထားတဲ့လက်သဲလေးတွေ တင်ပေးလိုက်တယ်။ တခါတလေ သူကတယောက်ထဲ သွားပါလားလို့ ပြောတတ်ပါသေးတယ် ဟင့်အင်းကိုယ်က တယောက်ထဲ သွား၊ လာ၊ စားရမှာ ပျင်းလို့ ရှင့်ကို ယူထားတာပါဆိုနေမှလို့ ပြန်ပြောတယ်... ကိုယ်မှားလားဟင်း)?
Base Coat ဆိုးပါ(ကိုယ်ကတော့ ဒီပုံမှာ မဆိုးထားပါ) ပြီးရင် လက်သဲရဲ့ ၃ပုံ ၂ပုံကို ကြိုက်နှစ်သက်ရာ အရောင်ကို makeup spongeနဲ့ ဆိုးလိုက်ပါ(ကိုယ်ကတော့ ငပိရောင်ဆိုးထားတယ်း) ထင်တာပဲ)
ဒီအရောင်က အလက်တွေပါပြီး အရမ်းဆိုလက်စေလို့ မိတ်ကပ်ရောင်ပေါ် ထပ်ပြီး ဆိုးထားတာပါ( မရှိရင်ကြော်သွားပါ)
ဒီရောင်ထက်ဆိုးလိုက်ရင်ကို တော်တော်လှနေပါပြီး)
ဒါပေမဲ့ ကိုယ်က ဒီလိုရှူပ်ရှက်ခတ်နေအောင် ဆိုးချပလိုက်တယ်
အရမ်းကို လွယ်ပြီး လှပါတယ်။
ဒီအရောင်က အပေါ်ဆုံးမှာ သုံးထားတဲ့ အရောင်မဟုတ်ဖူးနော်။ သူ့ထက် အရောင်စိုပြီး ပန်းရောင်ပို များပါတယ်။ (ငပိရောင်မဟုတ်ဖူးလို့ ဆိုလိုချင်တာပါး)
အဖြူနဲ့ အနက် ရောပြီး ဒီလို အစက်ချတယ်
ဒီလိုပဲ ကြိုက်ရင် တောပ့်ကုတ် ဆိုးလိုက်ရင် ရပါပြီ။ ဒါပေမဲ့ ရှူပ်ရှက်ခတ်တာမှ ကြိုက်တဲ့ ကိုယ်က
ဒီလို အစက်တွေထပ်ချလိုက်တယ်။ တချောင်းထဲဆို ကြည့်ရတာ မလှပေမဲ့ လက်ငါးချောင်းစလုံးဆို တော်တော်လှပါတယ်။
ရှူတ်လားဟင်း)
လာပါပြီ ငပိရောင်ထက်ပြီးး)
Wet Wild ကို ထပ်ဆိုးပါတယ်။ သူက အဖြူနဲ့ ငွေမှုံလေးတွေပါပြီး တော်တော်လှလို့ပါ။
Konad M54က လိပ်ပြာနဲ့ ပန်းခိုင်လေးကို ယူပြီး သုံးလိုက်တာပါ။ (မရှိရင် လိပ်ပြာကို ဆွဲပါ။ ကိုယ်တော့က လိပ်ပြာမပြောနဲ့ ၀လုံးတောင် လုံးအောင် မ၀ိုင်းတတ်ဖူးရယ် အသဲနာတဲ့ထဲမှာ အဲ့ဒီ ပန်ချီမဆွဲ တတ်တာ လည်းပါတယ်း)
လိပ်ပြာလေးကို ကျောချင်းကပ်ပေးလိုက်တယ်း)
ပြီးရင် တော့ပ်ကုတ်ဆိုးပါ( ကိုယ်ကတော့ မဆိုးထားပါဘူး )
လှတယ်နော်း)
း)
ခင်မင်စွာဖြင့်
Baby taster
Labels:
အလှအပရေးရာ
နံနက်စာများ(၇)
Wednesday, November 23, 2011
ပူရီးနဲ့ ပဲပြုပ်တွဲစားပါတယ်း) ပဲပြုပ်နည်းကတော့ အရင်က ပလာတာနဲ့ ပဲပြုပ်အကြောင်းရေးဖူးပါတယ်။ အဲ့ဒီနည်းအတိုင်း ပဲပြုပ်လုပ်ထားပါတယ်။ ပိုသွားတာက ဒီတခေါက် ငရုပ်မှုန့်နဲနဲထည့်လို့ အရောင်ပြောင်းသွားတာပါ။ အရင်က ပလာတာနဲ့ ပဲပြုပ်က ဒီမှာပါ နဲ့ ပူရီးကြော်နည်းက ဒီမှာပါ။
ပူရီးနဲ့ ပဲပြုပ် |
ပဲပြုပ်
ဒါက အိမ်မှာ ဘာမှမရှိတုန်း သခွါးသီးနဲ့ မယိုးနစ်ကို ကြက်သွန်မိတ်၊ ငရုပ်သီးစိမ်း၊ သံပုရာသီးနဲ့ ဆားထည့်ပြီး သုပ်ထားတာပါ။ ဘီစကစ်နဲ့ တို့စားပါတယ်။
ဒိန်ချဉ်
ဒါက ဒိန်ချဉ်ပါ။ နို့ကို မိုက်ကရိုဝေဖ့်နဲ့ ၄မိနစ်အပူပေးပြီး နို့ချဉ် ထမင်းစားဇွန်း၁ဇွန်း(သို့) သံပုရာသီး တခြမ်းညစ်ထည့် အဖုံးလုံအောင်ဖုံးပြီး အိုဗင်မှာ တညထားလိုက်ရင်ရပါပြီ။ ကိုယ်ကတော့ သိပ်ချဉ်တာ မကြိုက်လို့ မနက်လုပ်ရင် ညနေလောက်ဆို စားလိုက်တာပါပဲ။
ပူရီးနဲ့ အာလူးဟင်း
စတော်ပဲပြုပ်ထားတာကို အာလူးနဲ့ မဆလာထည့်ချက်တယ်။ ကုလားဟင်းပေါ့ ပြီးတော့ ပူရီးကြော်နဲ့ တွဲစားပါတယ်။
ရခိုင်မုန့်တီသုပ်နဲ့ တိုဖူးကြော်
ရခိုင်မုံတီသုပ်ပါ။ တိုဖူးကြော်နဲ့ ကြက်ဥပြုပ်ပြီးထည့်သုပ်ပါတယ်။ အရင်ကလည်း ရခိုင်မုံ့တီချက်ဖူးပါတယ် ဒီမှာပါ။
ရခိုင်မုန့်တီသုပ်
မုန့်ဟင်းခါး(ပဲကြော်နဲ့ ကြက်ဥပြုပ်နဲ့)
မုန့်ဟင်းခါးကတော့ ခဏခဏ ချက်စားတယ်။ အရင်ကချက်စားထားတာ ဒီမှာပါ
သင်္ဘောသီး၊ ပဲပင်ပေါက်၊ ခေါက်ဆွဲ၊ ကြာဇံ၊ အာလူးပြုပ်၊ ငှက်ပျောအူနဲ့ ပဲပြားကြော်တို့ထည့်ပြီး သုပ်ထားပါ တယ်။
ခင်မင်စွာဖြင့်
Baby taster Read more...
Labels:
နံနက်စာ
Subscribe to:
Posts (Atom)
Powered by Blogger.