Lorem Ipsum

သီးစုံထောပတ်ထမင်း

 Sunday, March 13, 2011


သီးစုံထောပတ်ထမင်း ချက်စားတားတာပါ။ သီးစုံတထုတ် ၀ယ်ထားတာနဲ့ ထောပတ်ထမင်း ချက်ကျွေးမယ် စိတ်ကူးရတယ်။ ပထမဆုံး ဆန်ကိုရေဆေးပြီး ထောပတ်နဲ့ လှော်လိုက်တယ်။ ပြီးမှ ဆားနဲ့ သကြားနဲနဲထည့် ရေဆူထည့်ပါတယ်။ ထမင်းရေခန်းတော့မယ်ဆိုမှ သီးစုံထည့်ပြီး နှပ်ထားလိုက်ပါတယ်။





ထောပတ် ထမင်းနဲ့စားဖို့ ဆိတ်သားဟင်း (Mutton Korma ) ချက်ပါတယ်။ Korma ဆိုတာ ပါကစ္စတန်နိုင်ငံရဲ့ အစ်နေ့မှာ မပါမဖြစ်တဲ့ ဟင်းတမျိုးဖြစ်ပါတယ်။ ပထမဆုံး ဆိတ်သားကို အရွယ်တော် တုံးထားပါတယ်။ ပြီးမှ ကြက်သွန်နီ ပါးပါးလှီးပြီး ကြော်ပါတယ်။ ကြက်သွန်နီကြွပ်ရွလာရင် တ၀က်ဖယ်ထား ပြီးဆိတ်သားတွေကို ထည့်ကြော်ပါတယ်။ ဆိတ်သားကြော် အရောင်လေးလှလာရင် ဂျင်းနဲ့ ကြက်သွန်ဖြူ ထောင်းထည့်၊  Kormaမဆလာ တထုတ်ထည့်၊ နို့ချဉ် လ္ဖက်ရည်ကြမ်း ၂ပန်ကန်လုံးထည့်၊ ဆားနဲ့ အချိုမှုန့် အနည်းငယ်ထည့်၊ ရေဆူ အသားမြုပ်အောင်ထည့်ပြီး အသားနူးတဲ့ အထိချက်ပါတယ်။ နောက်ဆုံးမှ ကြက်သွန်ကြော်တ၀က်ကို ခြေပြီးထည့်ပါတယ်။ ဒါဆိုရင် ဆိတ်သားဟင်းရပါပြီ။





ကီဝီသီး ၀ယ်လာတာ ကိုယ်က အချဉ်စားလို့ မရတာနဲ့ မထူးပါဘူး သုပ်ကျွေးလိုက်မှ လို့ စိတ်ကူးရပါတယ်။ ဒါနဲ့ ကီဝီသီးသုပ် ဖြစ်လာပါတယ်။ ကီဝီသီးကို အခွံခွါ ရေဆေး ပါးပါးလှီး၊ ကြက်သွန်နီ၊ ငရုတ်စိမ်း၊ နံနံပင်တို့ ကို ပါးပါးလှီးထည့်၊ ပဲမှုန့်၊ အချိုမှုန့်၊ ပုဇွန်ခြောက်မှုန့်ထည့်၊ ပုဇွန်ခြောက် ငါးပိထောင်းနဲနဲ၊ ငံပြာရည်၊ ကြက် သွန်ဖြူ ဆီကျက်ထည့်ပြီး နယ်လိုက်ပါတယ်။ ကီဝီသီးသုပ် ရပါပြီ။





ငါးသလဲထိုး သေးသေးလေးတွေကို ဆား၊ ဆနွင်းနယ်ပြီး ဆီများများနဲ့ ကြော်ပါတယ်။ ကြွပ်ရွလာရင် ဆီ စစ်ထားပြီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်၊ ငရုတ်ခြောက်( ဆီနဲ့ကြော်ပြီး ထောင်းထားတာပါ) ထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး ငါးကြော်လေးတွေ ထည့်ရော လိုက်ပါတယ်။ ငါးကြော်စပ်စပ်လေးပေါ့။





ဒါက စလပ်ရွက် ကျန်တာလေး အပြီးသတ်ချင်လို့ ပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီး၊ နှမ်းလှော်နဲ့ နှမ်းဆီထည့် ငံပြာရည်ထည့်ပြီး ကိုယ်တိုင်စားရတာပေါ့။ (တခြားတွေ ကြည့်ပြီး မစားရတော့ ဒါလေးနဲ့ တင်းတိမ်ရတာပေါ့း( )





ဒါက သတ်သတ်လွတ် Hot Dog ကို မုံညှင်းရွက်နဲ့ ဟင်းချိုလုပ်ပြီး ကိုယ်တိုင်စားပါတယ်။ ဂျင်းပါးပါးလွှာ၊ ကြက်သွန်ဖြူ ဓါးပြာရိုက်၊ ပုဇွန်ခြောက် နဲနဲ၊ ကြက်သားမှုန့်နဲနဲ ထည့် ရေဆူမှ အသားတုထည့်၊ ကျက် လောက်ရင် မုံညှင်းခပ်ပြီး စားလို့ရပါပြီ။ အခုက ခရီးထွက်နေတော့ အိပ်လို့မပျော်ဘူး။ ဒါကြောင့် ပို့စ်တင် ပါတယ်း)











ခင်မင်စွာဖြင့်
Baby taster





Read more...

သစ်တိုသီးပုဇွန်ငပိချက်နဲ့ မုံညှင်းထုပ်ဟင်းချို

 Tuesday, March 08, 2011

နေမကောင်းလို့ အသစ်တွေ မတင်နိုင်ခဲ့ပေမဲ့ သတိတရ လာရောက် သတင်းမေး ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

သစ်သိုသီးနဲ့ ပုဇွနငပိကျက် ချက်ထားတာပါ။ ပုဇွန်က ခေါင်းပါမှ ကောင်းတယ်ဆိုလို့ ဒီတခါ ခေါင်းပါတာဝယ်ခဲ့တယ်။ ပုဇွန်ကိုနှုတ်သီးတွေ ညှပ်ပြီး ရေဆေးထားပါတယ်။ သစ်သိုသီးကိုလည်း အခွံနွှာပါးပါးလှီးထား၊ ကြက်သွန်နီ၊ဖြူ ဂျင်း၊ ငရုတ်သီးခြောက်တို့ကို ထောင်းပြီးဆီသတ်။ ကြက်သွန် နီဝါရောင်သန်းလာရင် ဆနွင်းနဲ့ အရောင်တင်မှုန့် နဲနဲထည့်၊ သစ်သိုသီးထည့် အဖုံးခဏအုပ်ထား။ သစ်တိုသီးနူးအိလာရင်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့် ပုဇွန်တွေထည့် ငရုတ်သီးစိမ်းနဲ့ နဲနဲပင်လေးအုပ်ပြီး စားလို့ရပါပြီ။












ပုဇွန်ငပိချက်ဆိုတော့ ဒီလို ဟင်းရည်လေးနဲ့ ကျွေးလိုက်တယ်။ ကိုယ်နေမကောင်းတော့ ဒီလို အရည်တွေပဲ သောက်လာတာ တော်တော်ကြာလှပေါ့။

ရေနွေးပွက်ပွက်ဆူထဲကို ကြက်သားမှုန့်တဇွန်းနဲ့ ကြက်သွန်ဖြူ ၂မွှာဓါးပြားရိုက်ထည့်တယ်။ ကြက်ဥဖောက် ထည့်၊ (မမွှေပဲထည့်ပါတယ်) ပုဇွန်ငါးဆုပ်လုံးတွေထည့်၊ နောက်ပိတ် မုန့်ညှင်းထုပ်ထည့် လိုက်တယ် ရပါပြီ အရည်သောက်း)




ခင်မင်စွာဖြင့်
Baby taster




Read more...

ခေါက်ဆွဲများ

 Sunday, February 20, 2011

နေမကောင်းဖြစ်နေလို့ ပုံတွေ တင်နိုင်အုံးမယ်မထင်ဘူး။ ဆရာဝန်ညွန်ကြားချက်အရ ကျန်းမာရေးကြောင့် ခဏလောက်တော့ နားပါ့မယ်။ မကြာခဏတော့ တင်ပါ့မယ်။ အခုလည်း စားတာလေးတွေ တင်ပေးထား ပါတယ်။


ထိုင်းခေါက်ဆွဲပါ။ မုံညှင်းရွက်နဲ့ ဖက်ထုတ်လေးတွေ ထည့်ရောင်းတယ်။ ၀က်သားကင်ထည့်ပေးသလို ငါးဆုပ်လုံးတွေလည်း ထည့်ပေးတယ်။ စားလို့အရမ်း ကောင်းတယ်ပြောရမယ်။ မြန်မာခေါက်ဆွဲတွေလို ဆီတွေမများဘူးပေါ့။ အရိုးတမျိုးမျိုးပြုပ်ပြီး ငါးဆုပ်၊ ဖက်ထုပ်၊ ကြက်သားပြုပ်ထည့်၊ မုံညှင်းရွက်ထည့်၊ အချဉ်အတွက်၊ ဗီနီကာနဲ့ ငရုတ်သီးစိမ်ထားတာ ထည့်ကြသလို (ငရုတ်သီးနဲ့ ဗီနီကာ ကြိတ်ပြီးလည်း ထည့်ကျပါတယ်) ကြက်သွန်ဖြူဆီကျက်၊ ငရုတ်သီးအကြမ်းမှုန့်၊ မြေပဲလှော်ထောင်း၊ သကြာနဲ့ ငံပြာရည်ရှိ ရင်ရပါပြီ။



ကိုယ်ကတော့ ကြက်သားပြုတ်ရယ်၊ တိုဖူးနဲ့ ကြက်သားလုံးရယ်၊ ငါးဆုပ် ၂မျိုးရယ်၊ ကြက်သားဖက်ထုပ်ရယ်၊ ငါးမှုန့်ခြောက်ကြော် ထည့်စားပါတယ်။




ညနေတော့ ဆီကျက်ပုံဆံလေး အခြောက်ပဲ စားလိုက်တယ်။ ကြာညို့ပဲ ပိုထည့်ပြီးစားပါတယ်။





အမဲခြေထောက် စတူးလုပ်တုန်းက ခေါက်ဆွဲဖတ်ပြုတ်ပြီး ရေားစားပါတယ်။




ခင်မင်စွာဖြင့်
Baby taster




Read more...

ငါးဟင်းနဲ့ သစ်တိုသီး ငါးပိကျက်

 Wednesday, February 16, 2011

သစ်တိုသီး ငပိကျက်ချက်တယ်။ ပထမဆုံး သစ်တိုသီးတွေကို ပါးပါးလှီးပြီ ဗင်နီကာ နဲနဲထည့် စိမ်ထားတယ်။ ကြက်သွန်နီ၊ဖြူ၊ ငရုတ်သီးခြောက်တို့ကို ထောင်းပြီးဆီသတ်၊ စိမ်းစားငါပိနဲနဲ ရေဖျော်ထည့်၊ ပုဇွန်ခြောက် အကောင်လိုက်ရေစိမ်ပြီထည့်၊ အချိုမှုန့်နဲ့ ငံပြာရည်ထည့်၊ ပြီးမှ သစ်တိုသီးထည့်၊ သစ်တိုသီးတွေ နူးအိ လာပြီး ဆီပြန်လာရင် ရပါပြီ။









Salmon ကို တခါမှမချက်စားဖူးဘူး။ ပေါင်းစားလိုက်၊ ကင်စားလိုက် ပြုတ်စားလိုက်ပဲ။ ဒီတခါတော့ ထူးခြား သွားအောင် ဆီပြန်ချက်လိုက်တယ်။ သူ့ကိုလည်း ကြက်သွန်နီ၊ဖြူ၊ ဂျင်း စပါးလင်၊ ငရုတ်ခြောက်ထောင်းပြီး ဆီသတ်တယ်။ ဆနွင်းမှုန့်နဲ့ အရောင်တင်မှုန့်ထည့်၊ ခရမ်းချဉ်သီး ပါးပါးလှီးထည့်၊ ငံပြာရည်နဲ့ အချိုမှုန့် ထည့်ပြီး ခရမ်းချဉ်သီးတွေကြေရင် ငါးထည့်၊ ရေဆူနဲနဲထည့် ဆီပြန်လာရင် နံနံပင် အုပ်ပြီးရင်ရပါပြီ။



ခင်မင်စွာဖြင့်
Baby taster


Read more...

အမဲပုဆိုးကြမ်းသုပ်နဲ့ ကိုက်လန်ရွက်ကြော်

 Monday, February 14, 2011



အမဲပုဆိုးကြမ်းလို့ ခေါ်တယ်ထင်တာပဲလေ။ အူတွေ ထုတ်ရမှာ ပျင်းတာနဲ့ ထုတ်ထားပြီးသား ဒါကိုပဲ ပြုတ်ပြီး သုပ်လိုက်တယ်။ ပထမဆုံး သန့်စင်ပြီးသား ပုဆိုးကြမ်းနဲ့ ပတဲကော လက်တဆစ်စာလောက်ကို ထုပြီရော ပြုတ်ပါတယ်။ ဆနွင်းမှုန့်ပါ နဲနဲ့ထည့်ပြုပ်ပါတယ်။ ပုဆိုးကြမ်းနူးရင်၊ အအေးခံပြီး ပါးပါးလှီး၊ ကြက်သွန်နီ၊ င ရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ရှောက်ရွက်တို့ကို ပါးပါးလှီးပြီးထည့်၊ ငံပြာရည်၊ အချိုမှုန့်၊ သံပုရာသီးနဲ့ ငရုတ်သီး မှုန့်ထည့်ပြီး နယ်ပါတယ်။ ငရုတ်ဆီ လုပ်ထားပြီသား နဲနဲထည့်လိုက်တော့ အသုပ်က အရည်တွေပါ ဆီလို အ ရောင် ဖြစ်သွားတယ် တတ်နိုင်ဘူးကွယ် :) ပုဆိုးကြမ်းပြုတ်တဲ့အခါ အရည်များများ ထည့်လိုက်တယ်။ အ သုပ်ထဲမှာ အရည် ရွဲရွဲလေး စားချင်လို့ :)









ဘေဘီ ကိုက်လန်ကြော်တယ် :) ကိုက်လန်ကို အရွယ်တော်ဖြတ်ပြီး ရေဆေးထားတယ်။ ဆီအိုးတည် ဆီပူ လာရင် ကြက်သွန်ဖြူ ပါးပါးလှီးထည့်ကြော်၊ ကြက်သွန်ဖြူ ရွှေဝါရောင်လေးရလာရင် ဆယ်ထား၊။ ကျန်တဲ့ ဆီမှာ ခရမ်းချဉ်သီး တလုံးပါးပါးလှီးထည့်၊ ရေဆေးထားတဲ့ ကိုက်လန်ထည့်၊ ပဲငံပြာရည် အကြည်၊ အချိုမှုန့်၊ မှိုဆီတို့ ထည့်ပြီး ၃မိနစ် အဖုံးအုပ်ကြော်ပါတယ်။ အပေါ်ကနေ ကြက်သွန်ဖြူကြော်ဖြူးလိုက်တယ်။ သက် သတ်လွတ် အစိမ်းကြော်ရပါပြီ။













ခင်မင်စွာဖြင့်
Baby taster

Read more...

အမဲသာကုလာပဲချက်နဲ့ Pancake

 Saturday, February 12, 2011


အိမ်မှာ သူငယ်ချင်းတယောက်လာလည်တော့ ဘာကျွေးရမှန်းမသိဘူး။ အမြန်ဆုံးနဲ့ အလွယ်ဆုံးစဉ်းစား လိုက်တော့ ဒီလို Pancakeလုပ်စားဖို့ အကြံရလာတယ်။ အမဲသားချက်ရှိတယ် ဒါနဲ့ စားမလားဆိုတော့ မ ချောက ပဲနဲ့စားချင်တာတဲ့။ အင်းပါလေ သူကချဉ်ခြင်းတတဲ့ အချိန်ဆိုတော့ ချက်ကျွေးလိုက်တယ်။ မတော် ကလေးက သရေတမြန်းမြန်းနဲ့ ထွက်လာရင် ဒွတ်ခပေါ့။

ကုလာပဲကို ရေစိမ်ချိန်မရတော့ Pressure Cooker ထဲထည့်ပြီး ပြုတ်လိုက်တယ်။ ပြီးမှ အမဲသားဟင်းထည့်၊ ဆားနဲနဲထည့်၊ သရက်သီးစိမ်း ပါးပါးလှီးထည့်ပြီး ချဉ်စပ်လေးချက်တယ် (သူကဒါမျိုးစားချင်တာလေ) အမဲသားချက်နည်းကတော့ ဆိတ်သားဟင်းလို ချက်ထားတာပါ။ ဆိတ်သားဟင်းက ဒီမှာပါ။

Pancakeလားဆိုတော့ မဟုတ်ဘူ။ တိုရှည်လားဆိုတော့ကလည်း မဟုတ်ဘူ။ ကုလားတွေကတော့ ဒါမျိုးကို လည်း တိုရှည်လို့ပဲ ခေါ်ကြပါတယ်။ နို့တော့မထည့်ကြဘူးပေါ့။

ဆန်မှုန့် 1/2 ခွက်
ဂျူံမှုန့်   1/2 ခွက်
ပဲမှုန့်     1ဇွန်း (ထမင်းစားဇွန်း)
ကြက်ဥ   1 လုံး
နို့          1/2 ခွက်
ရေ        1/2 ခွက်
ဆား     အနည်းငယ်
နံနံပင် အနည်းငယ် တို့ကို ရေမွှေလိုက်ပါတယ်။ ပြီးမှ ဒယ်ပြားပူလာရင် ဆီနဲနဲသုတ် မုန့်နှစ်ထည့် ပြန့် သွားအောင် ဒယ်ပြားကိုလှည့်ပေး။ အပေါ်ဖက်မျက်နှာပြင်ကို ဆီနဲနဲအစက်ချပေး။ နောက်တဖက်လှန် ၂မိနစ်ဆို တချပ်ရပါပြီ။







တဖက်မျက်နှာစာက ဒီလိုမျိုးဖြစ်နေတယ် :)


နောက်တဖက်က ဒါမျိုးလေးဖြစ်နေပါတယ်။











ခင်မင်စွာဖြင့်
Baby taster

Read more...

အမဲခြေထောက် Stew

အမဲခြေထောက်Stew ချက်တယ်။ မစားဖြစ်တာလည်း ကြာနေပြီမို့ အရမ်းစားလို့ကောင်းနေတယ်။ ထမင်းပူ ပူလေးနဲ့စားတယ်။ နောက်နေ့ ခေါက်ဆွဲနဲ့စားတယ်း) ကိုယ့်မေမေ အမြဲပြောတဲ့ စကားတခွန်းရှိတယ်။ မ ကောင်းတာဆို တို့တောင်မတို့ဘူး။ ကောင်းတာဆို ပန်ကန်တောင်မချန်ဘူးတဲ့ :P အဲ့ဒါကိုယ်ပေါ့။


လိုအပ်တာတွေကတော့

အမဲခြေထောက် (သို့) ၀က်ခြေထောက် (သန့်စင်ပြီး)
ဆီ (အနည်းငယ်)
ဂျင်း (လက်နှစ်ဆစ် ပါးပါးလွှာ)
ကြက်သွန်ဖြူ (အမွှာလိုက် ၁၀မွှာ)
သစ်ဂျပွေးခေါက် (၁လက်မ အရွယ်တချောင်း)
နာနတ်ပွင့် (တပွင့်)
ငရုတ်ကောင်းအဖြူ (အစေ့လိုက် ၁၅စေ့)
Chinese Five Spice Powder (အနည်းငယ်)
ပဲငံပြာရည်အကြည်၊ အနှောက် (ထမင်းစားဇွန်း ၆ဇွန်း)
သကြား( ထမင်းစားဇွန်း ၁ဇွန်း)
နံနံပင်အမြစ် (၃ခု)
ငံပြာရည်(ခန့်မှန်း)
ကိုက်လန်ရွက်


ဒယ်အိုးထဲ ဆီနဲနဲထည့်ပြီး သစ်ဂျပွေးခေါက်၊နာနတ်ပွင့်နဲ့ နံနံပင်အမြစ်ထုထည့်ပြီး ဆီသတ်ပါတယ်။ ပြီးမှ သကြားထည့်၊ သကြားပျော်ရင် အမဲခြေထောက်တွေထည့်ပြီး အနည်းငယ်ကြော်ပါတယ်။ အရောင်လေး လှလာရင်၊ ဂျင်း၊ ကြက်သွန်ဖြူ(အမွှာလိုက်) အရုတ်ကောင်းစေ့၊ ငံပြာရည်၊ ပဲငံပြာရည် အကြည်အနှောက်၊ 5Spice Powderတွေထည့်၊ ရေဆူမြုပ်အောင်ထည့်ပြီ၊ အဖုံးလုံအောင်ဖုံးပြီးတည်ထား။ အရည်ခမ်းပြီး မနူး သေးရင် ရေဆူထပ်ထည့်တည်ထား။ မိနစ်၃၀ မီးပြင်းပြင်းနဲ့ ချက်ပြီး၊ နောက်ထပ် မိနစ်၃၀ မီးငွေ့ငွေ့လေးနဲ့ တည်ထားရင် နူးပါပြီ။ စားခါနီး ကိုက်လန်ရွက် အပေါ်ကနေထည့်၊ ၂မိနစ်ဆိုရပါပြီ။

အချဉ်ရည်အတွက်

ဗင်နီကာ
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ငံပြာရည်
နံနံပင်
အချိုမှုန့် အားလုံးကိုရောပြီး ကြိတ်လိုက်ပါတယ်။



နောက်တခါ အရည်များများထည့်ပြီး ရိုက်ရမယ်ဆိုတာ နားလည်သွားတယ်း) ပုံက စိုစိုပြေပြေလေးမဖြစ်ဘူ

















ဒီပုံကို ဂူဂဲလ်က ယူထားပါတယ်

ပုလင်းနဲ့ ၀ယ်ရခက်နေရင်၊ 5 Spice Powder မှာ ဒါတွေပါပါတယ်။  ဇီရာ၊ သစ်ဂျပွေးခေါက်၊ ငရုတ်ကောင်း စေ့၊ နာနတ်ပွင့်တို့ကို ရောပြီး အမှုန့်ကြိတ်လိုက်ပါ။


ခင်မင်စွာဖြင့်
Baby taster



Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP